အစိုးရဘဏ္ဍာအလွဲသုံးမှုအတွက် လူ ၈၀၀၀ ကျော်အား တရုတ်က အပြစ်ပေး

အစိုးရဘဏ္ဍာအလွဲသုံးမှုအတွက် လူ ၈၀၀၀ ကျော်အား တရုတ်က အပြစ်ပေး
Published 24 December 2017

တရုတ်အစိုးရ၏ ၂၀၁၆ ခုနှစ် ဗဟိုဘတ်ဂျက်သုံးစွဲမှုတွင် ပြဿနာမျိုးစုံရှိခဲ့ကြောင်း စာရင်းစစ်အဖွဲ့က ထုတ်ဖော်ခဲ့ပြီးနောက် ဘဏ္ဍာရေးစည်းမျဉ်းများချိုးဖောက်မှုအတွက် လူ ၈၁၂၃ ဦးအား အပြစ်ပေးခဲ့သည်ဟု အစိုးရသတင်းအေဂျင်စီဆင်ဟွာက ဖော်ပြခဲ့သည်။

ဒီဇင်ဘာ ၂၃ ရက်တွင် ဥပဒေပြုအမတ်များအား အကျဉ်းချုပ်အစီရင်ခံစဉ် ယင်းကဲ့သို့ စည်းမျဉ်းချိုးဖောက်မှုရှိခဲ့ကြောင်း အမျိုးသားစာရင်းစစ်ရုံးဥက္ကဋ္ဌ ဟူကျဲကျန်း က ပြောကြားခဲ့ခြင်းဖြစ်သည်။ အစိုးရဘဏ္ဍာများအား မမှန်မကန်သုံးခြင်း သို့မဟုတ် အလွဲသုံးစားခြင်းတို့အပါအဝင် အာဏာရ ကွန်မြူနစ်ပါတီတွင်း နက်ရှိုင်းစွာအမြစ်တွယ်နေသော အကျင့်ပျက်ခြစားမှုများကို တိုက်ဖျက်သည့် ကျယ်ပြန့်သောအစီအစဉ်တွင်  တာဝန်ရှိသူ ၁ ဒသမ ၃ သန်းကျော် အပြစ်ပေးခံခဲ့ရပြီး ဖြစ်သည်။ ကျေးလက်ဒေသများတွင် ၂၀၂၀ ပြည့်နှစ်မတိုင်မီ ဆင်းရဲမွဲတေမှု ပပျောက်ရေး အစီအစဉ်အတွက် ရည်ရွယ်ထားသော ရန်ပုံငွေများအား အလွဲသုံးစားပြုမှုအတွက် လူ ၉၇၀ အား အပြစ်ပေးခဲ့ကြောင်း ဟူက ပြောကြားခဲ့သည်။ နောက်ထပ်လူ ၁၃၆၃ ဦးမှာ လက်လှမ်းမီနိုင်သောအိမ်ရာများ ထောက်ပံ့ရန် ရည်ရွယ်သည့်ရန်ပုံငွေများအား သုံးစွဲမှုတွင် မမှန်မကန်ဆောင်ရွက်ခဲ့ကြောင်း ဟူက ပြောကြားခဲ့သည်။

 

 

 

Most Read

Most Recent