အာကာသယာဉ်မှူးသုံးဦး အပြည်ပြည်ဆိုင်ရာ အာကာသစခန်းသို့ ဆင်းသက်ရောက်ရှိ

အာကာသယာဉ်မှူးသုံးဦး အပြည်ပြည်ဆိုင်ရာ အာကာသစခန်းသို့ ဆင်းသက်ရောက်ရှိ
Published 20 December 2017

ဒီဇင်ဘာ ၁၇ ရက်က ကာဇက်စတန်ရှိ ရုရှားအာကာသယာဉ် လွှတ်တင်ရေး စခန်းတွင် အာကာသယာဉ်မှူး သုံးဦးအား အာကာသသို့ မထွက်ခွာမီ တွေ့ရစဉ် (Photo : AFP)

အမေရိကန်၊ ဂျပန်နှင့် ရုရှား အာကာသယာဉ်မှူးတို့ ပါဝင်သည့် သုံးဦးအဖွဲ့သည် ဒီဇင်ဘာ ၁၉ ရက်က အပြည်ပြည်ဆိုင်ရာ အာကာသစခန်းသို့ အောင်မြင်စွာ ဆင်းသက်ရောက်ရှိခဲ့ကြောင်း သိရသည်။ နာဆာ၏ အာကာသယာဉ်မှူး စကော့တင်းဂဲ၊ ရုရှားအာကာသယာဉ်မှူး အန်တန်ရှခါပလာရော့နှင့် ဂျပန်အာကာသယာဉ်မှူး နိုရီရှီဂေကာနာအိတို့သည် နှစ်ရက်ကြာ ပျံသန်းခဲ့ပြီးနောက် ခြောက်လမစ်ရှင်ကို ဒီဇင်ဘာ ၁၉ ရက်တွင် စတင်ထမ်းဆောင်ခဲ့ကြသည်။

အာကာသယာဉ်မှူး သုံးဦးဆိုက်ရောက်ချိန်တွင် အပြည်ပြည်ဆိုင်ရာ အာကာသစခန်းသည် အီတလီဝေဟင်၏ အထက်မိုင် ၂၅၀ အကျော်တွင် ရှိနေခဲ့သည်ဟု နာဆာက ပြောကြားခဲ့သည်။

တင်းဂဲ ၅၂ နှစ်နှင့် ကာနာအိ ၄၀ နှစ်တို့သည် အာကာသအတွင်းသို့ ပထမဆုံးပျံသန်း သည့် အာကာသ ယာဉ်မှူးများဖြစ်ပြီး ဆိုယု ဒုံးပျံ MS-07 ကို ဦးဆောင်မောင်းနှင်ခဲ့သော ရှခါပလာရော့သည် အတွေ့အကြုံရှိ အာကာသယာဉ်မှူးဖြစ်သည်။ အသက် ၄၃ နှစ် အရွယ် ရှခါပလာရော့သည် ရုရှားစစ်တပ် လေယာဉ်မှူးဖြစ်ပြီး အာကာသတွင်းသို့ မစ်ရှင်နှစ်ကြိမ် သွားရောက်ခဲ့ဖူးသူဖြစ်သည်။

ကာနာအိသည် ဂျပန်အာကာသအေဂျင်စီ သမိုင်းတွင် အသက်အငယ်ဆုံးသော အာကာသယာဉ်မှူးဖြစ်ပြီး အာကာသစခန်းသို့သွားရန် အရည်အချင်း ပြည့်မီသည်ဟု ၂၀၁၁ ခုနှစ်က သတ်မှတ်ခံထားရသော ဂျပန်အာကာသယာဉ်မှူး သုံးဦးအနက် နောက်ဆုံးတစ်ဦးဖြစ်သည်။

Ref : AFP

Most Read

Most Recent