ဆွေးနွေးပွဲသို့ ပြန်လာခွင့်ရရန်အတွက် မြောက်ကိုရီးယားက ကြိုးပမ်းသင့်ကြောင်း တေလာဆင် ပြောကြား

ဆွေးနွေးပွဲသို့ ပြန်လာခွင့်ရရန်အတွက် မြောက်ကိုရီးယားက ကြိုးပမ်းသင့်ကြောင်း တေလာဆင် ပြောကြား
Published 17 December 2017

ဒီဇင်ဘာ ၁၅ ရက်က နယူူးယောက်တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဝန်ကြီးများအဆင့် ဆွေးနွေးပွဲ၌ မြောက်ကိုရီးယားအရေး ဆွေးနွေးနေစဉ်

ပြုံယမ်းနှင့် လိပ်ခဲတည်းလည်းအခြေအနေအား အဆုံးသတ်နိုင်ရန်အတွက် ကြိုတင်ပြဋ္ဌာန်းချက်များ မထားဘဲ ဆွေးနွေးပွဲ ပြန်လည်စတင်နိုင်ကြောင်း အစောပိုင်းကမ်းလှမ်းမှုကို ပြန်လည်ရုပ်သိမ်းလျက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်တေလာဆင်က မြောက်ကိုရီးယားအနေဖြင့် ဆွေးနွေးပွဲသို့ ပြန်လာခွင့်ရရန်အတွက် ကြိုးပမ်းသင့်ကြောင်း ဒီဇင်ဘာ ၁၅ ရက်တွင် ကုလသမဂ္ဂ၌ ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ အိမ်ဖြူတော်က ၎င်း၏ရပ်တည်ချက်အား ပို၍တင်းကျပ်ရန် ဖိအားပေးခံခဲ့ရဖွယ်ရှိပြီးနောက် တေလာဆင်က မြောက်ကိုရီးယားအနေဖြင့် ဆွေးနွေးပွဲများမစတင်မီ ၎င်းတို့၏ ခြိမ်းခြောက်သည့် အပြုအမူများအား အစဉ်မပြတ် ရပ်ဆိုင်းထားရန်လိုအပ်ကြောင်း လုံခြုံရေးကောင်စီသို့ ပြောကြားခဲ့သည်။

ယခုသီတင်းပတ် အစောပိုင်းတွင် ဝါရှင်တန်ရှိ မူဝါဒဖိုရမ်တစ်ခု၌ တေလာဆင်က အမေရိကန်သည် မြောက်ကိုရီးယား၏နျူကလီးယားစီမံကိန်းများ အဆုံးသတ်နိုင်ရေး ညှိနှိုင်းဆွေးနွေးရန်အတွက် သံတမန်ရေးရာ တံခါးဖွင့်ထားကြောင်း ပြောကြားလျက် ကြိုတင်ပြဋ္ဌာန်းချက်များမထားဘဲ ဆွေးနွေးပွဲများကို ပထမဆုံးအကြိမ် ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။ တေလာဆင်၏ယင်းမှတ်ချက်များ ထွက်ပေါ်ခဲ့ပြီးနောက် အိမ်ဖြူတော်က အမေရိကန်၏ မြောက်ကိုရီးယားဆိုင်ရာ မူဝါဒ အပြောင်းအလဲမရှိကြောင်း အခိုင်အမာ ထုတ်ပြန်ခဲ့ရာ ထရန့်နှင့် ၎င်း၏ ထိပ်တန်း သံတမန်အကြား သဘောကွဲလွဲနေကြောင်း သတင်းများ ထပ်မံထွက်ပေါ်စေခဲ့သည်။

ကုလသမဂ္ဂတွင်မူ တေလာဆင်က ပိုမိုတင်းမာသော လမ်းကြောင်းကို ချပြခဲ့သည်။ မြောက်ကိုရီးယားအား ဖိအားပေးမှုသည် နျူ ကလီးယားကင်းစင်ရေး ရည်မှန်းချက်ပြည့်မီသည့်အချိန်အထိ ဆက်လက်လုပ်ဆောင် သင့်ပြီး ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ အခိုက်အတန့်တွင် ၎င်းတို့၏ ဆက်သွယ်ရေးလမ်းကြောင်းများအား ဆက်လက်ဖွင့်ထားမည်ဖြစ်ကြောင်း တေလာဆင်က ပြောကြားခဲ့သည်။ မြောက်ကိုရီးယားနှင့် စစ်ပွဲဖြစ်ပွားရန် ကြိုးပမ်းခြင်း မရှိသလို ဆန္ဒလည်း မရှိကြောင်း တေလာဆင်က အကြိမ်ကြိမ်ပြောကြားခဲ့သည်။ အမေရိကန်သည် မြောက်ကိုရီးယား၏ရန်စမှုများအား ကာကွယ်ရန် လိုအပ်သောအရေးယူဆောင်ရွက်မှုများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ၎င်းက ပြောကြားခဲ့သည်။

တရုတ်ကုမ္ပဏီအချို့ပါဝင်သည့် မြောက်ကိုရီးယားအား ထပ်တိုး ပိတ်ဆို့အရေးယူမှု စာရင်းကို ကြေညာခဲ့သော ဂျပန်ကဦးစီးသည့် လုံခြုံရေးကောင်စီဆွေးနွေးပွဲသို့ ကုလသမဂ္ဂဆိုင်ရာ မြောက်ကိုရီးယားသံအမတ်ကြီး ဂျာဆောင်နမ်က ရှားရှားပါးပါးတက်ရောက်ခဲ့သည်။ ၎င်းတို့နိုင်ငံ၏ မယုံကြည်နိုင်လောက်သော အင်အားကို အမေရိကန်က ထိတ်လန့်နေပြီး နျူကလီးယားလက်နက်များသည် မြောက်ကိုရီးယားက ကိုယ့်ကိုယ် ကိုယ်ကာကွယ်ရေးအတွက် လိုအပ်သည်ဟု ရှုမြင်မှုကို ဂျာက ထပ်မံအတည်ပြုခဲ့သည်။ မြောက်ကိုရီးယားသည် တာဝန်ယူမှု ရှိသော နျူကလီးယားပိုင်ဆိုင်သည့်နိုင်ငံဖြစ်ပြီး ငြိမ်းချမ်းရေးမြတ်နိုးကြောင်း ၎င်းက ပြောကြားခဲ့သည်။

 

 

Most Read

Most Recent