ရခိုင်ပြည်နယ်၌ အကြမ်းဖက်မှုများဖြစ်ပွားသည့် ပထမလတွင် ဘင်္ဂါလီမွတ်စလင် ၆,၇၀၀ သေဆုံးခဲ့သည်ဟု နယ်စည်းမခြား ဆရာဝန်များအဖွဲ့က ပြောကြား

ရခိုင်ပြည်နယ်၌ အကြမ်းဖက်မှုများဖြစ်ပွားသည့် ပထမလတွင် ဘင်္ဂါလီမွတ်စလင် ၆,၇၀၀ သေဆုံးခဲ့သည်ဟု နယ်စည်းမခြား ဆရာဝန်များအဖွဲ့က ပြောကြား
Published 15 December 2017

နိုဝင်ဘာ ၁၅ ရက်က ဘင်္ဂလားဒေ့ရှ်ရှိ သန်ခါလီဒုက္ခသည်စခန်းအား ရိုက်ကူးထားသော ဓာတ်ပုံ (Photo - AFP)

သြဂုတ်လအနှောင်းပိုင်းတွင် ရခိုင်ပြည်နယ်၌ စတင်သည့် မြန်မာတပ်မတော်၏ အကြမ်းဖက်သမားများအပေါ် စစ်ဆင်ရေး၏ ပထမလအတွင်း ဘင်္ဂါလီမွတ်စလင် ၆,၇၀၀  ထက်မနည်း သေဆုံးခဲ့သည်ဟု နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF) က ဒီဇင် ဘာ ၁၄ ရက်တွင် ပြောကြားခဲ့သည်။

ယင်းသည် သြဂုတ် ၂၅ ရက်တွင် အကြမ်းဖက်မှုများ စတင်ဖြစ်ပေါ်ပြီးနောက်ပိုင်း ယခုအထိ ခန့်မှန်းခဲ့သည့် အမြင့်ဆုံးသေဆုံး မှုပမာဏဖြစ်ပြီး သုံးလတာ အချိန်ကာလအတွင်း ဘင်္ဂါလီမွတ်စလင်ပေါင်း ၆၂၀,၀၀၀ ကျော် မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးရမှုနှင့်အတူ ကြီးမားလှသည့် ဒုက္ခသည် အကျပ်အတည်းကို ဖြစ်စေခဲ့သည်။

ကုလသမဂ္ဂနှင့် အမေရိကန်တို့က မြန်မာတပ်မတော်၏ စစ်ဆင်ရေးကို လူနည်းစု ဘင်္ဂါလီမွတ်စလင်များအပေါ် လူမျိုးစုလိုက် သုတ်သင်မှုဟု ခေါ်ဆိုခဲ့ကြသော်လည်း သေဆုံးသူအရေအတွက်အား အထူးပြု ထုတ်ပြန်ခဲ့ခြင်း မရှိပေ။

“ကွန်ဆာဗေးတစ်အဖြစ်ဆုံး ခန့်မှန်းတွက်ချက်မှုတွေအရ ငါးနှစ်အောက် ကလေးငယ် ၇၃၀ ထက်မနည်း အပါအဝင် ရိုဟင်ဂျာ ပေါင်း ၆၇၀၀ ထက်မနည်း သတ်ဖြတ်ခံခဲ့ရတယ်လို့ ခန့်မှန်းပါတယ်” ဟု MSF က ဒီဇင်ဘာ ၁၄ ရက်တွင် ပြောကြားခဲ့သည်။

MSF ၏တွေ့ရှိချက်များသည် ဒုက္ခသည် စခန်းများရှိ လူပေါင်း ၁၁,၄၂၆ ဦးထက်မနည်းကို စစ်တမ်းကောက်ယူမှုပေါင်း ခြောက်ခုထက်မနည်း ပြုလုပ်ရာမှ ထွက်ပေါ်လာခြင်းဖြစ်ပြီး အကြမ်းဖက်မှုများ စတင်ဖြစ်ပွားပြီးနောက် ပထမတစ်လအတွင်းအတွက် ခန့်မှန်းချက် ဖြစ်သည်။

“ကျွန်တော်တို့က ဘင်္ဂလားဒေ့ရှ်က ကျပ်ညပ်နေပြီး သန့်ရှင်းမှုမရှိတဲ့ စခန်းတွေမှာ နေထိုင်နေရတဲ့ မြန်မာနိုင်ငံက အကြမ်းဖက်မှုတွေကနေ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ လူတွေနဲ့တွေ့ဆုံပြီး စကားပြောခဲ့တာပါ” ဟု MSF မှ ဆေးပညာဆိုင်ရာ ညွှန်ကြားရေးမှူး ဆစ်ဒနီဝေါင်က ပြောကြားခဲ့သည်။

“ကျွန်တော်တို့ ဖော်ထုတ်ခဲ့တာတော့ အကြမ်းဖက်မှုကြောင့် မိသားစုဝင်တစ်ဦးဦး သေဆုံးခဲ့တယ်လို့ အစီရင်ခံတဲ့ လူအရေအတွက်နဲ့ သူတို့အသတ်ခံရ ဒါမှမဟုတ်ဒဏ်ရာ ပြင်းပြင်းထန်ထန်ရခဲ့တဲ့ ကြောက်မက်ဖွယ် နည်းလမ်းတွေအကြောင်းပါပဲ” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

ကျည်ဆန်များ၊ မုဒိမ်းကျင့်မှုများအပြင် ရာနှင့်ချီသော ရွာများကို ပြာပုံအတိဖြစ်သွားစေသည့် မီးရှို့မှုများဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုး လူရမ်းကားများက ၎င်းတို့အား နေအိမ်များမှ မောင်းထုတ်ခဲ့ကြပုံအကြောင်းများကို ဒုက္ခသည်များက အဆက်မပြတ် ပြောပြခဲ့ကြသည်။

ယခုလအစောပိုင်းတွင် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ဇိရာအက်အယ်ဟူစိန်က တပ်မတော်က ဦးဆောင်သော စစ်ဆင်ရေးသည် လူမျိုးတုံးသတ်ဖြတ်မှု မြောက်ဖွယ်ရှိကြောင်း ပြောကြားခဲ့သည်။

ယခု MSF၏ လေ့လာချက်သည် ကြောက်မက်ဖွယ်ရာများအတွင်းသို့ အရေအတွက် တစ်ရပ်ကို ထည့်သွင်းလိုက်ခြင်း ဖြစ်သည်။ ၎င်းတို့၏ လေ့လာချက်၌ သေဆုံးမှု အားလုံး၏ ၆၉ ရာခိုင်နှုန်းသည် သေနတ်ဒဏ်ရာကြောင့်ဖြစ်သည်ဟု ဆိုသည်။

Ref ; AFP

Most Read

Most Recent