တိုယိုတာက လျှပ်စစ်စွမ်းအင်သုံးကားများကို အဓိကမြှင့်တင်ရန် မျှော်မှန်း

တိုယိုတာက လျှပ်စစ်စွမ်းအင်သုံးကားများကို အဓိကမြှင့်တင်ရန် မျှော်မှန်း
Published 15 December 2017

ဖေဖော်ဝါရီ ၁၅ ရက်က တိုကျိုတွင် တိုယိုတာက ဒီဇိုင်းပြန်လည်ပြင်ဆင်ထားသည့် Prius PHV ကားအား မိတ်ဆက်နေစဉ် (Photo - AFP)

ကားထုတ်လုပ်သည့် လုပ်ငန်းက တင်းကျပ်သော သဘာဝပတ်ဝန်းကျင်စည်းမျဉ်းများနှင့် ကိုက်ညီရန် ကြိုးပမ်းနေစဉ် ဂျပန်ဧရာမ ကားကုမ္ပဏီတိုယိုတာက ၂၀၃၀ ပြည့်နှစ်မတိုင်မီ ၎င်း၏ ကမ္ဘာလုံးဆိုင်ရာ ကားရောင်းချမှု၏ ထက်ဝက်ခန့်ကို လျှပ်စစ်စွမ်းအင်သုံးကားများမှ ရရှိချင်သည်ဟု ဒီဇင်ဘာ ၁၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။ လက်ရှိတွင် လျှစ်စစ်စွမ်းအင်သုံးကားများသည် တိုယိုတာ၏ နှစ်စဉ်ရောင်းချရသည့် ကားစီးရေ ၁၀ သန်းခန့်၏ ၁၅ ရာခိုင်နှုန်းသာရှိပြီး အများဆုံးမှာ၎င်း၏ ရောင်းအားအကောင်းဆုံးဖြစ်သည့် Prius ကဲ့သို့သော စွမ်းအင်ရောသုံးကားများ ဖြစ်သည်။

“၂၀၃၀ မတိုင်မီမှာ တိုယိုတာရဲ့ စုစုပေါင်းကားရောင်းချမှုရဲ့ ရာခိုင်နှုန်း ၅၀ ဒါမှ မဟုတ် ရာခိုင်နှုန်း ၅၀ ကျော်ကို စွမ်းအင်ရောသုံးကား EV နဲ့ FCV (လောင်စာဆဲလ်ကား) လိုမျိုး လျှပ်စစ်စွမ်းအင်သုံး ကားတွေရောင်း ချမှုကနေရဖို့ ရည်မှန်းထားတယ်” ဟု တိုယိုတာကုမ္ပဏီ၏ဥက္ကဋ္ဌ အာခီအိုတိုယိုတာက ပြောကြားခဲ့သည်။ ၂၀၃၀ ပြည့်နှစ်မတိုင်မီ လျှပ်စစ်စွမ်းအင်သုံးကားစီးရေ စုစုပေါင်း ၅ ဒသမ ၅ သန်းခန့်ရောင်းချရန် ရည်မှန်းထားကြောင်း တိုယိုတာက ပြောကြားခဲ့သည်။

ကားစီးရေ ၄ ဒသမ ၅ သန်းကို ဓာတ်ဆီ-လျှပ်စစ်နှစ်မျိုးစပ်နှင့် စွမ်းအင်ရောသုံးကားများ၊ ကားစီးရေတစ်သန်းကို လျှပ်စစ်စွမ်းအင်သုံးကားများနှင့် ဟိုက်ဒရိုဂျင် စွမ်းအင်သုံးလောင်စာ ဆဲလ်ကားများ ရောင်းချမှုမှ ရရှိရန် ရည်မှန်းထားသည်ဟု တိုယိုတာ၏ စီအီးအိုက ပြောကြားခဲ့သည်။

Photo; AFP

Most Read

Most Recent