ကယ်လီဖိုးနီးယားတောမီး တောင်ဘက်သို့ပျံ့နှံ့စဉ် လေပြင်းများကြောင့် ပိုမိုအားကောင်းစေခဲ့

ကယ်လီဖိုးနီးယားတောမီး တောင်ဘက်သို့ပျံ့နှံ့စဉ် လေပြင်းများကြောင့် ပိုမိုအားကောင်းစေခဲ့
Published 10 December 2017

လူထောင်ပေါင်းများစွာကို လော့စ်အင်ဂျလိစ်ဒေသသို့ ထွက်ပြေးစေခဲ့ရပြီး ဆန်ဒီယာဂိုသို့ နီးကပ်လာနေသော ကယ်လီဖိုးနီးယား တောမီးများအား ငြှိမ်းသတ်နိုင်ရန် ထောင်ပေါင်းများစွာသော မီးသတ်သမားများက ဒီဇင်ဘာ ၉ ရက်တွင် ခက်ခက်ခဲခဲ ကြိုးပမ်းနေရသည်။ နေရာခြောက်ခုတွင် ပျံ့နှံ့နေသော ယင်းတောမီးများကြောင့် ဒေါ်လာသန်းနှင့်ချီ တန်ဖိုးရှိသည့် အိမ်ကြီးများအပြင် အဆောက်အအုံ ၇၀၀ နီးပါး လောင်ကျွမ်းပျက်စီးခဲ့ပြီး ဖြစ်ကြောင်း၊ သေဆုံးသူ တစ်ဦးရှိကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ဒီဇင်ဘာ ၄ ရက်နှောင်းပိုင်းတွင် ဗင်တူရာ ကောင်တီ၌ စတင်လောင်ကျွမ်းခဲ့သော  Thomas ဟုခေါ်သော တောမီးသည် ဧက ၁၄၃၀၀၀ တွင် ဆိုးဆိုးရွားရွား ပျက်စီးစေခဲ့ ပြီးဖြစ်သည်။ လေပြင်းတိုက်ခတ်မှု တစ်နာရီလျှင် မိုင် ၆၀ အထိ ရှိခဲ့သော ရာသီအလိုက် တိုက်ခတ်သည့် ဆန်တာအန်နာလေပြင်းများ  ဒီဇင်ဘာ ၈ ရက်တွင် တိုက်ခတ်မှုကြောင့် မီးတောက်များကို ပိုမိုတောက်လောင်စေပြီး အလွန်အမင်းအန္တရာယ်ကြီးသည့် အနေအထားကို ကျရောက်စေခဲ့သည်။ စိုထိုင်းမှု အားနည်းမည်ဟု မျှော်လင့်ထားသောကြောင့် အနီရောင် တပ်လှန့်မှုကို ယခုသီတင်းပတ်ကုန်ရက်များအထိ တိုးမြှင့်ခဲ့သည်။

မြင်းအကောင် ၅၀၀ ခန့်အား ထားရှိထားသော ဘွန်ဆယ်မြို့ရှိ ဆန်လူးဝစ်ရေး လေ့ကျင့်ရေးစင်တာရှိ မြင်းဇောင်းရှစ်ခုကို မီးလောင်ခဲ့ပြီးနောက် ပြိုင်မြင်းအကောင် နှစ်ဒါဇင်ကျော် သေဆုံးခဲ့ရကြောင်း၊ မီးလောင်မှုသည် အလွန်လျင်မြန်ပြီး မြင်းဇောင်းအားလုံး၏ ၇၅ ရာခိုင်နှုန်းသည် လောင်ကျွမ်းခဲ့ပြီးဖြစ်ကြောင်း ကယ်လီဖိုးနီးယားမြင်းပြိုင်ပွဲ ဘုတ်အဖွဲ့က ထုတ်ပြန်ခဲ့သည်။

Most Read

Most Recent