မြန်မာနိုင်ငံ၌ လူမျိုးတုံးသတ်ဖြတ်မှုနှင့် ပတ်သက်၍ ဖြစ်နိုင်ဖွယ်အရိပ် လက္ခဏာများ ရှိနိုင်သည်ဟု ကုလသမဂ္ဂ လူ့အခွင့်အရေး အကြီးအကဲ ပြောကြား

မြန်မာနိုင်ငံ၌ လူမျိုးတုံးသတ်ဖြတ်မှုနှင့် ပတ်သက်၍ ဖြစ်နိုင်ဖွယ်အရိပ် လက္ခဏာများ ရှိနိုင်သည်ဟု ကုလသမဂ္ဂ လူ့အခွင့်အရေး အကြီးအကဲ ပြောကြား
Published 6 December 2017

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲက လနှင့်ချီကြာသော ကာလအတွင်း လူနည်းစုမွတ်စလင် ၆၂၀,၀၀၀ ခန့်အား ထွက်ပြေးသွားစေခဲ့ရသည့် မြန်မာနိုင်ငံ၏ ဘင်္ဂါလီမွတ်စလင်များ (မူရင်း၌ ရိုဟင်ဂျာဟု ဖော်ပြ) အပေါ် ကျူးလွန်ခဲ့မှုများနှင့် ပတ်သက်၍ လူမျိုးတုံး သတ်ဖြတ်မှု၏ အရိပ်လက္ခဏာများ ရှိနိုင်ကြောင်း ဒီဇင်ဘာ ၅ ရက်တွင် သတိပေးလိုက်သည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ ရာအက်အယ်ဟူစိန်က ကျည်ဆန်များကို ကြုံသလို ပစ်ခတ်ခြင်း၊ ဗုံးများကို အသုံးပြုခြင်း၊ အနီးကပ်ပစ်သတ်ခြင်း၊ ဓားဖြင့်ထိုးခြင်း၊ သေသည်အထိ ရိုက်နှက်ခြင်းနှင့် မိသားစုများ အထဲ၌ရှိနေစဉ် အိမ်များကို မီးရှို့ခြင်း အစရှိသော နည်းလမ်းများဖြင့် သတ်ဖြတ်ခဲ့သည်ဟု စွပ်စွဲချက်များ အပါအဝင် ဘင်္ဂါလီမွတ်စလင်များအပေါ် ကျူးလွန်ခဲ့မှု အချက်အလက်များကို စာရင်းချပြခဲ့သည်။

ယင်း နောက် ၎င်းကကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီအား “ဒါတွေအားလုံးကို ပေးလိုက်ရင် တစ်စုံတစ်ဦး အနေနဲ့ လူမျိုးတုံးသတ်ဖြတ်မှု အရိပ်လက္ခဏာတွေ ရှိနိုင်တယ် ဆိုတာကို ပယ်ချနိုင်ပါ့မလား” ဟု မေးခွန်းထုတ်ခဲ့သည်။

Ref : AFP

Most Read

Most Recent