အမေရိကန်၏ မည်သည့်နေရာမဆို ပစ်ခတ်နိုင်သည့် တိုက်ချင်းပစ် ဒုံးသစ်အား စမ်းသပ်ပစ်လွှတ်ခဲ့ဟု မြောက်ကိုရီးယားကြေညာ

အမေရိကန်၏ မည်သည့်နေရာမဆို ပစ်ခတ်နိုင်သည့် တိုက်ချင်းပစ် ဒုံးသစ်အား စမ်းသပ်ပစ်လွှတ်ခဲ့ဟု မြောက်ကိုရီးယားကြေညာ
Published 29 November 2017

Photo: AFP

မြောက်ကိုရီးယားသည်  နျူကလီးယား လက်နက်ပိုင်ဆိုင်သည့် နိုင်ငံတစ်နိုင်ငံ အပြည့်အဝဖြစ်သွားပြီဟု နိုဝင်ဘာ ၂၉ ရက်တွင် ခေါင်းဆောင်ကင်ဂျုံအွန်က ကြေညာခဲ့သည်။ အမေရိကန်ပြည်ထောင်စု၏ မည်သည့်နေရာကိုမဆို ပစ်ခတ်နိုင်စွမ်းရှိသော ဒုံးကျည်သစ်တစ်မျိုးကို မြောက်ကိုရီးယားက အောင်မြင်စွာစမ်းသပ်နိုင်ခဲ့ပြီးနောက် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

မြောက်ကိုရီးယားသည် နှစ်လကြာငြိမ်နေခဲ့ပြီးနောက် ယခုတိုက်ချင်းပစ် ဒုံးကျည်သစ် (ICBM) ကို ရုတ်တရက်စမ်းသပ်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါစမ်းသပ်မှုသည် အမေရိကန်သမ္မတဒေါ်နယ်ထရန့်အတွက် စိန်ခေါ်မှုအသစ်တစ်ခုဖြစ်လာခဲ့ပြီး ထရန့်ကမူ ယင်းကဲ့သို့ စွမ်းဆောင်ရည်မျိုး ရှိလာမည် မဟုတ်ဟု ကတိပြုခဲ့သည်။

နိုဝင်ဘာ ၂၉ ရက်က စမ်းသပ်ခဲ့သည့် Hwasong - 15 တိုက်ချင်းပစ်ဒုံးကျည်သည် မည်သည့်ယခင်ဒုံးကျည်ထက်မဆို ပို၍ အဆင့်မြင့်သည်ဟု မြောက်ကိုရီးယားနိုင်ငံပိုင် မီဒီယာက ကြေညာခဲ့သည်။

ထိုဒုံးကျည်သည် အာကာသထဲအထိ ရောက်ရှိသွားသဖြင့် ကီလိုမီတာ ၁၃၀၀၀အ ထိ ပစ်ခတ်နိုင်သော အကွာအဝေးရှိနိုင် သည်ဟု ယူဆရကြောင်း ပြောကြားသည့် အနောက်တိုင်းမှ ကျွမ်းကျင်သူတစ်ဦးထက်မနည်း ရှိသည်။

Most Read

Most Recent