အီဗင်ကာထရန့် ခရီးစဉ်အတွက် အိန္ဒိယတွင် လုံခြုံရေးတိုးမြှင့်ကာ တောင်းရမ်းသူများကို ရှင်းလင်း

အီဗင်ကာထရန့် ခရီးစဉ်အတွက် အိန္ဒိယတွင် လုံခြုံရေးတိုးမြှင့်ကာ တောင်းရမ်းသူများကို ရှင်းလင်း
Published 28 November 2017

နိုဝင်ဘာ ၈ ရက်က ဟိုက်ဒရာဘတ်မြို့တွင် တောင်းရမ်းသူများအား ခိုလှုံစရာနေရာတစ်ခု၌ ရွှေ့ပြောင်းထားရှိစဉ် (Photo: AFP)

အီဗင်ကာထရန့်သည် ၎င်းဖခင်သမ္မတဖြစ်ပြီးနောက်ပိုင်း အကြီးဆုံးနိုင်ငံခြားခရီးစဉ်အဖြစ် အိန္ဒိယသို့လာမည်ဖြစ်သဖြင့် အိန္ဒိယအာဏာပိုင်များသည် လမ်းများပေါ်ရှိ ရာနှင့်ချီသော တောင်းရမ်းသူများကို ရှင်းလင်းပြီး လုံခြုံရေးအင်အား ၁၀၀၀၀ ကို ထပ်မံချထားကြောင်း သိရသည်။

ဟိုင်ဒရာဘတ်၌ ကျင်းပ ပြုလုပ်မည့်သုံးရက်ကြာ ကမ္ဘာ့စီးပွားရေးစွမ်းဆောင်ရှင်များ ထိပ်သီးအစည်းအဝေး အဖွင့်နေ့ဖြစ်သော နိုဝင်ဘာ ၂၈ ရက်၌ သမ္မတ ဒေါ်နယ်ထရန့်၏ အကြီးဆုံးသမီး အီဗင်ကာသည် အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီနှင့် အတူ အဓိကပြောကြားသူတစ်ဦးအဖြစ် ပါဝင်မည်ဖြစ်သည်။

နိုင်ငံတောင်ပိုင်းမြို့ ဟိုင်ဒရာဘတ်သည် Google, Facebook  နှင့် Amazon တို့၏ အိန္ဒိယဆိုင်ရာ ရုံးများစိုက်သည့်နေရာဖြစ်သည်။ အိမ်ဖြူတော်အကြံပေးဖြစ်သူ အသက် ၃၆ နှစ်အရွယ် အီဗင်ကာထရန့်သည် စီးပွားရေးတွင် အမျိုးသမီးများ လုပ်ပိုင်ခွင့်နှင့်ပတ်သက်၍ အလေးပေး ပြောကြားသွားမည်ဖြစ်သည်။

ထို့ပြင် အီဗင်ကာသည် အမေရိကန်နှင့် အိန္ဒိယတို့ကြားမှ မြင့်တက်လာသော ဆက်ဆံရေးကိုလည်း သိသာထင်ရှားလာစေရန် လုပ်ဆောင်မည် ဖြစ်သည်။ ထို့ကြောင့် အိမ်ရှင် အိန္ဒိယမှာ မည်သည့်အန္တရာယ်မျှ မဖြစ်ပေါ်စေရန် ကြိုးပမ်းနေကြခြင်းဖြစ်သည်။

အီဗင်ကာထရန့်သည် ၎င်း၏ကိုယ်ပိုင်ကျည်ကာယာဉ်ဖြင့် သွားလာမည်ဖြစ်ပြီး အမေရိကန်လျှို့ဝှက်လုံခြုံရေးများကလည်း အနီးကပ်စောင့်ရှောက်ကြမည်ဖြစ်သည်။

Most Read

Most Recent