ဘင်္ဂါလီမွတ်စလင်များ ပလတ်စတစ်ဖောင်ဖြင့် ထွက်ပြေးနေ

ဘင်္ဂါလီမွတ်စလင်များ ပလတ်စတစ်ဖောင်ဖြင့် ထွက်ပြေးနေ
Published 9 November 2017

ဘင်္ဂါလီမွတ်စလင် ဒုက္ခသည်ဒါဇင်များစွာသည် ဘင်္ဂလားဒေ့ရှ်သို့ သွားရန်အတွက် ပလတ်စတစ်ရေပုံးများဖြင့် လုပ်ထားသောဖောင်များ သုံးစွဲခဲ့ကြကြောင်း ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူများက ပြောကြားခဲ့ကြသည်။ ဘင်္ဂလားဒေ့ရှ် ကမ်းရိုးတန်းရွာ ရှားပိုရီရာဒီဝတ်သို့ မျောလာသော ပလတ်စတစ်ဖောင် တစ်ခုကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့များက နိုဝင်ဘာ ၈ ရက်တွင် တွေ့ရှိခဲ့ပြီး ယင်းဖောင်တွင် လူ ၅၀ ကျော် လိုက်ပါခဲ့ ကြောင်း ဒေသခံနယ်ခြားစောင့်တပ်မှူး အက်စ်အမ်အာရီဖူးအစ္စလာမ်က ပြောကြားခဲ့သည်။

ဘင်္ဂါလီမွတ်စလင်များသည် နတ်မြစ်ကို ဖြတ်ကျော်ရန်အတွက် ပလတ်စလစ်ရေဗူးများကို  ဖောင်လုပ်ခဲ့ကြကြောင်း ၎င်းက ပြောကြားခဲ့ကြသည်။ အန္တရာယ်ကြီးသော ရေလမ်းခရီးကို ပလတ်စတစ်ရေဗူးများဖြင့် လုပ်ထားသည့် ဖောင်ဖြင့် ဖြတ်ကူးခြင်းကြောင့် သေဆုံးမှုများ ဖြစ်စေကြောင်း ဒေသခံရဲအရာရှိ အဗ္ဗဒူဂျက်ဘာက ပြောကြားခဲ့သည်။ ဘင်္ဂလားဒေ့ရှ် လှေသမားများက ငွေကြေးအဆမတန်တောင်းမှုကြောင့် ဘင်္ဂါလီမွတ်စလင်မိသားစုများသည် ငွေပေးရန် မတတ်နိုင်ကြကြောင်း ဒုက္ခသည်တစ်ဦးက ပြောကြားခဲ့သည်။

Most Read

Most Recent