မလေးရှားတွင် ဒေါ်လာတစ်သန်းနီးပါး တန်ဖိုးရှိသည့် ရှားပါးတိရစ္ဆာန်အစိတ်အပိုင်းများကို သိမ်းဆည်းမိ

မလေးရှားတွင် ဒေါ်လာတစ်သန်းနီးပါး တန်ဖိုးရှိသည့် ရှားပါးတိရစ္ဆာန်အစိတ်အပိုင်းများကို သိမ်းဆည်းမိ
Published 2 August 2017

သြဂုတ် ၂ ရက်က ကွာလာလမ်ပူအပြင်ဘက်ရှိ ဆီပန်တွင် ဖမ်းဆီးမိခဲ့သော ဆင်စွယ်နှင့် သင်းခွေချပ်ကြေးခွံများကို ပြသထားစဉ်

မလေးရှားတွင် အာဖရိကမှပို့လိုက်သည့် ဒေါ်လာတစ်သန်းနီးပါးတန်ဖိုးရှိသော ဆင်စွယ်များနှင့် သင်းခွေချပ်အကြေးခွံများကို သိမ်းဆည်းမိခဲ့ကြောင်း အစိုးရက သြဂုတ် ၂ ရက်တွင် ပြောကြားခဲ့သည်။ ယင်းဖြစ်စဉ်ကြောင့် မလေးရှားသည် ရှားပါးတိရစ္ဆာန်များ၏ ကိုယ်အင်္ဂါအစိတ်အပိုင်းများ၏ မှောင်ခိုကူးရာတွင် ဗဟိုချက်ဖြစ်နေသည်ကို ပိုမိုထင်ရှားစေခဲ့သည်။

ကွာလာလမ်ပူ၏ အဓိက အပြည်ပြည်ဆိုင်ရာလေဆိပ်ကြီး၏ ကုန်ဝင်ပေါက်အား ဇူလိုင် ၃၀ ရက်က ဝင်ရောက်ဖမ်းဆီးမှုနှစ် ကြိမ်ပြုလုပ်ခဲ့စဉ် ထိုတရားမဝင်ကုန်များကို သိမ်းဆည်းခဲ့ခြင်းဖြစ်သည်ဟု အကောက်ခွန်အရာရှိများက ပြောကြားခဲ့သည်။ ပထမ ဝင်စီးမှုအတွင်း အာဏာပိုင်များသည် ၇၅ ဒသမ ၇ ကီလိုဂရမ် (၁၆၇ ပေါင်) လေးသော ဆင်စွယ် ၂၃ ခုကို တွေ့ရှိ ခဲ့ပြီး ယင်းတို့၏ကာလပေါက်ဈေးသည် ရင်းဂစ် ၂၇၅၀၀၀ (ဒေါ်လာ ၆၄၁၅၀) ရှိကြောင်း သိရသည်။ ထိုဆင်စွယ်များကို သေတ္တာနှစ်လုံးထဲတွင် ထည့်ကာ စားသောက်ကုန်ဟု အမည်တပ်ပြီး နိုင်ဂျီးရီးယားမှ ပို့လိုက်ခြင်းဖြစ်ကြောင်း အကြီးတန်းအကောက်ခွန် အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

ဒုတိယဖမ်းဆီးမှုအတွင်း ရင်းဂစ် ၃ ဒသမ ၈၆ သန်း (ဒေါ်လာ၉၀၀၅၀၀) တန်ဖိုးရှိပြီး  ၃၀၀ ဒသမ ၉ ကီလို (၆၆၃ ပေါင်) အလေးချိန်ရှိသည့် သင်းခွေချပ်အကြေးခွံ များထည့်ထားသော အိတ်ခြောက်အိတ်ကို သိမ်းဆည်းမိခဲ့သည်။ ယင်းတို့ကို ကွန်ဂိုသမ္မတနိုင်ငံမှ ပို့လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent