ဘင်္ဂလားဒေ့ရှ်ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် မူဟာမက်ယူနုစ်က ဒေါ်အောင်ဆန်းစုကြည်ကို ရာနှုန်းပြည့် အပြစ်တင်သင့်သည်ဟု ပြောကြား

ဘင်္ဂလားဒေ့ရှ်ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် မူဟာမက်ယူနုစ်က ဒေါ်အောင်ဆန်းစုကြည်ကို ရာနှုန်းပြည့် အပြစ်တင်သင့်သည်ဟု ပြောကြား
Published 23 October 2017

ဘင်္ဂလားဒေ့ရှ်မှ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် နှင့် ဘောဂဗေဒပညာရှင် မူဟာမက်ယူနုစ်

မြန်မာနိုင်ငံအတွင်း၌ ဖြစ်ပွားနေသည့်  ဘင်္ဂါလီများ (မူရင်းတွင် ရိုဟင်ဂျာဟု ဖော်ပြ) အပေါ် အကြမ်းဖက်မှုဖြစ်စဉ်များနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်တွင် အပြစ်ရှိသည်ဟု နိုဘယ်ငြိမ်းချမ်းရေးဆုရှင် မူဟာမက်ယူနုစ်က ပြောကြားခဲ့သည်။

ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်အသစ်အရ မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသည့် ဘင်္ဂါလီဦးရေ ၅၈၉,၀၀၀ ကျော်သွားပြီဖြစ်ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်မှ နိုဘယ်ငြိမ်းချမ်းရေးဆုရှင်ဖြစ်ပြီး ဘောဂဗေဒပညာရှင်လည်းဖြစ်သည့် မူဟာမက်ယူနုစ်က အဆိုပါဘင်္ဂါလီအရေးနှင့် ပတ်သက်၍ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်နှင့် မြန်မာနိုင်ငံ၏ခေါင်းဆောင်ဟု ယူဆခံထားရသူ ဒေါ်အောင်ဆန်းစုကြည်အ ပေါ် အပြစ်ပုံခဲ့သည်။ “သူဟာ ခေါင်းဆောင် ဖြစ်တဲ့အတွက် ကျွန်တော့်အနေနဲ့ သူ့အပေါ်ကို ရာနှုန်းပြည့် အပြစ်တင်ပါတယ်”ဟု ယူနုစ်က ပြောကြားခဲ့သည်။

အမှန်တကယ် အာဏာချုပ်ကိုင်ထားသည်မှာ မြန်မာတပ်မတော်သာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်တွင် အာဏာမရှိသည့် အခြေအနေမျိုးဖြစ်နေပါက မည်သို့ပြောမည်နည်းဟု မေးမြန်းခဲ့ရာတွင် “ဒါဆိုရင်လည်း သူအနေနဲ့ နုတ်ထွက်လိုက်သင့်တာပေါ့”ဟု ယူနုစ်က ပြန်လည်ဖြေကြားခဲ့သည်။

“သူဟာ နုတ်အားဖြင့် စစ်တပ်ကို ကာကွယ်ပေးရုံတင်မကပါဘူး၊ ဒီလူတွေ ဘာကြောင့် ထွက်ပြေးရတယ်ဆိုတာ ကျွန်မ မသိဘူး။ ကျွန်မတို့ဆီမှာ ရက်စက်ကြမ်းကြုတ်မှုတွေ မရှိဘူး။ အမှန်တကယ် ကျွန်မတို့ကိုတိုက်ခိုက်နေတာ Arakanese တွေဖြစ်တယ်လို့လည်း ပြောခဲ့ပါတယ်”ဟု ၎င်းက ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်တွင် တာဝန်ရှိကာ အခြေအနေများအား ပြုပြင်ပေးသင့်သည်ဟုလည်း ပြောကြားခဲ့သည်။

အသက် ၇၇ နှစ်အရွယ် မူဟာမက်ယူနုစ် သည် ဘင်္ဂလားဒေ့ရှ်မှ စီးပွားရေးစွမ်းဆောင်ရှင်၊ ဘောဂဗေဒပညာရှင်တစ်ဦးဖြစ်သည်။ ယူနုစ်သည် အသေးစားချေးငွေနှင့် အသေးစားငွေကြေးဆိုင်ရာ အယူအဆများကို စွန့်ဦးထုတ်ဖော်ခဲ့မှု၊ Grameen ဘဏ်အား တည်ထောင်ခဲ့မှုတို့အတွက် ၂၀၀၆ ခုနှစ်က နိုဘယ် ငြိမ်းချမ်းရေးဆုကို ရရှိခဲ့သည်။ ထိုအသေးစား ချေးငွေများသည် ဘဏ်မှငွေချေးရန် စည်းမျဉ်းနှင့် မကိုက်ညီသော အလွန်ဆင်းရဲပြီး စီးပွားရေးလုပ်ကိုင်လိုသူများကို ချေးပေးခြင်း ဖြစ်သည်။

၎င်းသည် လက်ရှိတွင် World of Three Zeros; Th New Economics of Zero Proverty, Zero Unemployment and Zero Net Carbon Emission ဟုအမည်ပေးထားသည့် စာအုပ်သစ်တစ်အုပ်ကို ထုတ်ထားသည်။ ယူနုစ်သည် စစ်တကောင်းရှိ ဘင်္ဂါလီ မွတ်စလင်မိသားစုမှ ပေါက်ဖွားလာသူတစ်ဦးလည်းဖြစ်သည်။

Most Read

Most Recent