မြန်မာနိုင်ငံသည် ဘင်္ဂါလီမွတ်စလင်များကို ရက်စက်ကြမ်းကြုတ်မှုမှ အကာအကွယ်ပေးရန် ပျက်ကွက်ခဲ့သည်ဟု ကုလသမဂ္ဂ ပြောကြား

မြန်မာနိုင်ငံသည် ဘင်္ဂါလီမွတ်စလင်များကို ရက်စက်ကြမ်းကြုတ်မှုမှ အကာအကွယ်ပေးရန် ပျက်ကွက်ခဲ့သည်ဟု ကုလသမဂ္ဂ ပြောကြား
Published 20 October 2017

မြန်မာနှင့်နယ်စပ်အနီး ဘင်္ဂလားဒေ့ရှ်၏ အူခီရာမြို့မှ ဒုက္ခသည်စခန်းကို အောက်တိုဘာ ၁၇ ရက်က စောင့်ကြပ်နေသည့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်လုံခြုံရေး တစ်ဦး (REF ; AFP)

မြန်မာအစိုးရသည် နိုင်ငံတကာ တာဝန်ဝတ္တရားများကို စောင့်ထိန်းရန်လည်းကောင်း ရခိုင်ပြည်နယ်တွင် ဖြ စ်ပွားသော ရက်စက်ကြမ်းကြုတ်မှုများမှနေ၍ ဘင်္ဂါလီ (မူရင်း၌ ရိုဟင်ဂျာဟု ဖော်ပြ) မွတ်စလင်များကို ကာကွယ်စောင့်ရှောက်ပေးရန်လည်းကောင်း ပျက်ကွက်ခဲ့သည်ဟု ကုလသမဂ္ဂ အထူးအကြံပေးပုဂ္ဂိုလ်နှစ်ဦးက အောက်တိုဘာ ၁၈ ရက်တွင် ပြောကြားခဲ့သည်။

လူမျိုးတုံးသတ်ဖြတ်မှု ကာကွယ်ရေးဆိုင်ရာ ကုလသမဂ္ဂ အထူးအကြံပေးပုဂ္ဂိုလ် အက်ဒမာဒီအန်းနှင့် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ တာဝန်ယူမှု အထူးအကြံပေးပုဂ္ဂိုလ် အီဗန်စီမိုနိုဗစ်တို့က ထုတ်ပြန်သော ကြေညာချက်တစ်စောင်တွင် ယင်းအရေးကိစ္စနှင့်ပတ်သက်၍ နိုင်ငံတကာ၏ တုံ့ပြန်မှုမှာ ပျက်ကွက်မှုတစ်ခုဖြစ်ကြောင်းလည်း ပြောကြားထားသည်။

“ကျွန်တော်တို့နဲ့ တခြားတာဝန်ရှိသူ အများအပြားက ထုတ်ပြန်တဲ့ သတိပေးချက်တွေ ရှိခဲ့ပေမယ့်လည်း မြန်မာအစိုးရဟာ နိုင်ငံတကာ ဥပဒေတွေအောက်မှာရှိတဲ့ တာဝန်ဝတ္တရားတွေကို လိုက်နာဖို့နဲ့ ရိုဟင်ဂျာတွေကို ရက်စက်ကြမ်းကြုတ်တဲ့ ပြစ်မှုတွေကနေ ကာကွယ်စောင့်ရှောက်ပေးရမယ်ဆိုတဲ့ မူလတာ ဝန်ရှိမှုကို ဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့ပါတယ်” ဟု ပူးတွဲထုတ်ပြန်ချက်တစ်ရပ်၌ ပြောကြားထားသည်။

“ဒီကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းဟာလည်း သူတို့ ယူရမယ့်တာ ဝန်တွေအတွက် အလားတူ ပျက်ကွက်ခဲ့ပါတယ်” ဟုလည်း ယင်းထုတ်ပြန်ချက်၌ ပြောကြားထားသည်။

လွန်ခဲ့သည့် သြဂုတ်လမှစ၍ ဘင်္ဂါလီမွတ်စလင် ၅၀၀,၀၀၀ ကျော်သည် ကုလသမဂ္ဂက လူမျိုးစုလိုက် သုတ်သင်မှုဟု ရှုတ်ချခဲ့သော မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် ပြုလုပ်ခဲ့သည့် တပ်မတော်၏ စစ်ဆင်ရေးတစ်ရပ်ကြောင့် ထွက်ပြေးခဲ့ကြရသည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ရခိုင်ပြည်နယ်ရှိ စစ်ဆင်ရေးများကို ရပ်စဲရန်၊ အကူအညီပေးရေးဝန်ထမ်းများ ဝင်ရောက်ခွင့်ကို အာမခံရန်နှင့် ဘင်္ဂါလီမွတ်စလင် ဒုက္ခသည်များ ဘေးကင်းလုံခြုံစွာ ပြန်လာနိုင်ရေးကို ခွင့်ပြုရန် မြန်မာနိုင်ငံအား တောင်းဆိုခဲ့သည်။

သို့သော် လုံခြုံရေးကောင်စီသည် ပိတ်ဆို့မှုများ ချထားရန်ကဲ့သို့သော အရေးယူဆောင်ရွက်ချက်မျိုးဖြင့် သူ၏ တောင်းဆိုချက်ကို ဆက်လက်ဆောင်ရွက်ခဲ့ခြင်း မရှိကြောင်း နှင့် ယင်းကို မြန်မာစစ်အစိုးရဟောင်းအား ထောက်ခံသူဖြစ်သည့် တရုတ်နှင့် ရုရှားတို့က ဆန့်ကျင်ခဲ့ကြောင်း သံတမန်များက ပြောကြားခဲ့သည်။

“နောက်တစ်ကြိမ်ထပ်ပြီး ရက်စက်ကြမ်းကြုတ်တဲ့ ပြစ်မှုတွေကို ရပ်တန့်စေဖို့ ကျွန်တော်တို့ရဲ့ ပျက်ကွက်မှုဟာ ကျွန်တော်တို့ကို  ကြံရာပါဖြစ်စေပါလိမ့်မယ်” ဟု ကုလသမဂ္ဂ အကြံပေးပုဂ္ဂိုလ်များက ပြောကြားခဲ့သည်။

Ref း AFP

Most Read

Most Recent