ထိုင်းဘုရင် ကွယ်လွန်ပြီးနောက် တစ်နှစ်အကြာတွင် ထိုင်းနိုင်ငံသားများ နောက်ဆုံးနှုတ်ဆက်ရန် ပြင်ဆင်

ထိုင်းဘုရင် ကွယ်လွန်ပြီးနောက် တစ်နှစ်အကြာတွင် ထိုင်းနိုင်ငံသားများ နောက်ဆုံးနှုတ်ဆက်ရန် ပြင်ဆင်
Published 14 October 2017

အောက်တိုဘာ ၁၃ ရက်က ဘန်ကောက်မြို့တော်ခန်းမရှေ့တွင် ဘုန်းကြီးများ ဦးဆောင်သော အခမ်းအနား တစ်ခုအတွင်း အနက်ရောင် ဝတ်ထားသူများက ဆုတောင်းမှု ပြုလုပ်နေစဉ် (Photo: AFP)

ထိုင်းဘုရင် ဘူမိဘော အဒူယာဒက် ကွယ်လွန်သည့် တစ်နှစ်ပြည့် အထိမ်းအမှတ် ပြုလုပ်ရန် အောက်တိုဘာ ၁၃ ရက်က ထိုင်းနိုင်ငံ တစ်လွှားတွင် ကြေကွဲဝမ်းနည်းမှု အခမ်းအနားများကို ဗုဒ္ဓဘာသာ ဘုန်းကြီးများက ဦးဆောင်ခဲ့သည်။ ယခုလအတွင်း ကြီးကျယ်ခမ်းနားလှသော သြင်္ဂိုဟ်ပွဲ အခမ်းအနား၌ ချစ်လှစွာသော ဘုရင်အား နောက်ဆုံးနှုတ်ဆက်ရန် ဝမ်းနည်းကြေကွဲနေကြသော ထိုင်းနိုင်ငံသားများက ပြင်ဆင်နေကြခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံသားများက ဘုရားသခင်အလား ကြည်ညိုကြပြီး ဖခင်သဖွယ် ချစ်ခင်ကြသော ဘူမိဘောသည် သူ၏ သမိုင်းဝင် နန်းသက် နှစ် ၇၀ အတွင်း နိုင်ငံသားများကို အစဉ်ချစ်ခင်လျက် သစ္စာရှိခဲ့သည်။

ထိုင်းနိုင်ငံသား များစွာတို့သည် ၎င်းတို့၏ ဝတ်စုံများ၌ အရောင်များကို ပျောက်ကွယ်စေခဲ့ကာ တစ်နှစ်လုံးနီးပါး အဖြူနှင့် အနက်ကိုသာ ဝတ်ဆင်လျက် ထိုင်းနိုင်ငံ တစ်လွှားတွင် လွန်ခဲ့သည့်နှစ်က ထူးခြားလှသည့် ဝမ်းနည်းမှု အထိမ်းအမှတ် မြင်ကွင်းများကို တွေ့ရှိခဲ့ရသည်။

အောက်တိုဘာ ၂၆ ရက် သြင်္ဂိုဟ်ပွဲ အခမ်းအနားအတွင်း ထိုင်းနိုင်ငံသားများ အနေဖြင့် ဘုရင်အား နောက်ဆုံး နှုတ်ဆက်ရတော့မည်ဟူသော ဝမ်းနည်းမှုကြောင့် အောက်တိုဘာလက ထိုင်းနိုင်ငံသားတို့၏ ဝမ်းနည်းကြေကွဲမှုများကို ပိုမိုနက်ရှိုင်းစေခဲ့သည်။

သြင်္ဂိုဟ်ပွဲ အခမ်းအနားကို အလွန် ခမ်းနားကြီးကျယ်လှစွာ ကျင်းပမည်ဖြစ်ပြီး ဘူမိဘော၏ ဝိညာဉ်ကို တမလွန်ဆီသို့ ထွက်ခွာစေတော့မည် ဖြစ်သည်။

အောက်တိုဘာ ၁၃ ရက်တွင် အနက်ရောင်များ ဝတ်ဆင်ထားသော ထိုင်းနိုင်ငံသားများသည် ဘုရားကျောင်းများ၊ အစိုးရ အေဂျင်စီများနှင့် ဘူမိဘော ကွယ်လွန်ခဲ့ရာ ဘန်ကောက်ဆေးရုံ၏ မြေကွက်လပ်တို့ဆီသို့ တဖွဲဖွဲ ရောက်ရှိလာကြပြီး ဘုရင်ကို ဂုဏ်ပြုသောအားဖြင့် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများအား လှူဖွယ်ပစ္စည်းများလည်း ဆက်ကပ်လှူဒါန်း ပူဇော်ကြသည်။

“ကျွန်မ ဒီသြင်္ဂိုဟ်ပွဲ အခမ်းအနား ကျင်းပမှာကို မလိုလားပါဘူး။ ဒါနဲ့ ပတ်သက်ပြီး ကျွန်မ မခံစားနိုင်ဘူးလေ” ဟု အောက်တိုဘာ ၁၃ ရက်က ဘန်ကောက်မြို့ရှိ ဂရင်းနန်းတော် အပြင်ဘက်တွင် စုဝေးနေကြသော ကြေကွဲဝမ်းနည်းနေသူပေါင်း ရာနှင့်ချီလျက်ထဲမှ တစ်ဦးဖြစ်သူ အသက် ၅၇ နှစ်အရွယ်ရှိ ကာနိုပွန်းချာဗာဆစ်က မျက်ရည်လည်ရွှဲဖြင့် ပြောကြားခဲ့သည်။

အခြားဝမ်းနည်းကြေကွဲနေသူ တစ်ဦးဖြစ်သည့် အသက် ၆၁ နှစ်အရွယ်ရှိ ချာလီတာယူဆက်က “သူ့ကို ကျွန်မတို့နဲ့ပဲ တစ်သက်လုံး နေစေချင်ပါတယ်” ဟု ပြောကြားခဲ့သည်။

သြင်္ဂိုဟ်ပွဲ အခမ်းအနား နီးလာသည်နှင့်အမျှ ရုပ်သံချန်နယ်များကို ရောင်စုံပါဝင်မှုများ လျှော့ချရန်၊ အလွန်အကျွံ ရွှင်မြူးစေသော အကြောင်းအရာများကို ရှောင်ကြဉ်ရန်နှင့် ဘုရင်၏ ကောင်းမှုကုသိုလ် ပြုခဲ့မှုများကို မီးမောင်းထိုးပြသော မှတ်တမ်းရုပ်ရှင်များ ပြသရန် အမိန့်ပေးထားကြောင်း သိရသည်။

Ref: AFP

Most Read

Most Recent