<

ဗီယက်နမ်တွင် ရေကြီးပြီး မြေပြိုမှုများကြောင့် လူ ၃၇ ဦးထက်မနည်းသေဆုံး

အောက်တိုဘာ ၁၁ ရက်က ဗီယက်နမ်အလယ်ပိုင်း Nghe An ပြည်နယ်တွင် ရေလွှမ်းနေမှုကို တွေ့ရစဉ် (Photo – AFP)

ဗီယက်နမ်မြောက်ပိုင်းနှင့် အလယ်ပိုင်းတွင် ရေကြီးမှုများနှင့် မြေပြိုကျမှုများကြောင့် လူ ၃၇ ဦးထက်မနည်းသေဆုံးပြီး ပျောက်ဆုံးသူ ၄၀ အထိရှိလာသည်ဟု ဘေးအန္တရာယ် ကယ်ဆယ်ရေးတာဝန်ရှိသူများက အောက်တိုဘာ ၁၂ ရက်တွင် ပြောကြားခဲ့သည်။

ယခုသီတင်းပတ်တွင် ဗီယက်နမ်တစ်ဝန်း၌ မိုးသည်းထန်စွာရွာသွန်းမှုကို မြောက်ပိုင်း Hoa Binh ပြည်နယ်တွင် အဆိုးရွားဆုံးကြုံတွေ့ခဲ့ပြီး သေဆုံးသူ ၁၁ ဦးနှင့် ပျောက်ဆုံးသူ ၂၁ ဦးရှိခဲ့သည်။ ယင်းပြည်နယ်မှာပင်ညတွင်း ချင်းမြေပြိုမှုဖြစ်ပွားရာတွင် လူ ၁၈ ဦးထက် မနည်းသေဆုံးပြီး  ၁၅ ဦး ပျောက်ဆုံးနေဆဲဟု အစိုးရပိုင်မီဒီယာက အောက်တိုဘာ ၁၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။

“အာဏာပိုင်များက ပျောက်ဆုံးနေသူများကို ရှာဖွေရန် ကြိုးစားနေစဉ် ပြည်နယ်ခြောက်ခုတွင် လူ ၃၇ ဦးထက်မနည်းသေဆုံးခဲ့ပြီး နေအိမ် ၁၈,၀၀၀နှင့်အတူ စိုက်ပျိုးမြေ ဟက်တာသောင်းချီ ပျက်စီးခဲ့သည်ဟု ဗီယက်နမ်ဘေးအန္တရာယ် စီမံခန့်ခွဲမှု အာဏာပိုင်အဖွဲ့က ထုတ်ပြန်ခဲ့သည်။

Vietnam News Agency မှ ဂျာနယ်လစ်တစ်ဦးသည် အောက်တိုဘာ ၁၁ ရက်က မြောက်ပိုင်း Yen Bia ပြည်နယ်ရှိ တံတားတစ်ခု၌ မြစ်ရေလျှံစဉ်ရေစီးနှင့် မျောပါသွားခဲ့သည်။ အာဏာပိုင်များသည် ၎င်းကို အောက်တိုဘာ ၁၂ ရက်အထိ ရှာဖွေနေဆဲ ဖြစ်သည်။

Refး AFP

October 12, 2017














Copy Protected by Chetan's WP-Copyprotect.