နယူးယောက်ရှိ 9/11 ပြတိုက်က လူပေါင်း ၁၀ သန်းကျော်ကို ဆွဲဆောင်နိုင်ခဲ့

နယူးယောက်ရှိ 9/11 ပြတိုက်က လူပေါင်း ၁၀ သန်းကျော်ကို ဆွဲဆောင်နိုင်ခဲ့
Published 29 July 2017


ဇွန် ၁၃ ရက်က နယူးယောက်ရှိ 9/11 ပြတိုက်သစ်၌ လာရောက်လေ့လာနေသူတစ်ဦး (Photo: AFP)

၂၀၀၁ ခုနှစ်စက်တင်ဘာ ၁၁ ရက်က အယ်ကေးဒါးတိုက်ခိုက်မှုများနှင့် ပတ်သက်၍ ရည်စူးပြီး ဖွင့်လှစ်ထားသော နယူးယောက်ရှိပြတိုက်သည် သုံးနှစ်ကျော်ကြာကာလအတွင်း ခရီးသွား ၁၀ သန်းကျော်ကို ဆွဲဆောင်နိုင်ခဲ့သည်ဟု ဝန်ထမ်းတစ်ဦးက ဇူလိုင် ၂၈ ရက်တွင် ပြောကြားခဲ့သည်။

ကမ္ဘာ့ကုန်သွယ်ရေးစင်တာရှိသည့် နေရာမှာပင် ၂၀၁၄ ခုနှစ်မေလက ဖွင့်လှစ်ခဲ့သော ထိုပြတိုက်သို့ ပျမ်းမျှနေ့စဉ် ဧည့်သည် ၉၀၀၀ ကျော်လာရောက်နေကြောင်း National September 11 Memorial and Museum ကထုတ်ပြန်ခဲ့သည်။ ထိုပြတိုက်နှင့်အတူ ယှဉ်တွဲထားသော လဟာပြင်ပလာဇာသို့မူ လာရောက်သူပေါင်း ၃၃ သန်းကျော်ရှိသည်ဟု သိရသည်။

“လူထောင်ပေါင်းများစွာကို နေ့စဉ်အသိပညာနဲ့ အဓိပ္ပါယ်ရှိတဲ့အတွေ့အကြုံတွေပေးဖို့ စိတ်ပိုင်းဖြတ်ထားတဲ့ 9/11 Memorial ပြတိုက်ရဲ့ သမိုင်းမှတ်တိုင်ကို ရောက်ခဲ့ပါပြီ” ဟုဥက္ကဋ္ဌနှင့် နယူးယောက်မြို့တော်ဝင်ဟောင်းဖြစ်သူ မိုက်ကယ်ဘလွန်းဘက်က ပြောကြားခဲ့သည်။

ထိုပြတိုက်တွင် မူလကတာဝါ အဆောက်အအုံနှစ်ခု၏ အောက်ခြေ၊ တိုက်ခိုက်မှုအတွင်း သေဆုံးသွားသူ ၂၇၅၀ တို့အတွက် ဂုဏ်ပြုထားမှုများရှိသည်။ ပြတိုက်သို့ အမေရိကန်ထဲရှိ ပြည်နယ် ၅၀ မှဒေသခံများအပြင် ဗြိတိန်၊ ဂျာမနီ၊ ကနေဒါ၊ နယ်သာလန်၊ စပိန်၊ သြစတြေးလျတို့မှ ခရီးသွားများလည်း လာရောက်ကြသည်။

Ref: AFP

Most Read

Most Recent