လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်များအား ဖြေရှင်းပေးရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး တေလာဆင်က ဒေါ်အောင်ဆန်းစုကြည်အား တောင်းဆို

လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်များအား ဖြေရှင်းပေးရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး တေလာဆင်က ဒေါ်အောင်ဆန်းစုကြည်အား တောင်းဆို
Published 21 September 2017

Photo : AFP

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်တေလာဆင်က လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်များအား အစိုးရက ဖြေရှင်းပေးရန် မြန်မာနိုင်ငံ၏ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အား စက်တင်ဘာ ၁၉ ရက်တွင် တောင်းဆိုခဲ့သည်။

ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီမွတ်စလင်များ ၄၀၀,၀၀၀ ကျော် ထွက်ပြေးမှုကို လူ့အခွင့်အရေးအဖွဲ့များနှင့် အချို့ကမ္ဘာ့ခေါင်းဆောင်များက စစ်ဘက်ဦးဆောင်သည့် “လူမျိုးစုလိုက် သုတ်သင်မှု”ဟု စွပ်စွဲထားကြသည်။

အမေရိကန်က ရခိုင်အကျပ်အတည်းအတွက် စိုးရိမ်ကြောင်း ထုတ်ဖော်ပြောကြား ထားသော်လည်း နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်အား တိုက်ရိုက်အပြစ်မတင်ဘဲ သတိဖြင့် ဝေဖန်ထားသည်။ စက်တင်ဘာ ၁၉ ရက်က တေလာဆင်၏ တောင်းဆိုမှုသည် အမေရိကန်၏ ပထမဆုံးအကြိမ် တိုက်ရိုက်တောင်းဆိုမှုဖြစ်ခဲ့သည်။

“နိုင်ငံခြားရေးဝန်ကြီးက ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှုတွေ နိဂုံးချုပ်ဖို့နဲ့ အကြမ်းဖက်မှုကြောင့် နေရပ်ပျောက်ဆုံးခဲ့တဲ့သူတွေ ဇာတိပြန်လာခွင့်ပြုဖို့ မြန်မာအစိုးရရဲ့ သန္နိဋ္ဌာန်ချမှတ်မှုကို ကြိုဆိုခဲ့ပါတယ်” ဟု အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောခွင့်ရ အမျိုးသမီး ဟီသာနော်အက်က ပြောကြားခဲ့သည်။

ထို့ပြင် နိုင်ငံခြားရေးဝန်ကြီးက ပဋိပက္ခ သက်ရောက်ခဲ့သောဒေသများတွင် နေရပ် ပျောက်ဆုံးသူများအတွက် လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးရေးအတွက် မြန်မာအစိုးရနှင့် စစ်ဘက်က ကူညီပေးရန် တိုက်တွန်းခဲ့သည်ဟု ၎င်းက ပြောကြားခဲ့သည်။

 

 

Most Read

Most Recent