ဘင်္ဂါလီမွတ်ဆလင်တို့ကို ထောက်ခံဆန္ဒပြသူ ၁၀၀ ခန့်အား ရုရှားထိန်းသိမ်း

ဘင်္ဂါလီမွတ်ဆလင်တို့ကို ထောက်ခံဆန္ဒပြသူ ၁၀၀ ခန့်အား ရုရှားထိန်းသိမ်း
Published 11 September 2017

Photo : AFP

ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်တွင် စက်တင်ဘာ ၁၀ ရက်က ဆန္ဒပြသူ ၂၀၀ ခန့်သည် ဘင်္ဂါလီမွတ်ဆလင်တို့အား ထောက်ခံဆန္ဒပြခဲ့ရာ ရုရှားရဲတပ်ဖွဲ့က အခွင့်မရှိဘဲ ဆန္ဒပြမှုအတွက် လူ ၁၀၀ ခန့်အား ထိန်းသိမ်းခဲ့ကြောင်း အေအက်ဖ်ပီ သတင်းဖော်ပြချက်အရ သိရသည်။

စိန့်ပီတာစဘတ်ရှိ ဒီမော့ဆိုမာရာရင်ပြင်တွင် ဆန္ဒပြသူများအား ရဲကားများ၊ ရဲများ ဝိုင်းရံ၍ ဆန္ဒပြသူများ အနက်မှ ၁၀၀ ခန့်အား ရဲကားများနှင့် ခေါ်ဆောင်သွားခဲ့ကြောင်း ဆန္ဒပြသည့်နေရာသို့ ရောက်ခဲ့သည့် အေအက်ဖ်ပီ သတင်းထောက်က ပြောကြားခဲ့သည်။

ရုရှားရှိ ချေချင်းညာ၏ အဓိကမြို့ ဂရိုဇနီ၌ ပြီးခဲ့သည့် သီးတင်းပတ်ကလည်း လူထောင်ချီ၍ ဆန္ဒပြမှု ဖြစ်ပွားခဲ့သည်။

Most Read

Most Recent