'ဆရာဝန်ကြီးများ လူနာအပေါ် အချိန်ပေးမှု နည်းပါးခြင်း၊ ဆေးရုံ၊ ဆေးခန်းကြီးများ၏ ဆရာဝန် ကြီးများ မျက်နှာ တစ်ခုတည်း ကိုသာ ကြည့်ခြင်းကြောင့် ကြေကွဲဖွယ်ဖြစ်ရပ် များဖြစ်ပေါ်နေ' PDF Print E-mail
Written by သတင်းအယ်ဒီတာအဖွဲ့   
        ဆရာဝန်ကြီးများ လူနာအပေါ် အချိန်ပေးမှု နည်းပါးခြင်း၊ ဆေးရုံ၊ ဆေးခန်းကြီးများ၏ ဆရာဝန်ကြီးများ မျက်နှာ တစ်ခုတည်းကိုသာ ကြည့်ခြင်းကြောင့် ကြေကွဲဖွယ်ဖြစ်ရပ်များ ဖြစ်ပေါ်နေကြောင်း သိရသည်။
         ဆရာဝန်ကြီးများ လူနာအပေါ် အချိန်ပေးမှု နည်းပါး၍ ကြေကွဲဖွယ် ဖြစ်ရပ် တစ်ခုမှာ မကြာသေးမီ အချိန်အတွင်းကပင် ဗဟန်းမြို့နယ်ရှိ အထူးကု ဆေးခန်းကြီး တစ်ခုတွင် ဖြစ်ပွားခဲ့ကြောင်း လူနာနှင့်နီးစပ်ရာ အသိုင်းအ၀ိုင်းမှ သိရသည်။ အဆိုပါ ဖြစ်စဉ်တွင် သေဆုံးသူ လူနာမိန်းကလေးသည် အသက် ၁၅ နှစ်ရှိ ကမာရွတ်မြို့နယ် အ.ထ.က (၂)မှ န၀မတန်း ကျောင်းသူ မခိုင်ရွှန်းလဲ့ရည် ဖြစ်ကြောင်း သိရသည်။  ၄င်းသည် ပညာရေး၌ ထူးချွန်သူဖြစ်ကြောင်း၊ သာမန်ဖျားရာမှ အဖျားသာ ပျောက်သွားပြီး ဗိုက်နာသည့် ဝေဒနာ ကျန်ရှိနေသည်ကို ဗဟန်းမြို့နယ် အတွင်းရှိ အထူးကု ဆေးခန်းတစ်ခုသို့ သွားရောက်ပြသရာမှ ဆရာဝန်ကြီးတစ်ဦးက အူအတက် ရောင်သည်ဟု ကောက်ချက်ချကာ ခွဲစိတ်ခဲ့ရကြောင်း၊ နှစ်ရက် အကြာတွင် သေဆုံးခဲ့ရကြောင်း သေဆုံးသူ မိန်းကလေး၏ ဆွေမျိုး တော်စပ်သူများက ဆိုပါသည်။ ခိုင်ရွှန်းလဲ့ရည်သည် အောက်တိုဘာလ ၂၁ ရက်နေ့တွင် စတင်ဖျားနာခဲ့ကြောင်း၊ရပ်ကွက်အတွင်းရှိ ဆရာဝန်နှင့် ပြသပြီးနောက် အဖျား ပျောက်ကင်းသွားကြောင်း၊ အဖျားပျောက်ပြီးနောက် ဗိုက်နာသည့် ဝေဒနာကျန်ရှိနေ၍ အောက်တိုဘာလ ၂၅ ရက်နေ့ နံနက် ၉ နာရီ အချိန်တွင် ဗဟန်းမြို့နယ် အတွင်းရှိ အထူးကု ဆေးခန်းကြီးသို့ သွားရောက် ပြသခဲ့ကြောင်း သိရသည်။ ထိုသို့ သွားရောက် ပြသခဲ့ရာ အောက်တိုဘာလ ၂၅ ရက်နေ့ ၉ နာရီခွဲတွင် အစာအိမ်နှင့် အူလမ်းကြောင်း ခွဲစိတ်အထူးကု ဆရာဝန်ကြီး ရောက်လာပြီး လူနာ၏ ဗိုက်ကို လက်နှင့် စမ်းသပ်ခဲ့ကြောင်း၊ ထိုသို့ စမ်းသပ်ရာတွင် ဗိုက်ကို ဖိလိုက်ချိန်၌ လူနာက နာသည်ဟု ပြောပြီး ဗိုက်ကိုဖိထားသော လက်အား လွှတ်လိုက်ချိန်၌ အနာသက်သာသွား ကြောင်း လူနာက ပြောသည်ဟု မိခင်ဖြစ်သူ ဒေါ်ချိုချိုမြင့်က ဆိုပါသည်။ ဆရာဝန်ကြီးက ခိုင်ရွှန်းလဲ့ရည်၏ လက်ဖ၀ါးနှင့် မျက်လုံးများကို ကြည့်ကြောင်း ပါးစပ်ဟခိုင်းကြောင်း၊ လူနာ၏ လက်တွေ၊ မျက်လုံးတွေက ဖွေးနေတာပဲဟု ပြောခဲ့ကြောင်း၊ သွေးပေါင်ချိန်တိုင်းရာတွင် အပေါ်သွေး ၉၀ နှင့် အောက်သွေး ၆၀ သာ ရှိကြောင်း ဆရာဝန်ကြီးက အနီးစပ်ဆုံး အူအတက်ရောင် ရောဂါဖြစ်ကြောင်းနှင့် ခွဲမည်လားဟု မေးခဲ့ကြောင်း ကျွန်မတို့က ဆရာဝန်ကြီး သဘောပါဟု ပြောလိုက်ရာတွင် နံနက် ၁၀ နာရီ၌ အီးစီဂျီ ရိုက်သော်လည်း တီဗီ ဓာတ်မှန်ရိုက်ခြင်းနှင့် သွေးစစ်ခြင်းတို့ကို မပြုလုပ်ဘဲ ခွဲစိတ်ခန်းထဲသို့ ပို့လိုက်ကြောင်း မိခင်ဖြစ်သူက ဆိုပါသည်။
နံနက် ၁၁ နာရီခွဲ ၀န်းကျင်ခန့်တွင် ခွဲစိတ်ခန်းမှ ထွက်လာပြီးနောက် လူနာက သတိရချိန်တွင် အရမ်းနာကျင်နေကြောင်း၊ ခွဲစိတ်ခန်းဝင်နေသည့် အချိန်တွင်လည်း ထုံဆေးပြယ်သွား ၍ နာတယ် နာတယ်ဟု အော်သည့် အသံကို အကျယ်ကြီး ကြားရကြောင်း၊ ထို့နောက် သမီးဖြစ်သူကို အိပ်ဆေး ထိုးလိုက်သည်ဟု သိရကြောင်း ယင်း ဖြစ်ရပ်များအား သမီးဖြစ်သူက ပြန်လည် ပြောပြခဲ့ခြင်းဖြစ်ကြောင်း မိခင်ဖြစ်သူက ဆိုသည်။
ဆရာဝန်ကြီး လူနာအားခွဲစိတ် ပြီးနောက်နေ့တွင် တစ်ကြိမ်သာ လာရောက် ကြည့်ရှု ခဲ့ကြောင်း၊ အောက်တိုဘာလ ၂၇ ရက်နေ့ နံနက် ၆ နာရီတွင် လူနာ ကွယ်လွန်သွားခဲ့ ကြောင်းသိရသည်။ ခွဲစိတ်ပြီးသည်မှ စ၍ သေဆုံးသည်အထိ လူနာမှာ နာကျင်သည့်ဒဏ်ကို ပြင်းထန်စွာ ခံစားခဲ့ရကြောင်း သိရသည်။
         လူနာသည် သွေးလွန်တုပ်ကွေး ဖြစ်နေကြောင်း ကျောက်ကပ်ပျက်စီး ပြီး အသည်းကြီးကာ နှလုံးလည်း ထိခိုက်သွားကြောင်း အထူးကုဆေးခန်း ကြီးရှိ တာဝန်ရှိ ဆရာဝန်အချို့က မိခင်ဖြစ်သူအား ပြောပြခဲ့ကြောင်း သွေးလွန်တုပ်ကွေးအား သေချာ မစစ်ဘဲ ဆရာဝန်ကြီးမှ မှားခွဲမိခြင်းလားဟု မိခင်ဖြစ်သူက အထူးကု ဆေးခန်းကြီးရှိ တာဝန်ရှိဆရာဝန် အချို့အား မေးမြန်းရာတွင် ဘာမျ ပြန်မပြောနိုင်ကြောင်း သိရသည်။
        ''မှားယွင်း ကုသပြီး မိမိအမှား အတွက် မိမိဂုဏ်သိက္ခာ ကျဆင်းမှာ စိုးလို့ပဲဖြစ်ဖြစ် လူနာရှင်တွေဘက် က ငွေကြေး မတတ်နိုင်တာကို စိုးလို့ပဲ ဖြစ်ဖြစ် ဖိဖိစီးစီး ကုသဖို့ကို ဆက်မလုပ်ဆောင်ဘဲ လက်လွှတ်စပယ် ပစ်ထားခဲ့တာ၊ တာဝန် မယူခဲ့တာတွေ အတွက် နောက်လူတွေ အခုလို မခံစားရအောင် မနစ်နာရအောင် အပြုသဘော ဆောင်ပြီး အခုဖြစ်စဉ်တွေကို ပြောပြရတာပါ''ဟု သေဆုံးသူ၏ မိခင်ဖြစ်သူ ဒေါ်ချိုချိုမြင့်က ဆိုပါသည်။
''အသက်အရွယ် ကြီးရင့်နေတဲ့ ဆရာဝန်ကြီးတွေ အနေနဲ့ ကိုယ့် အသက်အရွယ်နဲ့ လုပ်နိုင်စွမ်းရည်ရှိ မရှိကို မိမိကိုယ်မိမိ ချင့်ချိန်စဉ်းစား ကုသသင့်ပါတယ်''ဟု သေဆုံးသူ လူနာ၏ ဖခင်ဖြစ်သူ ဦးဌေးအောင် က ဆိုပါသည်။
        ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အဆိုပါ အထူးကု ဆေးခန်းကြီးအား Weekly Eleven News ဂျာနယ်မှ  ဖုန်းဖြင့်ဆက်သွယ် မေးမြန်းခဲ့ရာ တာဝန် ရှိသူတစ်ဦးက ''ဘာမှ ပြောပိုင်ခွင့် မရှိပါဘူး''ဟု ပြန်လည် ပြောကြားခဲ့ပါသည်။
        မြန်မာလူမျိုးများ အနေဖြင့် ဗုဒ္ဓဘာသာဝင်များ ဖြစ်နေသည့်အလျောက် အမှုအခင်းများ လုပ်လေ့မရှိကြောင်း၊ သို့သော်လည်း ယခုဖြစ်စဉ်တွင် ခွဲ စိတ်ဆရာဝန် အပါအ၀င် မေ့ဆေး ဆရာဝန်နှင့် ဆေးရုံ၌ တာဝန်ရှိ ကြောင်း သေဆုံးသူ လူနာ၏ ကာယကံရှင်များဘက်မှ တောင်းပန်ရန် နှင့်လျော်ကြေးပေးရန် မတောင်းဆိုသော် လည်း သေချာ မစစ်ဆေးဘဲ ခွဲစိတ်မှု ပြုလုပ်ခဲ့ခြင်းကြောင့် တောင်းပန်ခြင်း နှင့်လျော်ကြေးပေးခြင်းကို ပြုလုပ်သင့် ကြောင်း၊ ဆေးရုံက ကာယကံရှင်များ ကျေနပ်သည်အထိ လူသိထင်ရှား တောင်းပန်ခြင်း၊ ရှင်းလင်းခြင်းများ ပြုလုပ်သင့်ကြောင်း လေ့လာသူများ က သုံးသပ်ခဲ့ကြသည်။
လွန်ခဲ့သည့် ၁၀ နှစ်ဝန်းကျင် ခန့်ကလည်း ကလေးတစ်ဦးဖျားနာ သည်ကို ပန်းနာ ပျောက်ဆေးများ ပေးခဲ့သောကြောင့် နှလုံးရပ်ပြီး သေဆုံးခဲ့သည့် ဖြစ်ရပ်ရှိခဲ့ဖူးကြောင်း၊ အဆိုပါ ဖြစ်ရပ်တွင်လည်း ဆရာဝန် များက လူနာအတွက် အဓိကအချိန် မပေးနိုင်မှုနှင့် ငွေကိုသာ အဓိကထား နေခြင်းများသည် မဖြစ်သင့်ကြောင်း၊ ဆရာဝန်မှားပါက အသက်ပေါင်းများစွာ ဆုံးရှုံးနိုင်ကြောင်း ဖြစ်ရပ်မှန်တို့ကို နှိုင်းယှဉ်ကာ လေ့လာသူတစ်ဦးက ဝေဖန်သုံးသပ်ပြခဲ့သည်။
        ''ဒီကိစ္စမှာ ကျွန်တော်တို့ လေ့လာသိရှိ ရသလောက် ဆရာဝန်ကြီးရဲ့ အမှားတစ်ခုတည်း မကဘဲ အဲဒီဆေးခန်းရဲ့တာဝန်မဲ့ပြုမူမှု (Professional negligence) ကိုလည်း ထည့်စဉ်း စားရမယ်။ ဗိုက်အောင့်တာ တစ်ခုတည်းနဲ့ ခွဲစိတ်ဆရာဝန်ကို လွှဲရရောလား။ မခွဲခင် လိုအပ်တဲ့ Investigation တွေလုပ်ဖို့ ဘယ်သူ့မှာ တာဝန် ရှိသလဲ။ ဒီဆေးရုံ၊ ဆေးခန်းအချို့က ဆရာဝန်ကြီးတွေရဲ့ မျက်နှာတစ်ခု တည်းကိုပဲ ကြည့်တာ။ လူနာရဲ့ အသက်၊ လူနာရဲ့ခံစားမှုကို ထည့်မတွက်တာ။ လူမှုရေးကိုတောင် မတွက်ဘဲ ငွေယူရက်တယ်။ postop ကာလမှာ ပေါ့လျော့မှုတွေ ရှိနေ တယ်။ ၀မ်းနည်းစရာတွေ ထပ်မဖြစ်ဖို့ ကာကွယ်မှုတွေ လုပ်သင့်ပါ တယ်''ဟု ဂျာနယ်လစ် တစ်ဦးက ပြောကြားခဲ့သည်။
ပုဂ္ဂလိက ဆေးရုံဆေးခန်းကြီး များနှင့် ပတ်သက်၍ ၀ါရင့် ဂျာနယ်လစ်ကြီး တစ်ဦးကသုံးသပ်ခဲ့ရာ''ဆေးရုံ ကြီး အချို့ရဲ့ဝင်ငွေက ကျပ်ငွေဘီလျံပေါင်း များစွာရှိတာပါ။ ဒါပေမယ့် ငွေမပေးနိုင်ဘဲ ထွက်ပြေးသွားမယ့် လူနာတွေအတွက် သူတို့ဆုံးရှုံးမှာ ပူပန်မှုက တစ်ခါတစ်ခါမှာ လူနာ တွေ၊ လူနာရှင်တွေအတွက် ဘယ်လောက် ထိခိုက် နာကျင်စေသလဲ ဆိုတာထည့်မတွက်ဘူး။ အရေးပေါ် အခြေအနေမှာ ရောက်လာတဲ့လူနာ တွေကို သူတို့ ဆက်ဆံရေးက လူသား မဆန်ဘူး။ ဆရာဝန်ကြီးတွေရဲ့မျက် နှာတစ်ခုတည်းကြည့်ပြီး လူနာတွေ ကို ဆက်ဆံတဲ့အတွက် လူနာတွေ ဘယ်လောက် ခံစားရသလဲ သူတို့ မစဉ်းစားဘူး။ ဆရာဝန်ကြီးတွေလည်း ဆင်ခြင်သင့်ပါတယ်။ ကိုယ့်ရဲ့ လုပ်ရပ်တွေကို ကိုယ့်တပည့်တွေ အတု ခိုးမှားကြရင် အသက်တစ်ချောင်း မဟုတ်ဘူး။ အသက်ပေါင်း များစွာပါ''ဟု ပြောကြားခဲ့သည်။
         အသည်းအထူးကုဆရာဝန်ကြီး ဒေါက်တာခင်မောင်ဝင်းက ''မြန်မာနိုင်ငံရဲ့ လက်ရှိအနေအထားမှာ ခွဲစိတ်ကုသမှု ပြုလုပ် သင့်မသင့်ကို သက်ဆိုင်ရာ ခွဲစိတ်ပါရဂူကပဲ ဆုံးဖြတ်လေ့ရှိပါတယ်။ စင်ကာပူက အစိုးရ သင်ကြားရေး ဆေးရုံကြီးတွေမှာ ဆိုရင် တစ်ပတ်တစ်ခါ ဆွေးနွေးပွဲ ရှိတယ်။ ဒီဆွေနွေးပွဲမှာ ခွဲစိတ်မှုတွေ ပြုလုပ်မယ့် List of Operation  ကို တင်ပြရတယ်။ အဲဒီစာရင်းတွေကို ခွဲစိတ်ဖို့ သင့်၊ မသင့် ပါမောက္ခ ဌာနမှူးက ဦးဆောင် ဆွေးနွေး ဆုံး ဖြတ်လေ့ရှိပါတယ်။ အစိုးရဆေးရုံတွေနဲ့ ပုဂ္ဂလိက ဆေးရုံတွေမှာနဲ့တော့ လုပ်ထုံးလုပ်နည်းချင်း မတူဘူးပေါ့။ ပုဂ္ဂလိက ဆေးရုံတွေမှာ ဆိုရင်တော့ လူနာ တစ်ယောက်ကို ခွဲစိတ်မှု ပြုလုပ်သင့် မသင့်ဆိုတာ သက်ဆိုင်ရာ ခွဲစိတ်ပါရဂူကပဲ ဆုံးဖြတ်ရပါတယ်။ ခွဲစိတ်ပါရဂူ၏ အတွေ့အကြုံ၊ အရည် အချင်းနဲ့ ကျွမ်းကျင်မှုပေါ် မူတည်ပြီး ဆုံးဖြတ်ရတာ ဖြစ်ပါတယ်။ ခွဲစိတ်ဆရာဝန်က ခွဲစိတ်ဖို့ သင့် မသင့်ဆိုတာ ဆုံးဖြတ်ပြီးရင် ခွဲစိတ်ရာမှာ အန္တရာယ် ရှိ၊ မရှိ (safe for surgery) ကို မေ့ဆေးပါရဂူနဲ့ တိုင်ပင်ရပါ တယ်။ ခွဲစိတ်ရာမှာ အောင်မြင်မှု ရရှိဖို့က မေ့ဆေးပါရဂူရဲ့ ဆုံးဖြတ်ချက်ကလည်း အဓိကကျပါတယ်။ လိုအပ်ရင် နှလုံးပါရဂူနဲ့လည်း တိုင် ပင်ဖို့ လိုအပ်ပါတယ်'' ဟု ပြောကြား ခဲ့သည်။
ဆက်လက်၍ ''မြန်မာနိုင်ငံမှာ က ၀န်ဆောင်ခစရိတ် ဈေးကြီးတာ က တစ်ကြောင်း၊ awareness မရှိတာက တစ်ကြောင်း ခွဲစိတ်ကုသမှု မပြုလုပ်မီ စမ်းသပ်စစ်ဆေးမှုတွေကို ပြုလုပ်ကြတာ အရမ်းအားနည်း တယ်လို့ သုံးသပ်ရပါတယ်။ ခွဲစိတ်မှု မပြုလုပ်ခင်မှာ သွေးဖြူဥစစ်ဆေး ခြင်း(CP)၊ ကျောက်ကပ် စစ်ဆေးခြင်း၊ သွေးခုန်နှုန်းစစ်ခြင်းစတဲ့ အခြေခံကျကျ စဉ်းစားဖို့လိုတဲ့ စစ်ဆေးမှု တွေကိုတော့ မဖြစ်မနေပြုလုပ်ဖို့ လို အပ်ပါတယ်။ လတ်တလောအချိန် မှာ ဒီလိုစစ်ဆေးမှုတွေ ပြုလုပ်ခြင်း မရှိဘဲ သီရေတာဝင်ကြတဲ့ ခွဲစိတ်မှုတွေလည်း ရှိနေကြပါတယ်။ ဒီလို ခွဲစိတ်မှုတွေက လူနာရဲ့အသက် တစ်ချောင်းအတွက် အရမ်းအန္တရာယ် များပါတယ်။ ခွဲစိတ်မှုတွေ မပြုလုပ်မီ စနစ်တကျ ကြိုတင်စစ်ဆေး စမ်းသပ်မှုတွေ ပြုလုပ်မှသာ ခွဲစိတ်ခန်းအတွင်း ဖြစ်ပေါ်လာမယ့် မတော်တဆမှုတွေကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်''ဟု ဒေါက်တာခင်မောင်ဝင်း ကပြောကြားခဲ့ပါသည်။
''ဂျာနယ်တစ်ခုက မေးဖူးပါတယ်။ ရန်ကုန်မြို့က ပြင်ပနာမည်ကြီး ဆေးခန်းကြီးတစ်ခုမှာ အင်မတန် နာမည်ကြီးတဲ့ အထူးကုဆရာဝန်ကြီး တစ်ယောက်ဟာ ညနေဘက် နှစ်နာရီ အတွင်းမှာပဲ လူနာ ၃၀၀ ကို ကြည့်ရှု ပေးနေတာကို ဘယ် လို သဘောထားပါ သလဲတဲ့။ ကျွန်တော်က ကြည့်တဲ့သူအပေါ်မှာ မူတည်တယ်လို့။ နောက်ရောဂါအခြေ အနေနဲ့ လူနာဟောင်း တွေကို ကြည့်ရှု ရတဲ့ အပေါ်မှာ လည်း မူတည်ပါတယ်လို့ ။ စဉ်းစား ကြည့်ပေါ့ဗျာ။ မိနစ် ၁၂၀ မှာ လူ ၃၀၀ ကြည့်ရှုတယ် ဆိုတော့ လူတစ်ယောက်ကို မိနစ်ဝက် တောင် အချိန်ပေးနိုင်မှာ မဟုတ်ပါ ဘူး။ အဲဒီတော့ ဖြစ်နိုင် မဖြစ်နိုင် ခင်ဗျားတို့ ဘာသာ စဉ်းစားကြည့်ကြ ပါ၊ သူဟာနဲ့သူ ကြည့်နိုင်တယ်ဆိုရင် သူ့ရဲ့အတတ်ပညာ အတွေ့အကြုံနဲ့ သူ့ရဲ့စွမ်းအင်နဲ့ ကြည့်ရှုသွားတဲ့ အပိုင်းပဲ ဖြစ်ပါလိမ့်မယ်။ ခင်ဗျားတို့ အနေနဲ့ အချိန်ပေးတာ နည်းတယ် ထင်ရင် သွားမပြကြနဲ့ပေါ့။ အချိန်များများပေးတဲ့ ဆရာဝန်ဆီကို သွားကြ ပါလို့ ။ ကိုယ်သိချင်တာတွေကို မေး မြန်းနိုင် ဆွေးနွေးနိုင်မယ့် ဆရာဝန်တွေဆီမှာ ပြသလို့ရပါတယ်။ ဆရာဝန် တစ်ယောက် နာမည်ကြီးပြီဆိုရင် လူနာတွေကလည်း အဲဒီဆရာဝန်ဆီ ကိုပဲစုပြုံပြီး လိုက်တိုးနေကြပါတယ်။ ကိုယ့်ရောဂါနဲ့ စပ်ဟပ်သလား မစဉ်းစားတော့ဘဲ နှလုံးအထူးကု ဆရာဝန် ဆီမှာလည်း ဗိုက်နာတာကို သွားပြလိုက်ကြတာပဲ။ လူနာတွေဘက်က လည်းအထူးကုလို့ နာမည်ကြီးတိုင်း သူနဲ့ပြသမှ ဖြစ်တော့မှာပဲဆိုတဲ့ စိတ်တွေမမွေးမြူကြပါနဲ့''ဟု အခြေခံသမား ကျင့်ဝတ်နှင့် ဆေးပညာ ကျင့်ဝတ်ဆိုင်ရာ ဆောင်းပါးများ စာအုပ်မှ ပါမောက္ခ သမားတော်ကြီး ဦးလှမြင့်၏ ဆေးလောကသားများသို့ပန်ကြားချက်ထဲတွင် ဖော်ပြထားချက်အရ သိရသည်။
''ချမ်းသာပြီး ငွေကြေးတတ်နိုင် တဲ့ အထူးကု ဆေးခန်းသွားနိုင်၊ ပြောနိုင်တဲ့သူမို့ ဒီလိုသိကြရတာပါ။ ဆင်းရဲပြီး ပြောပြနိုင်စွမ်း မရှိတဲ့လူတွေ ဘယ်လောက် ခံစားထားကြရပြီလဲ။ လူထုကျန်းမာရေး စောင့်ရှောက်မှုကို ဒေသတွင်း နိုင်ငံတွေ နည်းတူ သုံးစွဲ နိုင်ဖို့တော့ လိုပါတယ်။ ကျန်းမာရေး နဲ့ ပညာရေးမှာ သုံးစွဲမှုတွေဟာ ဖွံ့ဖြိုး ဆဲနိုင်ငံတွေမှာ ငွေယိုပေါက်ကို ပိတ်စေတဲ့ ရင်းနှီးမြှုပ်နှံမှုတွေပါ။ ဒီဖြစ်ရပ်မှာ ပြဿနာရဲ့ အရင်းအမြစ်ကို သိထားရင် ကောင်းပါတယ်။ လူထု ကျန်းမာ ရေးစောင့်ရှောက်မှုကို အရှိန်မြှင့်ဖို့ လိုလာပါပြီ''ဟု Eleven Media Group  မှ တာဝန်ရှိသူ တစ်ဦးက သုံးသပ်ခဲ့ပါ သည်။  
ဤဆောင်းပါးနှင့်ပတ်သက်၍ ၀ါရင့်သတင်းစာဆရာကြီးများ၏ မှတ်ချက်များကို ဖတ်ရှုနိုင်ပါသည်။
Comments
0 #20 kyawzayya1980 2010-05-14 09:18
ရောဂါကျွမ်းတာကိုသိလျှက်နဲ့ ဘယ်လောက်အဆင့်မြ င့်ပါတယ်ဆိုတဲ့ေ ဆးရုံ ကိုပဲသွားသွား အလကားဖြစ်မှာပါပဲ။ အဲဒီလိုရောဂါကျွ မ်းနေတာကိုသိလျှ က်နဲ့ အထူးကုဆေးရုံတွေ မှာကုန်မယ့်ပိုက်ဆံကို ဆင်းရဲနွမ်းပါးတဲ့သူတွေကျန်းမာေ ရးစောင့်ရှောက်မှုလုပ်ငန်းတွေမှာ လှူတာမှနောင်ဘ၀အ တွက်ကုသိုလ်ကောင်းမှုရအုံးမယ်။
+1 #19 steveteresa 2009-12-04 21:39
ဆရာဝန်ကုလို့ကော င်းရင် အသက်သခင်ကျေးဇူး ရှင် တဲ့ဗျာ။
မကောင်းရင် ရောဂါကျွမ်းနေပြီမို့လို့တဲ့။ ဒီနိုင်ငံမှာ လူအများယုံကြည် ကြတဲ့ အယူအဆပေါ့။ ဒါကြောင့်လဲ ဆရာဝန်တွေ အမှားလုပ်လေ့ရှိ ပေမယ့် အကျိုးဆက်အတွက် တာဝန်ယူရလေ့မရှိ တာ ဖြစ်ပါလိမ့်မယ်။ ရှင်းရှင်းပြောရ င် ဆရာဝန်ဆိုတာ သူတို့ရဲ့ ပညာတွေကို ၀န်ဆောင်မှုအသွင် နဲ့
ရောင်းစားပြီး ၀င်ငွေရှာနေကြတဲ့  လူတွေပဲ။ တစ်ခြားပညာရှင်ေ တွလဲ ဒီအတိုင်းပါပဲ။ ဘာမှ ကျေးဇူးခံကျေးဇူးစားဆိုတာမရှိပါ ဘူး။ ခင်ဗျားက ပိုက်ဆံပေးတယ်။ သူက ပညာသုံးပြီး ဆေးကုတယ်။ ဒါပဲ။ အလဲအလှယ်တစ်ခုပေါ့။ သူတို့သာ ကျေးဇူးရှင်ဆြို ပီး လေးစားကြရင် လယ်သမားတွေကို ခင်ဗျားတို့ပြို ပီး လေးစားရလိမ့်မယ်
ညီမော်ပြောသလို ဆောင်းပါးမျိုးက တော့ သိပ် အဖိုးတန်လိမ့်မယ်ဗျို့။
0 #18 zawpyaethan 2009-12-04 17:02
သက်ဆိုင်သူသို့ .
လူသတ်သမား ဆိုရင်တောင်. ထောင် ၇ နှစ် .
အခုတော့ .. စေတနာ အမှားကြောင့် ပေးဆပ်ရတာ တန်ပါရဲ့ လား
လူ့ အသက်ထောင်ပေါင်းများစွာကို ကယ်တင်ခဲ့ ဖူးတဲ့ . ဆက်လက်ပြီး ကယ်တင်အုံးမယ် သူ ကို.. အခုလို ၅ နှစ်ရပ်စဲရန် (De-licensing ) ဆိုတာ မျှတပါရဲ့ လား.
ဒီဆရာဝန်ကြီးရဲ့ အသက်အရွယ် နဲ့ ဆိုရင်. နောင် ၅ နှစ်မှာ. အခုလို ဆက်လက် ဆေးကုနိုင်ပါ့အုံးမလား.
တကယ်ဆိုရင်. အပြစ်ကို. လုပ်အားနဲ့ ပြန်ပေးဆပ်ဖို့ အခွင့်အရေး ပေးသင့်ပါတယ်. (selfless services to society)
ဆရာကြီးရဲ့ ပညာဂုဏ် အတွေ့ ကြုံတွေကို လိုအပ်နေတဲ့နေရာ (အခမဲ့ ဆေးခန်း. ကျေးလက်ဆေးရုံ) လိုပေါ့ .
အဲဒီလို မဟုတ်ပဲ. ငွေ ရတဲ့ နေရာမှာပဲ . လုပ်မယ်ဆို ရင်တော့လဲ ..
ဆေးရုံ အပိုင်းကလည်း ထိုက်သင့်တဲ့ အခကြေးငွေ ယူထားပြီးတော့ အခုလို ဖြစ်တာ.တောင်းပန်ရုံနဲ့ ပြီးသွားပြီလား
0 #17 govindar 2009-12-03 23:07
What a news !!!first time i heard i think its a joke !!!! but now !!!!!! how a bed doctor!!!!!
0 #16 starhanni 2009-12-02 16:07
very sorry to hear that news. i feel the same as the family.
0 #15 Dr S T 2009-11-28 22:17
I have only following comments:
1) We should aware of having fever to see only specialists. Most of the people (especially from high class) totally forget the role of the family physicians (GPs)
2) Eleven media...are you sure that the doctor from the article didn't check appropriate investigations before surgery? The article sounds doubting! You should respect the ethic of journalism and as well as medical professionals. Merely describing a pop news is very easy but you must have responsibility for the consequence.
+1 #14 nyanlinnhtet 2009-11-28 17:23
ဆေးပညာလောကသားတွေ သင်ခန်းစာယူစရာပ
ခေတ်ကြီးက အလွန်တိုးတက်နေေ တာ့ သတင်းကအင်မတန်ပြ န့်ဖို့လွယ်ပါတယ်၊ မမှားသောရှေ့ နေ မသေသောဆေးသမားဆိုပေမယ့် အခြေအနေတွေက အမှားမခံ၊ ပြန်လည်ပြီးချေပ ပြောဆို၊ ဖြေရှင်းနေတဲ့ ခေတ်ကြီးမို့ပါ
0 #13 paukkyaing 2009-11-28 07:59
ကျွန်တော်က လျှပ်စစ်သမားပါ ဥပဒေအကြောင်း
တီးမိခေါက်မိလော က်ပဲရှိတယ်။
ဒါပေမယ့် ဒီသတင်းကြားကတည်းက ဘယ်လို အရေးယူ တရားစွဲလို့ ရလဲဆိုတာ သူငယ်ချင်း ဥပဒေ သမား တွေကို လိုက်မေးနေလို့ အမြင်ကပ်တာတောင် ခံလိုက်ရတယ်။
ကျွန်တော့်အမြင် ကတော့
Authority ရဲ့ နောက်မှာ Responsibility ဆိုတာ ကပ်လိုက်နေပါတယ် ။ လုပ်ပိုင်ခွင့် ကို ကြိုက်သလိုအသုံး ပြုပါ။ ဒါပေမယ့် ဖြစ်လာမယ့် အကျိုးဆက်ကို တာဝန်ယူနိုင်မှ ဖြစ်မယ်လို့ ယူဆပါကြောင်း။
0 #12 hline 2009-11-28 07:29
ဆရာဝန်ကော လူနာပါ ကံဆိုးတာပဲ။လူ့အ သက်ပေါင်းများစွာကို ကယ်ပြီး ဒီအသက်ရောက်လာမှ တစ်ကြိမ်မှားတာနဲ့ လူသက်သမား လောက်နီးနီးကို အပြောခံရတယ်။ ဒီတစ်ကြိမ်ကလည်း ဒီညီမလေးနဲ့မှ လာဆုံရတယ်လို့။ ဆရာဝန် တစ်ခါမှားတာက လူတစ်ယောက်ပဲ သေတယ်။ တံတားဆောက်တဲ့ Engineer ၊တိုက်ဆောက်တဲ့ ကန်ထရိုက် စားလို့ မှားလို့ ပြိုကျရင်တော့ တစ်ယောက်ထက်မနဲပဲ။ တိုင်းရင်းဆေး၊ နိုင်ငံခြားဆေး တွေကို ရေးသားဖော်ပြလို့  လူတွေလိုက်သောက် ကြေငြာအားနဲ့ ဆေးတွေ ညာရောင်းလို့ သောက်ကြနဲ့ လူ့အသက်များစွာ သေကြတာကိုရော။ စဉ်းစားစရာပဲ။ တစ်ယောက်မက အများကြီး ဘာကြောင့်မှန်းမ သိလိုက်ပဲ သေနေကြတာတွေ။ Media ကြောင့်လူတွေအသိ ဥာဏ်တိုးလာသလို Media ကြောင့်လူတွေ သေသွားတာလည်း ရှိနိုင်တယ်။ Weeklyeleven ကိုအမြဲအားပေးနေ ပါတယ်။
0 #11 ninjastrikers 2009-11-27 21:57
ဒါလေးကို ဖတ်ပေးပါဦး
http://health.ngoinmyanmar.org/2009/11/presumption-of-innocence.html
0 #10 nyimaw 2009-11-26 11:21
သို့
အယ်ဒီတာ
Weekly Eleven Journal
ယခုသတင်းကို ဖော်ပြသည့်အတွက် ကျေးဇူးတင်ရှိပါ သည်။ နောက်တစ်ပတ်ထုတ် ဂျာနယ်တွင် ၄င်းဖြစ်ရပ်များ နှင့် စပ်လျဉ်းပြီး ဥပဒေအရ မည်ကဲ့သို့ ပြုလုပ်ခွင့်ရှိ သည်ကို ဆောင်းပါးအဖြစ် ဖတ်လိုပါသည်။ လူနာဘက်မှလည်းကောင်း ဆရာဝန်ဘက်မှ လည်းကောင်း မည်ကဲ့သို့ ပြုမူနိုင်ကြောင်း တရားဥပဒေအရ မည်ကဲ့သို့ ဆောင်ရွက်နိုင်ေ ကြာင်း၊ တာဝန်မယူသည့် ဆေးရုံဆေးခန်းများကိုလည်း မည်ကဲ့သို့ တရားစွဲဆိုနိုင် ကြောင်း အသိပညာပေး ဆောင်းပါးတစ်ပုဒ် ဖတ်ခွင့်ရမည်ဆို လျှင် အင်မတန် တန်ဖိုးရှိလိမ့် မည်ဟု ထင်မြင်ယူဆရပြါေ ကာင်း။
လေးစားစွာဖြင့်
ညီမော်
+1 #9 sein mahar 2009-11-26 04:40
ခွဲစိတ်ခံရပြီး အကြောင်းတစ်ခုခု ကြောင့် လူနာဆုံးပါးလျှင်ခွဲစိတ်တာကိုး
ဆေးကုသမုနောကိဆကိတွဲကြောင့်သေလျှင်မူ ရောဂါကျွမ်းနေပြီကိုး
လူအများစု ပြောလေ့ရှိကြသော စကားများဖြစ်ပါသ ည်။ သတိမူရန်
်
0 #8 nglay2331 2009-11-25 22:21
ကျွန်တော်တို့ရဲ့  အနာဂတ် ကျန်းမာရေးအတွက် တော်တော်ဝန်လေးပါတယ်
0 #7 myintoogp 2009-11-25 22:20
Informed Consent is the critical part in Medical Decision Making. Patient has the Right to know his or her condition, diagnosis, possible outcomes, and alternative to any kind or treatment or surgery. Doctors should not be the paternalist in patient's decision. Patient should be treated with respect and equality. Doctors should be compasionate, Competent and Autonomous.
0 #6 myintoogp 2009-11-25 22:13
Quoting saimyo:
မြန်မာလူ့အဖွဲ့အ စည်းတစ်ခုလုံးက ၀ိုင်းဝန်းအဖြေရှာရမဲ့ပြသနာဖြစ် ပါတယ်
It reflects the neglecting of the Patient's Right, the right to know complete information about his or her diagnosis and prognosis before any kind of treatment or surgery. Doctors should give all information,inc luding the possible outcome of the surgery, so that patient could involve in decision making. Infomed Consent is the critical part in medical decision making
0 #5 saimyo 2009-11-25 11:32
မြန်မာလူ့အဖွဲ့အ စည်းတစ်ခုလုံးက ၀ိုင်းဝန်းအဖြေရှာရမဲ့ပြသနာဖြစ် ပါတယ်
0 #4 oaksoe 2009-11-24 13:54
thank you for the standing on the right view:
i think it like the mama Advertising , Most doctor are checking the patient 3 min,
1 person = 3 minutes
i think more checking time for the patient
thz
0 #3 psoehtetlinn 2009-11-23 19:36
Eleven တို့သည် ပြည်သူတို့၏ တစ်ခုတည်းသော အားအကိုးရဆုံး ရပ်တည်ပေးသော ဂျာနယ်ဖြစ်၍ ဂုဏ်ယူမိပါသည်
ကျေးဇူးလည်း ရင်နှင့်အမျှတင် မိပါသည်...
Eleven တို့၏စေတနာကို သာဒုပင်ခေါ်မိပါသ ည်
0 #2 anynomous 2009-11-23 12:08
ကျန်းမာရေးစောင့် ရှောက်ကုသမှုစံန စ်ကို အမှန်အတိုင်းရဲရဲဝင့်ဝင့် မီမောင်းထိုးပြ ပီးဝေဖန်ပေးတဲ့ weeklyelevenကို အရမ်းကျေဇူးတင်ပါတယ်
0 #1 aungmoekyaw 2009-11-23 11:48
dear EMG editor,thanks alot for your this article.i wish to show my appreciation for what you have done this editorial article.