နှလုံးသားနဲ့ စိတ်အာရုံ

အနုပညာသည်ပဲဖြစ်ဖြစ်၊ စီးပွားရေးသမားပဲဖြစ်ဖြစ်၊ နိုင်ငံရေးသမားပဲဖြစ်ဖြစ် လူ့မနောကိုသိပြီး ပရိသတ်ရဲ့အကြောကို မိအောင်ကုပ်နိုင်ရင် အောင်မြင်တာပါပဲ။ လူဆိုတာ မွေးလာကတည်းက ပြဿနာနဲ့ဖက်ပြီး မွေးလာတယ်လို့ ဆိုရမတတ်ပါပဲ။ များသောအားဖြင့်တော့ အဲဒီပြဿနာတွေဟာ ဖြေရှင်းလို့မလွယ်တဲ့ ပြဿနာတွေပဲ များပါတယ်။ အဲဒီတော့ လူတွေဟာ ဘာလုပ်ဖို့ စဉ်းစားလာကြသလဲဆိုတော့ ပြဿနာပြေလည်အောင် ကျားကုတ်ကျားခဲ ကြိုးစားပြီး ဖြေရှင်းဖို့ထက် ဒိဋ္ဌဓမ္မလောကထဲကနေ စိတ်ကူးယဉ်ကမ္ဘာထဲကို ထွက်ပြေးဖို့သာ ကြိုးစားကြတော့တာပါပဲ။ ဒါကို အင်္ဂလိပ်လို Escapism လို့ ခေါ်ပါတယ်။ ဒီသဘောကို စာရေးဆရာကြီး Ian Fleming က ကောင်းကောင်းသဘောပေါက်ခဲ့ပါတယ်။ ဒါ့ကြောင့်လည်း သူ

လွတ်လပ်ခြင်းနှင့် သတင်းစာ

လွတ်လပ်ခြင်း

‘လွတ်လပ်ခြင်း’ ဆိုတဲ့ ဝေါဟာရကို ထုတ်ဖော်ပြောနေရတာက မလွတ်လပ်လို့၊ တစ်နည်းပြောရရင် ချုပ်ချယ်ခံနေရလို့၊ ကန့်သတ်ပိတ်ဆို့ ခံနေရလို့ဆိုတာ ရှင်းနေတာပဲ။ လက်ကို ကြိုးနဲ့တုပ်ထားရင် ဖြေဖို့ ကြိုးစားမှာပဲ။ ပါးစပ်ကို အ၀တ်နဲ့ ပိတ်စည်းထားရင် ဖြုတ်ဖို့ကြိုးစားမှာပဲ။ တစ်နည်းနည်းနဲ့ ချုပ်နှောင်ခံနေရရင် တစ်နည်းနည်းနဲ့ ရုန်းကန်ပြီး လွတ်လပ်ခြင်းကို ရှာကြတာက သဘာဝပါ။

နာဂစ်ဝေဒနာ

လွန်ခဲ့သော ခုနစ်နှစ်တာ ကာလက အခုလို မေလဆန်းမှာ ရုတ်တရက် ၀င်ရောက်တိုက်ခိုက်ခဲ့သော ‘နာဂစ်’ မုန်တိုင်းကြောင့် မြန်မာပြည်၏ မြစ်ဝကျွန်းပေါ်ဒေသနှင့် ရန်ကုန်တိုင်းတို့ အလူးအလဲ ခံစားခဲ့ရသည်။ အထူးသဖြင့် ဧရာဝတီတိုင်း တောင်ဘက်ပိုင်းမှာ အပျက်အစီး အဆုံးအရှုံး အထူးများပြားခဲ့ရပြီး ထိုအဆုံးအရှုံး၏ ဝေဒနာများကို ခုနစ်နှစ်ကျော် ကြာမြင့်လာသည်အထိ ကုစား၍ မပြီးစီးနိုင်ပေ။

အလုပ်ရှင်က ၄၀၀၊ လူတန်းစေ့မနေရတဲ့ လုပ်သားက နှစ်သိန်းကျော်၊ တစ်ရက်လုပ်ခ ကျပ် ၁၅၀၀ ပဲ ပေးချင်တယ် ဆိုတာကတော့ . . .

၈ ပေ၊ ၁၀ ပေပဲရှိတဲ့ ဓနိမိုး ထရံကာ အခန်းမျိုးမှာ သူတို့တွေစုပြုံပြီး ငှားနေကြတယ်။ ထမင်းဖြူတစ်ထုပ်နဲ့ ဘဲဥ၊ ဒါမှမဟုတ် ထမင်းဖြူတစ်ထုပ်နဲ့ လမ်းဘေးက အသုပ်တစ်ပွဲလိုဟာမျိုးနဲ့ ဖြစ်သလိုပဲ သူတို့ရဲ့ ၀မ်းရေးအနပ်နပ်ကို ဖြေရှင်းကြတယ်။ ပြီးတော့ သူတို့တစ်ရက်ကို အလုပ်အနည်းဆုံး ရှစ်နာရီနဲ့အထက် မပျက်မကွက် လုပ်ကြတယ်။

မြန်မာနိုင်ငံမှာ လက်ရှိတကယ်လည်ပတ်နေတဲ့ အထည်ချုပ်စက်ရုံပေါင်းက အနီးစပ်ဆုံး ၄၀၀ ၀န်းကျင်လောက် ရှိတယ်လို့ အလုပ်သမား အဖွဲ့အစည်းအချို့က ခန့်မှန်းထားကြတယ်။ (အနီးစပ်ဆုံး ခန့်မှန်းတွက်ချက် ထားသည့်စာရင်းသာဖြစ်)

ကချင်ပြည်နယ် ကန်ပိုင်တည်မြို့အနီးမှ တရုတ်နိုင်ငံ ထိန်ချုံးခရိုင် ကူရုံးမြို့ဘက်သို့ တစ်ရက်လျှင် သစ်တန် တစ်ရာကျော် ခိုးထုတ်နေဟု ဒေသခံများ ပြောကြား

ကချင်ပြည်နယ် ကန်ပိုင်တည်မြို့အနီး မှ တရုတ်နိုင်ငံ ထိန်ချုံးခရိုင် ကူရုံးမြို့ဘက်သို့ တစ်နေ့လျှင် သစ်တန်တစ်ရာကျော် ခိုးထုတ်နေကြောင်း ဒေသခံများ၊ ကုန်သည်များနှင့် ကားသမားများက The Daily Eleven သတင်းစာသို့ ဆက်သွယ်ပြောကြားသည်။ 
 

ဦးသိန်းစိန်အစိုးရလက်ထက်တွင် မြန်မာ့ပညာရေးစနစ်မှာ လုံးဝပြောင်းလဲခြင်းမရှိဘဲ ဆိုးရွားသည့် အခြေအနေ၌ ရင်ဆိုင်နေရဆဲဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ ဆရာမများအဖွဲ့ချုပ်ဥက္ကဋ္ဌ ပြောကြား

သမ္မတဦးသိန်းစိန် အစိုးရလက်ထက်တွင် ပညာရေးမှာ လုံးဝပြောင်းလဲခြင်းမရှိဘဲ ဆိုးရွားသည့် အခြေအနေ၌ ရင်ဆိုင်နေရဆဲဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ ဆရာမများအဖွဲ့ချုပ်မှ ဥက္ကဋ္ဌ ဦးသုတက ပြောကြားသည်။
 
မေ ၂ ရက် မန္တလေးမြို့ Hotel Hazel တွင် ကျင်းပသော ပထမအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ ဆရာမများအဖွဲ့ချုပ်၏ ပထမအကြိမ်ညီလာခံတွင် ဥက္ကဋ္ဌ ဦးသုတက ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ 
 

၁၃၇၇ ခုနှစ် ကဆုန်လပြည့် (ဗုဒ္ဓနေ့) တွင် ရန်ကုန်မြို့ရှိ တန်ခိုးကြီးဘုရားစေတီများတွင် ညောင်ရေသွန်း ကုသိုလ်ယူသူများဖြင့် စည်ကား

၁၃၇၇ ခုနှစ် ကုဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့) တွင် ရန်ကုန်မြို့အတွင်းရှိ တန်ခိုးကြီးဘုရားစေတီများတွင် ညောင်ရေသွန်း ကုသိုလ်ပြု ဖူးမြော်သူများဖြင့် ယခင်နှစ်ကထက် ပိုမိုစည်ကားခဲ့ကြောင်း သတင်းရရှိသည်။
 
မေ ၂ ရက်တွင် ကျရောက်သည့် မြန်မာသက္ကရာဇ် ၁၃၇၇ ခုနှစ် ကဆုန်လပြည့်နေ့တွင် ရွှေတိဂုံစေတီတော်၊ ကိုးထပ်ကြီးဘုရား၊ မဟာဝိဇယဘုရား၊ ငါးထပ်ကြီးဘုရား၊ ဗိုလ်တထောင်စေတီ၊ ဆူးလေစေတီ၊ ရွှေဘုန်းပွင့်စေတီ အစရှိသည့် ဘုရားစေတီများတွင် အနယ်နယ်အရပ်ရပ်မှ လာရောက်ဖူးမြော် ကုသိုလ်ယူသည့် ဘုရားဖူးများဖြင့် စည်ကားခဲ့ကြောင်း သိရသည်။
 

World Press Freedom Day နှင့် (၂) နှစ်ပြည့် The Daily Eleven အပေါ် အမြင်များ


နှစ်စဉ် မေလ ၃ ရက်နေ့ကို World Press Freedom Day အဖြစ် သတ်မှတ်ထားသည်။ ထို့အတူ ၂၀၁၃ ခုနှစ် မေလ ၃ ရက် (World Press Freedom Day ) တွင် စတင်ထုတ်ဝေခဲ့သည့် The Daily Eleven နေ့စဉ်သတင်းစာ ထုတ်ဝေခဲ့သည်မှာလည်း ယနေ့ဆိုလျှင် (၂) နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။ သို့ပါ၍ World Press Freedom Day တွင် မြန်မာနိုင်ငံ၏ သတင်းလွတ်လပ်ခွင့်အခြေအနေနှင့် (၂)နှစ်ပြည့် The Daily Eleven သတင်းစာအပေါ် နယ်ပယ်အသီးသီးမှ ထင်ရှားသူအချို့၏ အမြင်များအား စုစည်းဖော်ပြအပ်ပါသည် . . .
 
 

KNU တပ်မဟာ (၂) နှင့် တပ်မဟာ (၅) အကြား အစိုးရတပ်မတော်၏ လေကြောင်းမှ ကျည်ကျရောက်မှုဖြစ်ပွား

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၂) နယ်မြေနှင့် တပ်မဟာ (၅) နယ်မြေအကြားတွင် ဧပြီ ၃၀ ရက်က အစိုးရတပ်မတော်၏ လေကြောင်းမှ ကျည်ကျရောက်မှု ဖြစ်ပွားခဲ့ကြောင်း ပန်ဆန်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးသို့  တက်ရောက်နေသည့် KNU အထွေထွေအတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းက အတည်ပြုပြောကြားသည်။
 
KNU တပ်မဟာ (၂) နှင့် တပ်မဟာ (၅) နယ်မြေသည် ဖာပွန်ခရိုင်နှင့် တောင်ငူအကြားတွင် တည်ရှိကြောင်းနှင့် အဆိုပါဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရရှိမှု ရှိ မရှိ မသိရသေးဟု ၎င်းက ဆိုသည်။
 

တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးစာချုပ်မူကြမ်းအား တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ပေါင်းစုံ၏ သဘောထားဖြင့် ပြင်ဆင်ဖြည့်စွက်ပြီး အစိုးရနှင့် ပြန်လည်ဆွေးနွေးရမည်ဆိုသည့်အချက်ကို NCCT အဖွဲ့ခေါင်းဆောင် ရှင်းပြ

အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့မှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့အကြား အတည်ပြုပြီးဖြစ်သည့် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး သဘောတူစာချုပ်မူကြမ်းကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ပေါင်းစုံ၏ သဘောထားဖြင့် ပြင်ဆင်ဖြည့်စွက်ပြီး အစိုးရနှင့်ပြန်လည်ဆွေးနွေးရမည် ဆိုသည့်အချက်ကို မေ ၁ ရက်က ပြုလုပ်သည့် ပန်ဆန်း ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးတွင် ရှင်းပြခဲ့သည်ဟု NCCT အဖွဲ့ခေါင်းဆောင် ဦးနိုင်ဟံသာ က ပြောကြားသည်။

Pages

Subscribe to Eleven Media Group RSS