နာရေးကူညီမှုအသင်း (ရန်ကုန်) က သင်္ကြန်ကာလအတွင်း အရေးပေါ်ကယ်ဆယ်မှု များပြားပြီး နာရေးကူညီမှုလည်း ယခင်နှစ်ထက် ပိုများခဲ့

နာရေးကူညီမှုအသင်း (ရန်ကုန်) မှ သင်္ကြန်အကြိုနေ့မှ အတက်နေ့အထိ ရန်ကုန် မြို့ရှိ လူစည်ကားရာနေရာများတွင် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ရာ ကူညီကယ်ဆယ်ခဲ့ရမှုများ များပြားပြီး သင်္ကြန်တွင်း နာရေးကူညီခဲ့ရမှုလည်း ယခင်နှစ်ထက် များပြားလာကြောင်း သိရသည်။
 
နာရေးကူညီမှုအသင်းအနေဖြင့် ရန်ကုန်မြို့ ရခိုင်သင်္ကြန်မဏ္ဍပ်များ တည်ရှိရာ သုဝဏ္ဏကွင်း၊ မြကျွန်းသာ စက်မှု (၁) နှင့် ကန်တော်ကြီးပတ်လမ်းတို့တွင် အရေးပေါ် ကယ်ဆယ်ရေးယာဉ်များဖြင့် ကူညီစောင့်ရှောက်ပေးခဲ့ကြောင်း သိရသည်။
 

မြန်မာနှစ်ဆန်း ၁ ရက်က ရွှေတိဂုံစေတီတော် ချမ်းသာကြီးတန်ဆောင်းတွင် သွေးလှူဒါန်းသူများပြားပြီး သွေးပုလင်းပေါင်း ၁၀၀၀ နီးပါး ရရှိခဲ့

မြန်မာသက္ကရာဇ် ၁၃၇၇ ခုနှစ် နှစ်ဆန်း ၁ ရက်နေ့၌ ရွှေတိဂုံစေတီတော် ချမ်းသာကြီးတန်ဆောင်း၌ (၂၃) ကြိမ်မြောက် ဒါနဥပပါရမီ စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
 
သွေးလှူဒါန်းရန်အတွက် လာရောက် စာရင်းပေးသွင်းသူဦးရေ ၁၂၀၀ ကျော်ရှိခဲ့ပြီး ယင်းတို့အနက်မှ သွေးပုလင်းပေါင်း ၉၂၅ ပုလင်း ရရှိခဲ့ကြောင်း အမျိုးသားသွေးဌာနမှ ဒေါက်တာနွယ်နွယ်ဦး၏ ပြောကြားချက်အရ သိရသည်။ 
 

မြန်မာသက္ကရာဇ် ၁၃၇၇ ခုနှစ် နှစ်ဆန်း ၁ ရက်တွင် ရန်ကုန်မြို့ရှိ စေတီပုထိုးများ၌ လာရောက်ဖူးမြော်သူများ၊ အလှူဒါနပြုသူများဖြင့် စည်ကား

မြန်မာသက္ကရာဇ် ၁၃၇၇ ခုနှစ်၊ မြန်မာနှစ်ဆန်း ၁ ရက်တွင် မြန်မာတို့၏ ဓလေ့ထုံးတမ်းများအရ  ရန်ကုန်မြို့ရှိ အထင်ကရဘုရားစေတီများသို့ လာရောက်ဖူးမြော်သူများ၊ မြို့နယ်နှင့် ရပ်ကွက်အသီးသီးတို့တွင် အစဉ်အလာမပျက် အလှူအတန်းပြုလုပ်သူများ ကုသိုလ်ကောင်းမှု ပြုလုပ်သူများဖြင့် အထူးစည်ကားခဲ့သည်။ ထို့ပြင် ပန်းခြံများ၊ ကစားကွင်းများနှင့် အပန်းဖြေဥယျာဉ်များ၌လည်း လာရောက်အပန်းဖြေသူများဖြင့် အထူးစည်ကားခဲ့သည်ကို တွေ့ရသည်။
 
ရွှေတိဂုံစေတီတော်
 

မကွေးတိုင်းမြို့နယ် ငါးခုတွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ထု သွန်းလုပ်ထားရှိမည်

အရေးပေါ်ကယ်ဆယ်မှုနှင့် နာရေးကူညီမှုများ ယခင်နှစ်ထက်ပိုမိုဟု နာရေးကူညီမှုအသင်း(ရန်ကုန်)မှ သိရ

ကမ္ဘာအေးဘုရားလမ်းမဏ္ဍပ်များ အမြတ်ရသော်လည်း ကန်ပတ်လမ်းမဏ္ဍပ်များ အရှုံးပေါ်

ရန်ကုန်တိုင်း (၁၀) မြို့နယ်၏ အခြခံမဲစာရင်းပြင်ဆင်ချက်များကို ဧပြီ ၂၂ တွင် စတင်ဆောင်ရွက်မည်

သင်္ကြန်ကာလအတွင်း ရန်ကုန်ဆေးရုံကြီးသို့ ဒဏ်ရာရလူနာ (၇၀၀) ကျော် ကုသမှုခံယူခဲ့ကြောင်းသိရ

သင်္ကြန်ကာလအတွင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနသို့ ရောက်ရှိခဲ့သည့် ထိခိုက်ဒဏ်ရာရ လူနာ ၇၀၀ ကျော်ရှိ

ယခုနှစ် သင်္ကြန်ကာလအတွင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အရေးပေါ်ဌာနသို့ ရေကစားမှုအပြင် အခြားထိခိုက်ဒဏ်ရာကြောင့် ရောက်ရှိခဲ့သည့် လူနာဦးရေ ယခင်နှစ်ထက် လူဦးရေ ၄၀ ကျော် ပိုများခဲ့ပြီး ယခုနှစ်အတွင်း လူနာဦးရေ ၇၃၀၊ သေဆုံးလူနာ ငါးဦးရှိခဲ့ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အရေးပေါ်နှင့် ပြင်ပလူနာဌာနမှ လက်ထောက်ဆေးရုံအုပ် ဒေါက်တာသူရက ပြောပြသည်။ 
 

ဘီလူးချောင်း (၃) ရေအားလျှပ်စစ်စီမံကိန်းမှ ထွက်ရှိမည့် ဓာတ်အားများကို တစ်ယူနစ် ၆၄ ကျပ်ကျော်ဖြင့် အစိုးရက ရွှေတောင်ကုမ္ပဏီထံမှ ပြန်ဝယ်သုံးရမည်

ဘီလူးချောင်း(၃) ရေအားလျှပ်စစ်စီမံကိန်းကို ရွှေတောင်ကုမ္ပဏီ၏ ကုမ္ပဏီခွဲဖြစ်သော အနာဂတ်စွမ်းအားကုမ္ပဏီ (Future Energy Co.,Ltd) သို့ အစိုးရက တည်ဆောက်လုပ်ကိုင်ခွင့်ပေးခဲ့ပြီး ယခုအခါ အဆိုပါစီမံကိန်းမှ ထွက်ရှိသည့် ဓာတ်အားများကို အစိုးရက တစ်ယူနစ် ၆၄ ကျပ်ကျော်ပေး၍ ပြန်လည်ဝယ်ယူသုံးစွဲရမည်ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သိရသည်။
 
ဘီလူးချောင်း(၃) ရေအား လျှပ်စစ်စီမံကိန်းကို BOT စနစ်ဖြင့် ရွှေတောင်ကုမ္ပဏီ၏ ကုမ္ပဏီခွဲဖြစ်သော အနာဂတ်စွမ်းအားကုမ္ပဏီလီမိတက်သို့ နှစ်ရှည်လုပ်ကိုင်ခွင့် ချထားပေးခဲ့ခြင်း ဖြစ်သည်။
 

Pages

Subscribe to Eleven Media Group RSS