ပဲခူးတွင် ဓားခုတ် လုယက်ခံရသော စပိန်နိုင်ငံသား နေရပ်သို့ ပြန်သွားကြောင်း သိရ

ပဲခူးမြို့အထွက် ရန်ကုန်-မန္တလေး ပုံမှန်ကားလမ်းတွင် ဓားခုတ် လုယက်ခံခဲ့ရပြီး ရန်ကုန်ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေရင်း ပျောက်ဆုံးသွားသည့် စပိန်နိုင်ငံသားမှာ ဆာကူရာဆေးရုံတွင် တက်ရောက်ဆေးကုသမှု ခံယူနေပြီး ဖေဖော်ဝါရီ ၂၇ ရက် ညပိုင်း က နေရပ်သို့ပြန်သွားကြောင်း အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရသည်။
 

ဒီမိုကရေစီပညာရေးသပိတ်စစ်ကြောင်း (ပင်မ) ရန်ကုန်သို့ ချီတက်မည်နှင့် စပ်လျဉ်း၍ မေးမြန်းမှုအား ကျောင်းသားကိုယ်စားလှယ်များ အတိအကျဖြေဆိုခြင်း မရှိ

သပိတ်မှောက်ကျောင်းသားများ ရန်ကုန်သို့ ချီတက် လာ၊ မလာ ကို မဘသသံဃာတော်များနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ ဖေဖော်ဝါရီ ၂၈ ရက် ညနေပိုင်းက မြောက်ဒဂုံမြို့နယ်ရှိ ဦးပါမောက္ခ၏ မကွေးကျောင်းတိုက်တွင် ရှင်းလင်းပွဲပြုလုပ်စဉ် မေးမြန်းမှုအား ကျောင်းသားကိုယ်စားလှယ်များက အတိအကျဖြေဆိုခြင်း မရှိကြောင်း သတင်းရရှိသည်။
 
“ရန်ကုန်ကို ချီတက်လာမယ်၊ မလာဘူးဆိုတာကတော့ ကျွန်တော်တို့ ကျောင်းသားသပိတ်စစ်ကြောင်း အသီးသီးမှာရှိတဲ့ ကျောင်းသားကိုယ်စားလှယ်တွေနဲ့ ကျောင်းသားတွေရဲ့ သဘောဆန္ဒကို ဒီ ၂၈ ရက်ညမှာ စုပြီး တစ်ဦးချင်း မေးမြန်းပြီးတော့ လုပ်မှာပါ။ 

မန္တလေးမြို့တွင် ကြက်သေဆုံးမှုများကို ဓာတ်ခွဲစစ်ဆေးရာ ကြက်ငှက်တုပ်ကွေးမဟုတ်ဘဲ အပြင်းစား ကြက်လည်လိမ်ရောဂါဖြစ်ကြောင်း စစ်ဆေးတွေ့ရှိ

မန္တလေးမြို့တွင် လတ်တလော၌ ပုံမှန်မဟုတ်သည့် ကြက်သေဆုံးမှုများ ဖြစ်ပေါ်သည့် အတွက် ဓာတ်ခွဲစစ်ဆေးရာ ကြက်ငှက်တုပ်ကွေးမဟုတ်ဘဲ အပြင်းစား ကြက်လည်လိမ်ရောဂါ ဖြစ်ပွားသည်ကို စစ်ဆေးတွေ့ရှိရကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။
 

ကျောင်းဆောက်လုပ်ရန် မီးရထားပိုင်လစ်လပ်မြေကို ပြန်လည်တောင်းသော်လည်း မပေးဘဲ လုပ်ငန်းရှင်တစ်ဦးကိုပေးမှု ရပ်ကွက်နေသူများ ကန့်ကွက်

စာမေးပွဲဖြေနေသည့် ကာလဖြစ်ခြင်းကြောင့် သပိတ်စစ်ကြောင်းချီတက်ခြင်းနှင့် ပတ်သက်၍ အတိအကျမပြောနိုင်သေးဟု ကိုမင်းသွေးသစ်ပြော

Pages

Subscribe to Eleven Media Group RSS