အီဂျစ်နိုင်ငံ ဆိုင်နိုင်းတွင် တိုက်ခိုက်မှုများ ဖြစ်ပွားပြီး ၂၆ ဦး သေဆုံး

အီဂျစ်နိုင်ငံ မြောက်ပိုင်းရှိ လုံခြုံရေးတပ်များနှင့် အစ္စလာမ္မစ်သူပုန်များ တိုက်ပွဲဖြစ်ပွားနေသည့် ဆိုင်နိုင်းပြည်နယ်တွင် စစ်သွေးကြွများက ရော့ကက်များဖြင့် ပစ်ခတ်ပြီး ကားဗုံးဖောက်ခွဲမှုတစ်ရပ် ပြုလုပ်ခဲ့ရာ လူ ၂၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် ဆီးရီးယားနှင့် အီရတ်တို့တွင် နယ်မြေပေါင်းများစွာ သိမ်းယူထားသော IS အုပ်စု၏ အီဂျစ်အဖွဲ့ခွဲက ၎င်းတို့၏ လက်ချက်ဖြစ်ကြောင်း အလျင်အမြန် ကြေညာခဲ့သည်။

ထိုင်းစစ်အစိုးရကို ဝေဖန်သော ရှပ်နီခေါင်းဆောင်နှင့် ၀န်ကြီးဟောင်းတို့ စစ်တပ်ထံ လာရောက်သတင်းပို့ရန် အတင်းအကျပ် ဖိအားပေးခံရ

အစိုးရနှင့် သဘောထားကွဲလွဲသူများအား ထိုင်းစစ်အစိုးရက ဖိနှိပ်မှု တိုးမြှင့်ပြုလုပ်နေချိန်တွင် စစ်အစိုးရအား ဝေဖန်ခဲ့သော ရှပ်နီလှုပ်ရှားမှု ထိပ်တန်းခေါင်းဆောင် တစ်ဦးနှင့် ၀န်ကြီးဟောင်း တစ်ဦးတို့သည် သဘောထား ပြုပြင်ရေး အစီအစဉ်အတွက် စစ်တပ်ထံ သတင်းပို့ရန် ဇန်န၀ါရီ ၃၀ ရက်တွင် အတင်းအကျပ် ဖိအားပေးခံခဲ့ရကြောင်း သိရသည်။ အစိုးရကို လူသိရှင်ကြား ဝေဖန်ခဲ့ပြီးနောက် ၀န်ကြီးချုပ်ဟောင်း ယင်လက်ရှင်နာဝပ်ထရာအား ထောက်ခံသော ရှပ်နီလှုပ်ရှားမှု အတွင်းရေးမှူးချုပ် Nattawut Saikuar နှင့် ယင်လက် အစိုးရလက်ထက် စွမ်းအင်ဝန်ကြီး Pichai Narip-thaphan တို့သည် စစ်တပ်ကို သတင်းပို့ရန် ညွှန်ကြားခံခဲ့ရခြင်းဖြစ်သည်။

ဘိုကိုဟာရမ်တို့ကို တိုက်ခိုက်မည့် တပ်သား ၇၅၀၀ ခန့် ပါဝင်သော အဖွဲ့တစ်ခု ဖြစ်ပေါ်လာရန် အာဖရိကသမဂ္ဂ တောင်းဆို

နိုင်ဂျီးရီးယားမှ အလွန်ဆိုးရွားသော ဘိုကိုဟာရမ် အစ္စလာမစ်များကို ချေမှုန်းရန် ဒေသတွင်းငါးနိုင်ငံမှ တပ်သား ၇၅၀၀ ကို အာဖရိကသမဂ္ဂ (AU) မှ တောင်းဆိုခဲ့ကြောင်း AU ကော်မရှင်ဥက္ကဋ္ဌ နာကိုဆာဇာနာဒလာမီနီ-ဇူးမားက ပြောကြားခဲ့သည်။

“ဘိုကိုဟာရမ်ရဲ့ အလွန်ဆိုးရွားတဲ့ အကြမ်းဖက်မှုတွေ၊ ရက်စက်မှုတွေ၊ လူ့အသက်တွေကို လျစ်လျူပြုမှုတွေ၊ ပိုင်ဆိုင်မှုတွေကို အကြောင်းမဲ့သက်သက် ဖျက်ဆီးမှုတွေဟာ ပြိုင်ဘက်မရှိ ဖြစ်နေပါပြီ” ဟု ဒလာမီနီ-ဇူးမားက AU အဖွဲ့၏ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကောင်စီ တွေ့ဆုံမှုတွင် ပြောကြားခဲ့သည်။

အမျိုးသားပညာရေးဥပဒေ သပိတ်မှောက်စစ်ကြောင်းကို ဆွေးနွေးပွဲရက်၌သာ ရပ်နားမည်ဖြစ်ပြီး ရန်ကုန်မြို့သို့ ဆက်လက်ချီတက်မည်

အမျိုးသားပညာရေး ဥပဒေမူကြမ်းအား ကန့်ကွက်သည့် အနေဖြင့် သပိတ်မှောက်လမ်းလျှောက် ချီတက်နေသည့် စစ်ကြောင်းကို ဆွေးနွေးပွဲရက်တွင်သာ ခေတ္တရပ်နားမည်ဖြစ်ပြီး ရန်ကုန်မြို့သို့ ဆက်လက်ချီတက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန် ပျက်ကွက်နေခြင်း၊ ဂျာနယ်လစ်များအပါအ၀င် ငြိမ်းချမ်းစွာ ဝေဖန်ပြောဆိုသူများကို ဖမ်းဆီးခြင်းများက မြန်မာ့ပြုပြင်ပြောင်းလဲမှု နှေးကွေးကျဆင်းသွားခြင်းကို ပြဆိုနေကြောင်း လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့(HRW) ထောက်ပြ

၂ဝ၁၄ ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့သော အခြေအနေများကို သုံးသပ်ပြီး ထုတ်ပြန်ခဲ့သည့် နိုင်ငံတကာ လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့(HRW) ၏ ၂ဝ၁၅ ခုနှစ် အစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှု အခြေအနေများ နှေးကွေးကျဆင်းနေကြောင်း ဖော်ပြလိုက်သည်။

ဇန်နဝါရီ ၂၉ ရက်က ထုတ်ပြန်သော အဆိုပါ အစီရင်ခံစာ၌ မြန်မာနိုင်ငံနှင့် ပတ်သက်သော အကြောင်းအရာများကို စာမျက်နှာ ခြောက်မျက်နှာဖြင့် ဖော်ပြထားပြီး ပြုပြင်ပြောင်းလဲမှု နှေးကွေးကျဆင်းစေခဲ့သည့် အကြောင်းအရာများအား ဖော်ပြခဲ့ခြင်း ဖြစ်သည်။ 

Pages

Subscribe to Eleven Media Group RSS