အခြေခံပညာအဆင့် အောင်စာရင်းများ ထုတ်ပြန်၊ အစိုးရစစ်စာမေးပွဲဖြစ်သည့် အဋ္ဌမတန်း၏ တစ်နိုင်ငံလုံးအောင်ချက် ၅၄ ရာခိုင်နှုန်းရှိပြီး ကျရှုံးသူများ မေ ၁၄ ရက်တွင် ပြန်ဖြေရမည်

၂၀၁၄-၂၀၁၅ ပညာသင်နှစ် အခြေခံပညာအဆင့် အောင်စာရင်းများ၂၀၁၅ ခုနှစ် ဧပြီ ၁၈ ရက်တွင် ထုတ်ပြန်ခဲ့ပြီး အစိုးရစစ်ဖြစ်သည့် စတုတ္ထတန်းနှင့် အဋ္ဌမတန်း  အောင်ချက်ရာခိုင်နှုန်းများ ကျဆင်းပြီး ကျရှုံးသူများ မေ ၁၄ ရက်တွင် ပြန်လည်ဖြေဆိုရမည်ဖြစ်ကြောင်း အမှတ် (၃)အခြေခံပညာဦးစီးဌာနမှ သိရသည်။
 

ကိုးကန့်ဒေသတွင်း တိုက်ပွဲများ ပြီးဆုံးခါနီးပြီဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား

ကိုးကန့်ဒေသတွင်း တိုက်ပွဲများ ပြီးဆုံးခါနီးပြီဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဧပြီ ၁၈ ရက်တွင် ပြောကြားသည်။
 
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လားရှိုးမြို့ အမှတ်(၉) တပ်မတော်ဆေးရုံတွင် တက်ရောက်ကုသနေသော ဒဏ်ရာရအရာရှိ စစ်သည်များ၊ ကယ်ဆယ်ရေးအဖွဲ့များနှင့် တွေ့ဆုံစဉ် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
 

ဧပြီလ ၁၉ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး
 
၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ အရေးပါသော လူထုဆန္ဒခံယူပွဲတစ်ခုဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လူထုဆန္ဒခံယူပွဲကို မူလက ပြောကြားထားသော မေလတွင် ပြုလုပ်နိုင်ဖွယ် မရှိတော့ကြောင်း သိရသည်။ အဆိုပါ “၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဥပဒေကြမ်း” အတည်ပြုရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဥပဒေ (ယင်းဥပဒေပါ ဆန္ဒမဲပေးခွင့်ရှိသူများ ပြဋ္ဌာန်းချက်နှင့်ပတ်သက်၍ ပြင်ဆင်ရဦးမည်ဖြစ်သည်) ကို ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်တွင် သမ္မတဦးသိန်းစိန်က လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည်။
 

မညီမျှခြင်း၏ရလဒ်

“ နိုင်င်ငံ့ဝန်ထမ်းဆိုတာ တစ်ပြေးညီ ထားရမှာလေ။ လူတန်းစားကွာဟချက် များလာတာပေါ့။ ကွာဟချက်တွေ ပိုများလာမယ်။ တပ်မတော်နဲ့ အရပ်ဘက် ကွာဟချက်တစ်ခု ဖြစ်လာမယ်။ နောက်တစ်ခုက အရပ်ဘက်ဝန်ထမ်းနဲ့ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်တို့နဲ့ ကွာဟချက် ဖြစ်လာမယ်။ အနည်းဆုံး သုံးခုဖြစ်လာမယ်။ လူတန်းစားကွာဟတဲ့ဥစ္စာ အဆိုးဆုံးပဲ။ လူတန်းစား ကွာဟလာရင် ဒါအကုန်လုံး ပြည်သူတွေပဲလေ။ ပြည်သူတွေ အလွှာသုံးလွှာဖြစ်သွားမယ်။ တစ်လွှာနဲ့တစ်လွှာ လစာမတူတဲ့အတွက်ကြောင့် လစာနဲ့ လူကို အတန်းအစား ခွဲပစ်လိုက်တယ်။ အဲ့ဒီ အခြေခံပေါ်မူတည်ပြီး မတူဘူး၊ မတန်ဘူးဆိုတာဖြစ်လာရင် ဒါ လူတန်းစားကွာဟမှုကနေ တစ်ဆင့် သွေးခွဲမှုတွေ၊ သွေးကျဲလာ

ယဉ်ကျေးမှုကို စကားပြောကြည့်ခြင်း

ပြောရမယ်ဆိုရင် ဒီနိုင်ငံက တော်တော်လေးကို ယဉ်ကျေးမှု ထွန်းကားတယ်။ ရပ်ကွက်ထဲမှာ။ စာသင်ကျောင်းမှာ။ လူတွေ ဆုံတွေ့ကြတဲ့အခါတွေမှာ။ ဖေ့စ်ဘွတ်ပေါ်မှာကတော့ ယဉ်ကျေးမှု အထွန်းကားဆုံးပဲ။ ကိုယ့်လူမျိုးတွေ၊ အမျိုးသမီးတွေ ယဉ် ကျေးမှု မပပျောက်အောင် ဆုံးမပဲ့ပြင်ပေးကြတဲ့သူတွေ အတော့်ကိုများသား။ အ၀တ်အစား ၀တ်ဆင်မှုဆိုတဲ့အပြင် ဗဟိဒ္ဓသဘောထားအပေါ် ပြစ်တင်ကြတာတွေ မကြာမကြာ တွေ့ရတဲ့အခါ ယဉ်ကျေးမှုဆိုတာ ဘာလဲလို့  ပြန်ပြန် စဉ်းစားဖို့ ဖြစ်လာရတော့တယ်။ ကျွန်တော်ယဉ်ကျေးမှုအကြောင်း စကားပြောကြည့်ချင်ပါရဲ့။
 

နာရေးကူညီမှုအသင်း (ရန်ကုန်) က သင်္ကြန်ကာလအတွင်း အရေးပေါ်ကယ်ဆယ်မှု များပြားပြီး နာရေးကူညီမှုလည်း ယခင်နှစ်ထက် ပိုများခဲ့

နာရေးကူညီမှုအသင်း (ရန်ကုန်) မှ သင်္ကြန်အကြိုနေ့မှ အတက်နေ့အထိ ရန်ကုန် မြို့ရှိ လူစည်ကားရာနေရာများတွင် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ရာ ကူညီကယ်ဆယ်ခဲ့ရမှုများ များပြားပြီး သင်္ကြန်တွင်း နာရေးကူညီခဲ့ရမှုလည်း ယခင်နှစ်ထက် များပြားလာကြောင်း သိရသည်။
 
နာရေးကူညီမှုအသင်းအနေဖြင့် ရန်ကုန်မြို့ ရခိုင်သင်္ကြန်မဏ္ဍပ်များ တည်ရှိရာ သုဝဏ္ဏကွင်း၊ မြကျွန်းသာ စက်မှု (၁) နှင့် ကန်တော်ကြီးပတ်လမ်းတို့တွင် အရေးပေါ် ကယ်ဆယ်ရေးယာဉ်များဖြင့် ကူညီစောင့်ရှောက်ပေးခဲ့ကြောင်း သိရသည်။
 

မြန်မာနှစ်ဆန်း ၁ ရက်က ရွှေတိဂုံစေတီတော် ချမ်းသာကြီးတန်ဆောင်းတွင် သွေးလှူဒါန်းသူများပြားပြီး သွေးပုလင်းပေါင်း ၁၀၀၀ နီးပါး ရရှိခဲ့

မြန်မာသက္ကရာဇ် ၁၃၇၇ ခုနှစ် နှစ်ဆန်း ၁ ရက်နေ့၌ ရွှေတိဂုံစေတီတော် ချမ်းသာကြီးတန်ဆောင်း၌ (၂၃) ကြိမ်မြောက် ဒါနဥပပါရမီ စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
 
သွေးလှူဒါန်းရန်အတွက် လာရောက် စာရင်းပေးသွင်းသူဦးရေ ၁၂၀၀ ကျော်ရှိခဲ့ပြီး ယင်းတို့အနက်မှ သွေးပုလင်းပေါင်း ၉၂၅ ပုလင်း ရရှိခဲ့ကြောင်း အမျိုးသားသွေးဌာနမှ ဒေါက်တာနွယ်နွယ်ဦး၏ ပြောကြားချက်အရ သိရသည်။ 
 

မြန်မာသက္ကရာဇ် ၁၃၇၇ ခုနှစ် နှစ်ဆန်း ၁ ရက်တွင် ရန်ကုန်မြို့ရှိ စေတီပုထိုးများ၌ လာရောက်ဖူးမြော်သူများ၊ အလှူဒါနပြုသူများဖြင့် စည်ကား

မြန်မာသက္ကရာဇ် ၁၃၇၇ ခုနှစ်၊ မြန်မာနှစ်ဆန်း ၁ ရက်တွင် မြန်မာတို့၏ ဓလေ့ထုံးတမ်းများအရ  ရန်ကုန်မြို့ရှိ အထင်ကရဘုရားစေတီများသို့ လာရောက်ဖူးမြော်သူများ၊ မြို့နယ်နှင့် ရပ်ကွက်အသီးသီးတို့တွင် အစဉ်အလာမပျက် အလှူအတန်းပြုလုပ်သူများ ကုသိုလ်ကောင်းမှု ပြုလုပ်သူများဖြင့် အထူးစည်ကားခဲ့သည်။ ထို့ပြင် ပန်းခြံများ၊ ကစားကွင်းများနှင့် အပန်းဖြေဥယျာဉ်များ၌လည်း လာရောက်အပန်းဖြေသူများဖြင့် အထူးစည်ကားခဲ့သည်ကို တွေ့ရသည်။
 
ရွှေတိဂုံစေတီတော်
 

မကွေးတိုင်းမြို့နယ် ငါးခုတွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ထု သွန်းလုပ်ထားရှိမည်

အရေးပေါ်ကယ်ဆယ်မှုနှင့် နာရေးကူညီမှုများ ယခင်နှစ်ထက်ပိုမိုဟု နာရေးကူညီမှုအသင်း(ရန်ကုန်)မှ သိရ

Pages

Subscribe to Eleven Media Group RSS