မောင်တောမြို့မှ နှစ်မိုင်အကွာ လသာ ဟိန္ဒူကျေးရွာရှိ လူဦးရေ ၃၀၀ အား လုံခြုံရေးတပ်ဖွဲ့မှ ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးခဲ့ပြီး မောင်တောမြောက်ပိုင်းမှ ဟိန္ဒူဘာသာဝင် ၄၀၀ ကျော် အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေ မောင်တောမြို့မှ နှစ်မိုင်အကွာ လသာ ဟိန္ဒူကျေးရွာရှိ လူဦးရေ ၃၀၀ အား လုံခြုံရေးတပ်ဖွဲ့မှ ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးခဲ့ပြီး မောင်တောမြောက်ပိုင်းမှ ဟိန္ဒူဘာသာဝင် ၄၀၀ ကျော် အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေ ■ မောင်တောမြို့ပေါ်တွင် ဒေသခံ တိုင်းရင်းသား သုံးပုံတစ်ပုံခန့်သာ ကျန်ရှိတော့ကြောင်း သိရ

မောင်တောမြို့မှ နှစ်မိုင်အကွာ လသာ ဟိန္ဒူကျေးရွာရှိ လူဦးရေ ၃၀၀ အား လုံခြုံရေးတပ်ဖွဲ့မှ ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးခဲ့ပြီး မောင်တောမြောက်ပိုင်းမှ ဟိန္ဒူဘာသာဝင် ၄၀၀ ကျော် အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေ မောင်တောမြို့မှ နှစ်မိုင်အကွာ လသာ ဟိန္ဒူကျေးရွာရှိ လူဦးရေ ၃၀၀ အား လုံခြုံရေးတပ်ဖွဲ့မှ ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးခဲ့ပြီး မောင်တောမြောက်ပိုင်းမှ ဟိန္ဒူဘာသာဝင် ၄၀၀ ကျော် အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေ ■ မောင်တောမြို့ပေါ်တွင် ဒေသခံ တိုင်းရင်းသား သုံးပုံတစ်ပုံခန့်သာ ကျန်ရှိတော့ကြောင်း သိရ
Published 1 September 2017

ဘင်္ဂါလီ အစွန်းရောက် အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကြောင့် ထွက်ပြေး တိမ်းရှောင်ခဲ့ရသော ဒေသခံများ မောင်တောခရိုင် တောင်ပြိုလက်ဝဲမြို့တစ်နေရာတွင် လုံခြုံရေးအကူအညီဖြင့် နေထိုင်နေစဉ်

ARSA အကြမ်းဖက်သမားများ ပိတ်ဆို့ထားသည့် ဟိန္ဒူအိမ်ထောင်စု ၇၀ စုမှ လူဦးရေ ၃၀၀ အား ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ လသာကျေးရွာမှ ဟိန္ဒူအိမ်ထောင်စု ၇၀ စု လူဦးရေ ၃၀၀ ဦးခန့်အား ARSA အစွန်းရောက် အကြမ်းဖက်သမားများမှ ရန်ပြုပိတ်ဆို့ထားသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အပြင်စည်းလုံခြုံရေး၊ လမ်းကြောင်း လုံခြုံရေးနှင့် အနီးကပ်လုံခြုံရေးတို့ဖြင့် ဘေးကင်းရာသို့ သြဂုတ် ၃၁ ရက် မွန်းလွဲပိုင်းတွင် ပြောင်းရွှေ့ပေးနိုင်ခဲ့ကြောင်း ၊ ထို့အတူ ဘူးသီးတောင်မြို့နယ်၊ ငါးရံ့ချောင်းကျေးရွာမှ ဟိန္ဒူဘာသာဝင် ၁၉၉ ဦးခန့်ကိုလည်း လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အကူအညီဖြင့် ဘေးကင်းရာသို့ ပြောင်းရွှေ့ပေးနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် မောင်တောမြောက်ပိုင်းမှ ဟိန္ဒူ လူမျိုး ၄၀၀ ကျော် ပျောက်ဆုံးနေကြောင်း သိရပြီး အဆက်အသွယ် မရသေးဘဲ မောင်တောမြို့ပေါ်တွင် ဒေသခံတိုင်းရင်းသား သုံးပုံတစ်ပုံခန့်သာ ကျန်ရှိတော့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
ပျောက်ဆုံးလျက်ရှိသည့် ဟိန္ဒူဘာသာဝင် ၄၀၀ ကျော်မှာ မောင်တောမြို့မှ မိုင် ၃၀ ကျော် ကွာဝေးသော မောင်တောမြို့နယ် သစ်တုံးနားခွဆုံ အိုးထိန်းရွာမှဖြစ်ပြီး သြဂုတ် ၂၇ ရက်က ထွက်ပြေးနေပြီဟု ဖုန်းဖြင့် ဆက်သွယ်မှု ရရှိခဲ့ပြီးနောက်တွင် ယနေ့ (သြဂုတ် ၃၁ ရက်) အထိ မည်သည့်နေရာသို့ ရောက်ရှိနေသည်ကို ဆက်သွယ်၍ မရတော့ကြောင်း၊ အနီးအနားရှိ တိုင်းရင်းသားကျေးရွာများတွင် ရောက်ရှိသည်ကို မတွေ့ရှိရကြောင်း ဒေသခံ ဟိန္ဒူဘာသာဝင်များက ပြောကြားသည်။

“အစောတုန်းကတော့ ဆက်သွယ်လို့ ရတယ်။ သစ်တုံးနားခွဆုံမှာ မြေအိုးလုပ်တဲ့ ဟိန္ဒူရွာ နှစ်ရွာရှိတယ်။ အဲဒီမှာအိမ်ခြေ ၇၀ ကျော် ရှိပြီး လူပေါင်း ၄၀၀ ကျော် ရှိတယ်။ အခု သူတို့ကို ဆက်သွယ်လို့ မရတော့ဘူး။ ထွက်ပြေးနေရပြီ ဆိုတာကိုသာ အဆက်အသွယ် ရခဲ့ပေမယ့် ဘယ်နေရာကို သွားနေတယ်ဆိုတာကိုလည်း မသိရဘူး။ အခုဆိုရင် သူတို့ဟာ တိုင်းရင်းသားကျေးရွာတွေဆီကိုလည်း မရောက်တဲ့အတွက် စိုးရိမ်မိပါတယ်။ သူတို့ တောထဲမှာ ပုန်းအောင်းနေသလား၊ ဒါမှမဟုတ် အသတ်ခံလိုက်ရတာလား ဆိုတာကို ပြောဖို့ခက်ပါတယ်”ဟုလည်း အမည်မဖော်လိုသူ မောင်တောမြို့မှ ဟိန္ဒူတစ်ဦးက ပြောကြားသည်။

ထို့ပြင် သစ်တုံးနားခွဆုံကျေးရွာအုပ်စုတွင် ဟိန္ဒူများနှင့် အနီးအနားတွင် မာရမာကြီး တိုင်းရင်းသားအိမ် လေးငါးအိမ်ခန့် ရှိခဲ့ပြီး ၎င်းတို့အား အဆက်အသွယ် မရဖြစ်နေကြောင်း၊ အနီးအနား ရွာများဖြစ်သည့် တမန်းသား၊ မင်းခမောင်းနှင့် ငရန့်ချောင်း စခန်းများသို့လည်း ရောက်ရှိခြင်း မရှိသည့်အတွက် အထူးစိုးရိမ်မိကြောင်း၊ အလားတူစွာပင် ခမောင်းဆိပ်အုပ်စုတွင်လည်း ဟိန္ဒူနေအိမ် ရှစ်အိမ်ခန့်မှ ဟိန္ဒူများ ပျောက်ဆုံးနေကြောင်း သိရှိရသည်။

“တစ်ဖက်ကလည်း တွေးမိတာ ရှိတယ်။ ဘင်္ဂလားဒေ့ရှ် နယ်စပ်ဘက်ကို ထွက်ပြေးသွားနိုင်တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ဒီအချိန်မှာ ဘင်္ဂလားဒေ့ရှ်က လက်ခံမှာလည်း မဟုတ်ဘူး။ နောက်တစ်ခုက ခမောင်းဆိပ်တောင်ရွာမှာ ဟိန္ဒူ ၁၀ အိမ်လောက် ရှိတယ်။ ရဲဘော်ကျမှာလည်း လေးငါးအိမ် ရှိတယ်။ အဲဒီ အိမ်တွေက လူတွေရဲ့ သတင်းကတော့ အစအနတောင် ရှာမရဘူး။ ဘာသတင်းမှလည်း မကြားဘူး။ မင်းခမောင်းကိုလည်း မရောက်ဘူးဆိုတော့ စိုးရိမ်မိပါတယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ရဲဘော်ကျရွာမှ ဟိန္ဒူလေးငါးအိမ်ခန့်မှ ဟိန္ဒူများအား သတ်ဖြတ်လိုက်ပြီဟု သတင်းများကို ကြားရသော်လည်း အတိအကျပြောရန် ခက်ခဲကြောင်း၊ သွားရောက် ရှာဖွေရန်အတွက် လုံခြုံရေး အခြေအနေအရ မဖြစ်နိုင်သေးကြောင်း ၎င်းကပြောကြားသည်။

“နောက်တစ်ခုက ရိုနယ်စန်းလွင်ဆိုတဲ့ အကောင့်မှာ ဟိန္ဒူအမျိုးသမီး ခြောက်ယောက်ရဲ့အင်တာဗျူးတစ်ခုကို တွေ့တယ်။ အဲဒီအင်တာဗျူးဟာ ရဲဘော်ကျရွာက ကျွန်တော်တို့ရဲ့အသိ ဟိန္ဒူမိန်းကလေးတွေပါ။ အဲဒီမှာ ရခိုင်တိုင်းရင်းသားတွေ တိုက်ခိုက်တယ် ဆိုတာ လုံး၀ မဟုတ်ဘူး။ သူတို့ကို မောင်တောမြောက်ပိုင်းမှာ ဖမ်းထားတာ ဖြစ်နိုင်ပါတယ်။ ဘင်္ဂလားဒေ့ရှ်ကို ရောက်နေတာ မဖြစ်နိုင်ဘူး။ နောက်ပြီး အဲဒီမိန်းကလေးတွေရဲ့ ဆွေမျိုးတွေကို သတ်လိုက်ကြတာ ဖြစ်နိုင်ပါတယ်။ အဲဒီမိန်းကလေးတွေက သူတို့ခိုင်းသလို မလုပ်ရင် သတ်ပစ်မယ်ဆိုပြီး ခြိမ်းခြောက်ထားတဲ့အတွက် လုပ်ဆောင်ရတာ ဖြစ်ပါလိမ့်မယ်”ဟု အဆိုပါ အမည်မဖော်လိုသူက ပြောကြားသည်။

မောင်တောမြို့ပေါ် ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များကို သြဂုတ် ၃၁ ရက်က တွေ့ရစဉ်

သြဂုတ် ၂၅ ရက်တွင် ဘင်္ဂါလီအစွန်းရောက် အကြမ်းဖက်များက ရဲကင်းစခန်းများကို တစ်ပြိုင်နက် ဝင်ရောက် တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက်ပိုင်းတွင် လက်ရှိအချိန်ထိ တိုက်ခိုက်မှုများ ဖြစ်ပွားလျက် ရှိခြင်းဖြစ်သည်။

“ဒီနေ့ကတော့ မောင်တောမှာ ဒေသခံ တိုင်းရင်းသားတွေ မရှိတော့ဘူး။ သုံးပုံနှစ်ပုံလောက် လျော့သွားပြီ။ မြို့ထဲမှာ ခြောက်ကပ်နေတာပဲ” ဟု မောင်တောမြို့ အခြေစိုက် The Daily Eleven သတင်းစာ၏ သတင်းထောက်က သတင်းပေးပို့သည်။

သြဂုတ် ၂၅ ရက်မှ စတင်ခဲ့သော တိုက်ခိုက်မှုများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရလျက်ရှိသည့် ဒေသခံ ရခိုင်တိုင်းရင်းသား မျိုးနွယ်များမှာ စစ်တွေမြို့သို့ ပြောင်းရွှေ့နေခြင်း ဖြစ်သည်။ ဘူးသီးတောင်မြို့နယ်မှ တစ်ဆင့် သွားရောက်လျက် ရှိသည့် မောင်တောဒေသခံ တိုင်းရင်းသားများမှာ မော်တော်ယာဉ်များဖြင့် သွားရောက်နေခြင်းဖြစ်ပြီး လက်ရှိတွင် အစုလိုက်အပြုံလိုက် ရွှေ့ပြောင်းနေခြင်း ဖြစ်ကြောင်း စစ်တွေရှိ The Daily Eleven သတင်းထောက်က သတင်းပေးပို့သည်။

“စစ်တွေကိုတော့ ဒီနေ့တက်လာတဲ့သူတွေ အများကြီးပဲ။ အလှူရှင်တွေကလည်း မောင်တောမြို့ပေါ်လောက်ပဲ သွားနိုင်တဲ့ အနေအထားမှာပဲ ရှိတယ်။ မောင်တော ပတ်ဝန်းကျင်ရွာတွေကိုတော့ လုံခြုံရေးကြောင့် မသွားနိုင်သေးဘူး” ဟု စစ်တွေမြို့ရှိ The Daily Eleven သတင်းထောက်က သတင်းပေးပို့သည်။

မောင်တောမြို့ပေါ်တွင် မြန်မာ့စီးပွားရေးဘဏ်၊ ကမ္ဘောဇဘဏ်နှင့် ကမ္ဘာ့ရတနာဘဏ်တို့ရှိရာ သြဂုတ်၂၅ ရက်မှစပြီး ဘဏ်များ ပိတ်ထားသော်လည်း မြန်မာ့စီးပွားရေးဘဏ်မှာ ပိတ်ထားခြင်းမရှိဘဲ ဖွင့်လှစ်လျက် ရှိကြောင်း သိရသည်။ အလားတူ ဌာနဆိုင်ရာ ရုံးများလည်း တရားဝင် ပိတ်ထားခြင်း မရှိကြောင်း၊ ဘင်္ဂါလီရပ်ကွက်တွင် ရှိသည့်ဌာနဆိုင်ရာ ရုံးအချို့တွင် ရုံးလုပ်ငန်းများကို နေရာရွှေ့ပြောင်း လုပ်ဆောင်နေကြပြီး မြို့နယ်ပညာရေးမှ ပညာရေးဝန်ထမ်း လစာကို မောင်တောမြို့တွင်း အမှတ်(၁) မူလွန်ကျောင်းတွင် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

မောင်တောမြို့ပေါ်တွင် သြဂုတ် ၃၁ ရက်ကလည်း အကြမ်းဖက်မှုများ နေရာအချို့တွင် ဖြစ်ပွားလျက်ရှိကြောင်း သိရပြီး ယင်းကဲ့သို့ အခြေအနေများကြောင့် ပြောင်းရွှေ့နေသူ များပြားလာနိုင်ခြင်း ဖြစ်ကြောင်း၊ အစိုးရအနေဖြင့် လုံခြုံရေးများကို ယခုထက် ပိုမိုလုပ်ဆောင်ပေးရန် လိုအပ်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

ဘင်္ဂါလီ အစွန်းရောက် အကြမ်းဖက်များ၏ သြဂုတ် ၂၅ ရက်မှ စတင် တိုက်ခိုက်မှုများကြောင့် သြဂုတ် ၂၉ ရက်အထိ တပ်မတော်သား တစ်ဦး၊ ရဲတပ်ဖွဲ့ဝင် ၁၁ ဦး၊ လူဝင်မှုကြီးကြပ်ရေးဝန်ထမ်း တစ်ဦး၊ စုစုပေါင်း ၁၃ ဦး သေဆုံးခဲ့ရပြီး ဟိန္ဒူဘာသာဝင် ခုနစ်ဦး၊ ဒိုင်းနက်လူမျိုး ငါးဦး သေဆုံးခဲ့ကြောင်း၊ တပ်မတော်သား တစ်ဦးနှင့် လက်နက်ငယ်တစ်လက် ပျောက်ဆုံးလျက်ရှိပြီး ရဲတပ်ဖွဲ့ဝင် ၁၂ ဦး၊ ကျန်းမာရေးဝန်ထမ်း တစ်ဦး၊ နေ့စားဝန်ထမ်း နှစ်ဦး၊ မြိုလူမျိုး တစ်ဦးနှင့် ဒိုင်းနက်လူမျိုးနှစ်ဦး စုစုပေါင်း ၁၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ARSA အစွန်းရောက် အကြမ်းဖက်သမားများ၏ အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်များတွင် ဘီအေ-၉၄ သေနတ် ငါးလက်၊ ၁၂ ဗို့ သေနတ်နှစ်လက်၊ ပွိုင့် ၃၈ ခြောက်လုံးပြူး တစ်လက်၊ ဘီအေ-၆၃ သေနတ် တစ်လက်၊ အမ်အေ-၁၁ တစ်လက်၊ စုစုပေါင်းလက်နက်ငယ် ၁၀ လက်၊ ၇ ဒသမ ၆၂ ကျည် အတောင့် ၁၄၀၀၊ ၅ ဒသမ ၅၆ ကျည် ၂၅ ‌တောင့်၊ ကျည်အိမ်တစ်ခု၊ အီနာဂါဗုံးသီး ခြောက်လုံး၊ ပလတ်စတစ် ဗုံးသီး ငါးလုံး၊ ဆက်သွယ်ရေးစက် တစ်လုံးနှင့် ကျည်အိမ်တစ်ခုတို့ ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ဘင်္ဂါလီ အကြမ်းဖက်သမားများ တိုက်ခိုက်လျက်ရှိသည့် မောင်တောမြို့နယ်တွင် လူဦးရေ ၅၂၀၀၀၀ ကျော်အနက် တိုင်းရင်းသားဦးရေမှာ ၄၉၀၀၀ နှင့် အခြား ၄၇၀၀၀၀ ကျော်၊ ဘူးသီးတောင်မြို့နယ်တွင် လူဦးရေ ၃၄၀၀၀၀ ကျော်အနက် တိုင်းရင်းသားမှာ ၅၅၀၀၀ ကျော်နှင့် အခြား၂၈၅၀၀၀ ကျော်ရှိကြောင်း၂၀၁၆ ခုနှစ် စက်တင်ဘာ ၂၂ ရက် တွင် ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေ၏ အဆိုအရ သိရသည်။

မောင်တောမြို့မှ ပြောင်းရွှေ့ရန် စီစဉ်နေသည့် မိသားစုဝင်အချို့

■ မောင်တောမြို့ပေါ်ရှိ ဒေသခံ တိုင်းရင်းသားများ ဘူးသီးတောင်မြို့သို့ ထွက်ခွာ

မောင်တောမြို့ပေါ်နေ ရခိုင်တိုင်းရင်းသား မိသားစုများ စစ်တွေမြို့သို့ ပြောင်းရွှေ့ရန် မော်တော်ကားများဖြင့် ဆက်တိုက် ဘူးသီးတောင်မြို့သို့ ထွက်ခွာလျက် ရှိကြောင်း သိရသည်။ ထိုသို့ ပြောင်းရွှေ့သူများတွင် မောင်တောမြို့ပေါ်ရှိ ကယ်ဆယ်ရေးစခန်းတွင် ခိုလှုံနေကြသူများပင် ဘူးသီးတောင်မြို့သို့ ထပ်မံ ထွက်ခွာနေခြင်း ဖြစ်သည်။

ဝိမလ ရပ်ကွက်ထဲမှ စာသင်ကျောင်းတွင် ဖွင့်လှစ်ထားသည့် ကယ်ဆယ်ရေးစခန်းတွင် ခိုလှုံနေကြသော ဟိန္ဒူဘာသာဝင်များပါဘူး သီးတောင်မြို့သို့ ထွက်ခွာနေကြရာ ယခင်က လူဦးရေ ၁၈၀၀ ခန့် ရှိခဲ့သော စခန်းတွင် လူဦးရေ ၁၀၀၀ ခန့်သာ ကျန်ရှိတော့ကြောင်းနှင့် လေးမိုင်ရပ်ကွက် ကယ်ဆယ်ရေးစခန်းတွင် ယခင်က လူဦးရေ ၂၂၀၀ ကျော် ရှိခဲ့ရာမှ လက်ရှိတွင် ၁၂၀၀ ကျော်သာ ကျန်ရှိတော့ကြောင်း သိရသည်။

“အမျိုးသမီးတွေ၊ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေ အများဆုံး ပြောင်းရွှေ့ကြပါတယ်။အိမ်နီးနားက မိသားစုတွေ ပြောင်းကြတော့ ကျွန်တော့် မိသားစုကိုလည်း စစ်တွေကို ယာယီပြောင်းဖို့ ဒီကနေ့ ဘူးသီးတောင်ကို ပို့လိုက်ပါတယ်။ ဒီမှာက သတင်းတွေ အမျိုးမျိုးထွက်နေသလို စိတ်မချရတဲ့ အနေအထားဖြစ်နေတဲ့ အခါကျတော့ ပြောင်းရွှေ့တဲ့သူတွေကိုလည်း အပြစ်မပြောသင့်ဘူး။ အခုဆိုရင် မနက်ပိုင်းမှာ ရောင်းကြတဲ့ သားငါးဈေးသည် တစ်ယောက်နှစ်ယောက်ပဲ ရှိတာ ဝယ်မယ့်သူ မရှိတော့ဘူးလို့ ပြောတယ်။ မြို့ပေါ်မှာ လူ အသွားအလာ တော်တော်ကို နည်းသွားပြီ”ဟု ဝိမလရပ်ကွက်သားတစ်ဦးက ပြောကြားသည်။

ရွာမီးရှို့ခံရသဖြင့် မေယုတောင်ပေါ်တွင် တိမ်းရှောင်နေရသည့် ခူတိုင်းရွာသားများကို ကယ်ဆယ်ကျေးရွာ မီးရှို့ခံရပြီး တစ်ရွာလုံး မေယုတောင်ပေါ် တက်ပြေး ပုန်းခိုနေရသည့် မောင်တောမြို့နယ် မြောက်ပိုင်းမှ ခူတိုင်းကျေးရွာသားများနှင့် ကျောင်းဆရာများကို သြဂုတ် ၃၁ ရက် နံနက် ၁၁ နာရီ ၅၀ တွင်  မြန်မာ့တပ်မတော်စစ်ကြောင်းမှ ရှာတွေ့ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

တောထဲတွင် ရိက္ခာပြတ်လတ်ကာ ထွက်ပြေးနေရသည့် ခူတိုင်ကျေးရွာသား ၃၅၀ ဦး ခန့်ရှိကြောင်းနှင့် ပျောက်ဆုံး ကျန်ရစ်သူများလည်း ရှိကြောင်း၊အစာရေစာနှင့် ဆေးကုသရန် လိုအပ်နေကြောင်း ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန်းမောင်ဦးက ပြောကြားသည်။

“အဲဒီ ခူတိုင်ရွာသားတွေနဲ့အတူ ထွက်ပြေးနေရတဲ့ ကျောင်းဆရာလေး တစ်ယောက်က ကျွန်တော့်ကို ဖုန်းဆက် အကူအညီတောင်းလို့ လုံခြုံရေးတာဝန်ရှိသူတွေကို အကူအညီ တောင်းခဲ့ရတယ်။ ဒီကနေ့ နံနက် ၁၁ နာရီ ၅၀ မှာတော့ မောင်တောမြို့နယ်နဲ့ ဘူးသီးတောင်မြို့နယ်အစပ်မှာ တပ်မတော်နဲ့ တွေ့ တာလို့ သိရတယ်။ ပျောက်နေတဲ့ ရွာသားတွေလည်း ရှိတယ်။ အတိအကျ မသိရသေးဘူးလို့ ပြောတယ်”ဟု လွှတ်တော်ကိုယ်စားလှယ် ဦးသန်းမောင်ဦးက ပြောကြားသည်။

စစ်တွေမြို့သို့ ပြောင်းရွှေ့လာသည့် ဒေသခံ တိုင်းရင်းသားများကို သြဂုတ် ၃၁ ရက်က တွေ့ရစဉ်

■ စစ်တွေမြို့သို့ ပြောင်းရွှေ့ ရောက်ရှိလာသည့် နေရပ်စွန့်ခွာ ထွက်ပြေးလာသူ ဒေသခံတိုင်းရင်းသား များလာ

ဘင်္ဂါလီ အစွန်းရောက် အကြမ်းဖက်သမားများ တိုက်ခိုက်မှုများကြောင့် မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်များမှ စစ်တွေမြို့သို့ ပြောင်းရွှေ့ ရောက်ရှိလာသည့် နေရပ်စွန့်ခွာ ထွက်ပြေးလာသူ များပြားလာနေကြောင်းနှင့် လူဦးရေထောင်နှင့်ချီပြီး ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

အကြမ်းဖက်မှုများ စတင်ဖြစ်ပွားသည့် သြဂုတ် ၂၅ ရက်တွင် ပြောင်းရွှေ့မှု အနည်းငယ်သာ ရှိရာမှ သြဂုတ် ၃၀ ရက်နှင့် ၃၁ ရက်တို့တွင် ပိုမိုများပြားလာခဲ့ပြီး ဘူးသီးတောင်မှ သင်္ဘောဖြင့် လာရောက်သူများအပြင် စက်လှေကြီးများဖြင့်လည်း လာရောက်သူများ ရှိနေကြောင်း သိရသည်။

ပြောင်းရွှေ့လာသူများတွင် မောင်တောမြို့နယ်တောင်ပိုင်းမှ ရွှေရင်အေး၊ ကိုင်ကြီး၊ ကင်းချောင်း၊ ဗောဓိကုန်း၊ အလယ်သံကျော် အစရှိသော ကျေးရွာများ မောင်တောမြို့နယ် အရှေ့ဘက်ခြမ်းရှိ ကျေးရွာများလည်း ပါဝင်ကြောင်း သိရသည်။

“အခုရောက်နေတာကို မောင်တောမြို့နယ် များတယ်။ မောင်တောမြို့ပေါ်ကလည်း ပါတယ်။ မနက်ပိုင်း စာရင်းအရတော့ ဓမ္မာရာမကျောင်းမှာတော့ ၂၂၀ လောက် ရှိတယ်။ နောက်ထပ် ၁၀၀ ရောက်လာနေတယ်လို့ ပြောတယ်။ ဆိုတော့ ၃၀၀ ကျော် ဖြစ်သွားလိမ့်မယ်။ စားသောက်ရေး အတွက်တော့ ကျွန် တော်တို့ အလှူငွေကောက်ခံပြီး အဆင်ပြေအောင် ကူညီထားပါတယ်။ ရေရှည်မှာတော့ ကျွန်တော်တို့လည်း မသိသေးဘူး။ စစ်တွေဘက်ကို ပြေးလာတဲ့သူတွေ များလာတယ်။ တခြားကျောင်းတွေမှာလည်း ရှိသေးတယ်လို့ သိရတယ်။ သချုႋင်းကုန်းနားက ကျောင်းမှာတော့ ၁၀၀ ကျော်လောက် ရောက်နေပြီး အဓိဌာကျောင်းမှာတော့၂၀၀ ကျော်ရှိတယ်လို့ သိရတယ်” ဟု ရပ်ကွက်နာရေးကူညီစောင့်ရှောက်မှုအသင်းဥက္ကဋ္ဌ ဦးအောင်နိုင်လင်းက ပြောကြားသည်။

စစ်တွေမြို့သို့ နံနက် မွန်းလွဲပိုင်းတွင် ရွှေပြည်တန် အမြန်ရေယာဉ်နှစ်စင်းဖြင့် ရောက်ရှိလာခဲ့သည့်အပြင် ညနေ ၄ နာရီခန့်တွင် လည်း အောင်တံခွန် ပြည်တွင်းရေကြောင်း သင်္ဘောဖြင့် လိုက်ပါလာသူ ၅၀၀ ခန့်ရှိခဲ့သည့်အတွက် ထောင်နှင့်ချီပြီး ရောက်ရှိနေပြီ ဖြစ်ကြောင်းနှင့် စစ်တွေမြို့ပေါ်ရှိ ဘုရားများ သိမ်များတွင်လည်း နေရာသစ် တိုးချဲ့ချထားပေးလျက်ရှိကြောင်း သိရသည်။

အလားတူ မောင်တော လေးမိုင်၊ သုံးမိုင်၊ ရွာသာယာ၊ ဘူးသီးတောင်မြို့ပေါ်ရှိ နေရာအများအပြားနှင့် ရသေ့တောင်၊ ကျောက်တော်၊ ပုဏ္ဏားကျွန်းမြို့နယ်များတွင်လည်း စုရပ်အဖြစ် လာရောက်ခှိုလှုံ နေကြသောနေရပ်စွန့်ခွာသူ လေးငါးထောင်ခန့် ရှိနေကြောင်း သိရပြီး စစ်တွေမြို့သို့ အဓိက လာရောက်ခိုလှုံသူများ ပိုမိုများပြားလာနိုင်ကြောင်း သိရသည်။

Most Read

Most Recent