အကျဉ်းထောင်ပိုင် အမှိုက်ယာဉ်ဖြင့် အကျဉ်းသား ၂၀ ထက်မနည်း ထောင်ဖောက်ထွက်ပြေးမှု ဘားအံ အကျဉ်းထောင်တွင် ဖြစ်ပွား

အကျဉ်းထောင်ပိုင် အမှိုက်ယာဉ်ဖြင့် အကျဉ်းသား ၂၀ ထက်မနည်း ထောင်ဖောက်ထွက်ပြေးမှု ဘားအံ အကျဉ်းထောင်တွင် ဖြစ်ပွား
Published 16 September 2018

အကျဉ်းထောင်ပိုင် အမှိုက်ယာဉ်ဖြင့် အကျဉ်းသား ၂၀ ထက်မနည်း ထောင်ဖောက်ထွက်ပြေးမှု ဘားအံအကျဉ်းထောင်တွင် ယနေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထောင်ပိုင်ယာဉ်ဖြင့် ထွက်ပြေးမှုတွင် အကျဉ်းသား ၂၀ ထက်မနည်း လွတ်မြောက်သွားခဲ့ပြီး ယင်းဖြစ်စဉ်အတွင်း အကျဉ်းထောင်ဝန်ထမ်း တစ်ဦး ဦးခေါင်းတွင် ဒဏ်ရာရရှိခဲ့ခြင်းကြောင့် ဘားအံဆေးရုံကြီး၌ ဆေးကုသမှု ခံယူနေရကြောင်းလည်း ကနဦးသတင်းများအရ သိရသည်။

ဘားအံမြို့နယ်၊ တောင်ကလေး နယ်မြေရှိ ဘားအံအကျဉ်းထောင်တွင် ယနေ့ (စက်တင်ဘာ ၁၆ ရက်) နံနက် ၈ နာရီခန့်က အကျဉ်းသား ၂၀ ဦး ထက်မနည်း ထွက်ပြေးမှုကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့က လိုက်လံရှာဖွေ လျက်ရှိကြောင်း သိရသည်။

ယင်းကဲ့သို့ ထောင်ဖောက်ထွက်ပြေးသဖြင့် အကျဉ်းသားများ လွတ်မြောက်မှု ဖြစ်စဉ်အပေါ် ဘားအံမြို့နယ် စက်မှုဇုန်နယ်မြေ ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကလည်း အတည်ပြုပေးခဲ့သည်။

“ထောင်ဖောက်ပြေးတဲ့ သတင်းက ဟုတ်ပါတယ်။ ၂၀ ဦးထက်တော့ မနည်းဘူး။ အကျဉ်းဦးစီးပိုင် အမှိုက်သယ် ဒိုင်နာကားနဲ့ ထွက်ပြေးလွတ်မြောက်သွားတယ်။ ကျွန်တော်တို့ ရဲတပ်ဖွဲ့တွေ လိုက်လံရှာဖွေနေပါတယ်” ဟု ဘားအံမြို့နယ် စက်မှုဇုန်နယ်မြေရဲစခန်းမှ တပ်ကြပ်ကြီး အောင်ကျော်ဦးက ပြောကြားသည်။

 

Most Read

Most Recent