ရန်ကုန်မြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့နယ်အချို့၌ ရေကြီးရေလျှံမှုဖြစ်ပေါ်ပြီး နေရာအချို့တွင် နေအိမ်များထက် ကွန်ကရစ်လမ်းသား ပိုမြင့်နေခြင်းကြောင့် လူနေအိမ်များအတွင်း ရေဝင်မှုဖြစ်ပေါ်

ရန်ကုန်မြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့နယ်အချို့၌ ရေကြီးရေလျှံမှုဖြစ်ပေါ်ပြီး နေရာအချို့တွင် နေအိမ်များထက် ကွန်ကရစ်လမ်းသား ပိုမြင့်နေခြင်းကြောင့် လူနေအိမ်များအတွင်း ရေဝင်မှုဖြစ်ပေါ်
Published 15 September 2018

စက်တင်ဘာ ၁၄ ရက်က မိုးသည်းထန်စွာရွာသွန်းပြီးနောက် ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်အတွင်းရှိ ဗဟိုလမ်းမီးပွိုင့်တွင် ရေကြီးရေလျှံမှုဖြစ်ပွားနေသည်ကို တွေ့ရစဉ်

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့နယ်အချို့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ပြီး နေရာအချို့တွင် အိမ်များထက် ကွန်ကရစ်လမ်းသား ပိုမြင့်နေခြင်းကြောင့် လူနေအိမ်များအတွင်း ရေဝင်မှုများဖြစ်ပေါ်ခဲ့ကြောင်း သတင်းရရှိပါသည်။

စက်တင်ဘာ ၁၄ ရက်က ရန်ကုန်မြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နှင့် ဗဟန်းမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သည်။ ယင်းသို့ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စမ်းချောင်းမြို့နယ်ရှိ နေရာအချို့တွင် အိမ်များထက် ကွန်ကရစ်လမ်းသား ပိုမြင့်နေခြင်းကြောင့် လူနေအိမ်များအတွင်း ရေဝင်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

စမ်းချောင်းမြို့နယ်တွင် ကွန်ကရစ်လမ်းခင်းခြင်းအား ဗဟိုလမ်း ဗားကရာမီးပွိုင့်ထောင့်မှ  ရှင်စောပုမီးပွိုင့်ထောင့်အထိ ကွန်ကရစ်လမ်းခင်းခြင်းအား ဆောင်ရွက်ခဲ့သဖြင့် အဆိုပါလမ်းဘေးရှိ နေအိမ်များနှင့် ဆိုင်ခန်း များအတွင်းသို့ ရေများဆိုးဝါးစွာဝင်ရောက်ခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်များနှင့် ပတ်သက်ပြီး စမ်းချောင်းမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘိုဘိုဦးက အခု ကျွန်တော်သိရသလောက် ရေကြီးရေလျှံမှုတွေဖြစ်ပြီးတာနဲ့ ရေက ချက်ချင်းပြန်ကျသွားတာကို တွေ့ရပါတယ်။ ဒါက ကျွန်တော်တို့အရင်က လုပ်ခဲ့တဲ့  ရေလွှဲမြောင်းတွေ ကောင်းကောင်းအလုပ် လုပ်တယ်ဆိုတာကို ပြတာပါ။ အခု စမ်းချောင်းမှာ ရေကကြီးတယ်။ ဒါပေမဲ့ ခဏလေးနဲ့ ပြန်ကျသွားတာကို တွေ့ရပါတယ်။ ဒီကွန် ကရစ်လမ်းခင်းလို့နေ အိမ်တွေထဲကိုရေဝင်ပြီး ရေကြီးရေလျှံမှုတွေဖြစ်ပေါ်ရတယ်ဆိုတာနဲ့  ပတ်သက်ပြီး ကျွန်တော်တို့တွေ ကျွမ်းကျင် အင်ဂျင်နီယာတွေ ပူးပေါင်းပါဝင်တဲ့အဖွဲ့ဝင်တွေနဲ့ Case Study လုပ်ဖို့ရှိပါတယ်”  ဟု ပြော ကြားခဲ့သည်။

စမ်းချောင်းမြို့နယ် ဗဟိုလမ်းပေါ်ရှိ နေအိမ်တစ်အိမ်အတွင်းသို့ ရေဝင်ရောက်နေသည်ကို တွေ့ရစဉ် (Photo - Ei Myat Mon - Facebook)

“ဒီလမ်းခင်းတဲ့စီမံကိန်းကတော့ မေလကနေ စက်တင်ဘာလအထိ ခြောက်လဘတ်ဂျက်နဲ့ မီနီဘတ်ဂျက်လေ။ မနက်က ရွာတဲ့ မိုးကတအားများတယ်။ ဒီလိုရေကြီးရေလျှံတာကတော့ နေရာတိုင်းမှာဖြစ်တာပဲ။  မိုးက တအားများတာလေ။ ကွန်ကရစ်လမ်းခင်းလို့တော့ မဟုတ်ဘူး။ အဲဒါ မခင်းတုန်းကလည်း ရေဝင်တာပဲ။ ဖြတ်မြောင်းတွေတောင် ကျွန်တော်တို့ လုပ်ပေးထားတာ။ အဲဒါ မိုးရွာတုန်းခဏပဲ။ ပြီးရင် ရေပြန်ကျသွားရော။  အ ခုဖြစ်နေတာက မိုးများလို့ပါ” ဟု ဦးအောင်မျိုးက ပြောကြားသည်။

“ရေဝင်တာကတော့ အရင်ကလည်း ခုလိုမိုးကြီးရင်ဝင်ပါတယ်။ ခုကလမ်းမြှင့်လိုက်တာကြောင့် ရေဝင်တာက ပိုဆိုးသွားတာပါ။  တစ်အိမ်လုံး ရေဝင်တာ ဘာမှမတတ်နိုင်ဘဲ ထိုင်ကြည့်နေရတယ်” ဟု  စမ်းချောင်းမြို့နယ်၊ ဗဟိုလမ်းပေါ်တွင် ကွန်ကရစ်လမ်း မြှင့်တင်ခင်းမှုကြောင့် နေအိမ်အတွင်းသို့ ရေများ ဝင်ရောက်မှုခံစားခဲ့ရသူ တစ်ဦးက ပြောပြခဲ့သည်။

Most Read

Most Recent