ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ခရီးသည်တင်မှန်လုံယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး ယာဉ်ပေါ်လိုက်ပါသူ ခရီးသည် ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ခရီးသည်တင်မှန်လုံယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး ယာဉ်ပေါ်လိုက်ပါသူ ခရီးသည် ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ
Published 17 August 2018

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ၁၀၀ မိုင် ၁ ဖာလုံနှင့် ၂ ဖာလုံအကြားတွင် သြဂုတ် ၁၇ ရက် (ယနေ့) ညနေ ၃ နာရီခွဲခန့်က ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့ထွက်ခွာလာသော မျိုးဆက်သစ် ခရီးသည်တင် မှန်လုံယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်
ပွားခဲ့ပြီး ယာဉ်ပေါ်လိုက်ပါသူ ခရီးသည်များအနက် ခရီးသည် ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိသွားခဲ့ကြောင်း အမြန်လမ်းမကြီး ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယာဉ်မတော်တဆမှု အခြေအနေနှင့်ပတ်သက်ပြီး အမြန်လမ်းရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိသူတစ်ဦးက “ကားက လမ်းချော်ပြီးတော့ စလစ်ဖြစ်ပြီးတော့ မှောက်သွားတာပါ၊ လူနာပဲရှိပါတယ်၊ အသေအပျောက်မရှိပါဘူးခင်ဗျ၊ ကျိုးတာပဲ့တာရှိပါတယ်၊ လောလောဆယ်တော့လူနာတွေကို ဆေးရုံကိုပို့ထားတယ်၊ ဆေးရုံကကျွန်တော်တို့ကို ပြန်ပြီးတော့ မကျနိုင်သေးဘူး၊ ကားက ရန်ကုန် နေပြည်တော်လမ်းကြောင်းပါခင်ဗျ၊ ဖြစ်တဲ့အချိန်က ၃ နာရီနဲ့ ၄ နာရီကြားမှာ အဲ့ဒီပတ်လည်မှာဖြစ်တာ၊ ထိခိုက်ဒဏ်ရာရတာ
က ၁၀ ဦးကျော်လောက်ရှိမယ်၊ အဲ့ဒါတွေအကုန်လုံး ဖြူးဆေးရုံကိုပို့ထားတယ်၊ ပါတဲ့ခရီးသည်ကတော့ အားလုံး ၂၇ ယောက်ပါ” ဟု ပြောကြားသည်။

အဆိုပါယာဉ်မတော်တဆမှုဖြစ်ပွားရာသို့ ၁၁၅ မိုင် အမြန်လမ်းမကြီး ရဲစခန်းမှ စခန်းမှူး ရဲအုပ်လှိုင်ဇော်ဦးနှင့်အဖွဲ့၊ မြို့ချောင်းအမြန်လမ်းမကြီးရဲစခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဖြူးအမြန်လမ်းမီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်ကူညီဆောင်ရွက်ပေးခဲ့ကြပြီး၊ ထိခိုက်ဒဏ်ရာရရှိသူများအား အမြန်လမ်းတပ်ဖွဲ့ပိုင် မော်တော်ယာဉ်၊ပရဟိတမော်တော်ယာဉ်များ၊ ၁၉၂ မော်တော်ယာဉ်များဖြင့် ဖြူးမြို့နယ် ပြည်သူ့ဆေးရုံသို့ပို့ဆောင်ကုသပေးလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent