ဘင်္ဂါလီ အကြမ်းဖက်သမားများ တိုက်ခိုက်မှူကြောင့် ရဲမှူးတစ်ဦးအပါအဝင် ရဲတပ်ဖွဲ့ဝင် ၈ ဦးနှင့် ဒုလဝကမှူး ၁ ဦးကျဆုံးပြီး ရဲကင်း၊ ရဲစခန်းတစ်ခုချင်း တိုက်ခိုက်ခံရမှု အခြေအနေအား နိုင်ငံတော်အတိုင်ပင်ခံရုံး ထုတ်ပြန်ရေးကော်မတီထုတ်ပြန်

ဘင်္ဂါလီ အကြမ်းဖက်သမားများ တိုက်ခိုက်မှူကြောင့် ရဲမှူးတစ်ဦးအပါအဝင် ရဲတပ်ဖွဲ့ဝင် ၈ ဦးနှင့် ဒုလဝကမှူး ၁ ဦးကျဆုံးပြီး ရဲကင်း၊ ရဲစခန်းတစ်ခုချင်း တိုက်ခိုက်ခံရမှု အခြေအနေအား နိုင်ငံတော်အတိုင်ပင်ခံရုံး ထုတ်ပြန်ရေးကော်မတီထုတ်ပြန်
Published 25 August 2017

ဓာတ်ပုံ - State Counsellor Office Information Committee

အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများက ရဲကင်း၊ ရဲစခန်းများကို တစ်ချိန်တည်း တိုက်ခိုက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၈ ဦး၊ ဒုလဝကမှူး တစ်ဦး စုစုပေါင်း ၉ ဦးကျဆုံးခဲ့ပြီး လက်နက်ငယ် ၆ လက် ၊ လက်ကိုင်ဆက်သွယ်ရေးစက် တစ်လုံးဆုံးရှုံးကာ အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမား ၁၆ လောင်းရရှိကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီက သြဂုတ် ၂၅ ရက် မွန်းလွဲ ၁၂ နာရီ ၂၀ မိနစ်တွင်သတင်းထုတ်ပြန်သည်။

အဆိုပါထုတ်ပြန်ချက်တွင် သြဂုတ် ၂၅ ရက် နံနက် အာရုဏ်တက်တွင် မောင်တောခရိုင်အတွင်း ရဲစခန်းတစ်ခုအား လက်လုပ်မိုင်း များဖြင့် မိုင်းခွဲတိုက်ခိုက်ခြင်းဖြင့် အစွန်းရောက် ဘင်္ဂလီ အကြမ်းသမားများက တိုက်ခိုက်မှုများ စတင်ပြုလုပ်လာခဲ့ရာ နေရာအများအပြားရှိ ရဲကင်းများ၊ ရဲစခန်းများကို တစ်ချိန်တည်း တစ်ပြိုင်တည်း တိုက်ခိုက်လာခဲ့ပြီး မောင်တောဒေသရှိ ရဲကင်းစခန်းများအား အစွန်းရောက် ဘင်္ဂလီအကြမ်းဖက်သမားများက နယ်မြေ ရဲစခန်းများအား လာရောက်ပစ်ခတ်တိုက်ခိုက်မှု ဖြစ်စဉ်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

(၁) နံနက် ၄ နာရီခွဲတွင် နယ်မြေ (၂) ရှိ တမန်းသားစခန်းအား အစွန်းရောက်ဘင်္ဂလီအကြမ်းဖက် သမားအင်အား (စိစစ်ဆဲ) မှ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

(၂) နံနက် ၃ နာရီ ၃၅ မိနစ်တွင် နယ်မြေ (၃) ရှိ နံ့သာတောင်စခန်းအား အစွန်းရောက်ဘင်္ဂလီ အကြမ်း ဖက်သမားအင်အား (စိစစ်ဆဲ) မှ သေနတ်ဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲတပ်သား ညီညီလွင် ကျဆုံးပြီး အစွန်းရောက်ဘင်္ဂလီအကြမ်းဖက်သမား ၁ ဦး သေဆုံးခဲ့သည်။

(၃) နံနက် ၃ နာရီ ၄၅ မိနစ်တွင် နယ်မြေ (၃) ရှိ သင်္ဘောကွေ့စခန်းအား အစွန်းရောက် ဘင်္ဂလီ အကြမ်းဖက်သမား အင်အား ၁၀၀ ဦးခန့် လာရောက်ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ အစွန်းရောက် ဘင်္ဂလီအကြမ်းဖက်သမား ၁ ဦး သေဆုံးခဲ့သည်။

ဓာတ်ပုံ - State Counsellor Office Information Committee

(၄) နံနက် ၅ နာရီ ၂၅ မိနစ်တွင် နယ်မြေ (၃) ရှိ ကျီးကျွန်း ကင်းစခန်းအား အစွန်းရောက် ဘင်္ဂလီအကြမ်းဖက်သမား အင်အား (စိစစ်ဆဲ) မှ လာရောက်ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ စခန်းမှူး အပါအဝင် ၅ ဦး ဒဏ်ရာရရှိခဲ့ပြီး နံနက် ၅ နာရီ မိနစ် ၅၀ တွင် အစွန်းရောက်ဘင်္ဂလီ အကြမ်းဖက်သမားများ ပြန်လည်ဆုတ်ခွာသွားကြသည်။

(၅) နံနက် ၄ နာရီ မိနစ် ၂၀ တွင် နယ်မြေ (၃) ရှိ မီးတိုက်ချောင်းဝကင်းစခန်းအား အစွန်းရောက် ဘင်္ဂလီအကြမ်းဖက်သမားအင်အား (စိစစ်ဆဲ) မှ သေနတ်ဖြင့် လာရောက်ပစ်ခတ်ရာ မီးတိုက်ချောင်းဝ ကင်းစခန်းအတွင်းထိ ဝင်၍ ဓားဖြင့် ဝိုင်းဝန်းခုတ်ခဲ့သဖြင့် ရဲတပ်ကြပ် ရဲမြင့်၊ ရဲဒုတပ်ကြပ် သက်နိုင်ထွန်း ကျဆုံးခဲ့၍ လက်နက် ၃ လက် ပါသွားကာ နံနက် ၄ နာရီ မိနစ် ၄၅ တွင် အစွန်းရောက်ဘင်္ဂလီ အကြမ်းဖက်သမားများ ပြန်လည်ဆုတ်ခွာသွားကြသည်။

(၆) နံနက် ၃ နာရီ ၃၅ မိနစ် တွင် နယ်မြေ (၄ )ရှိ နတ်ချောင်းကင်းစခန်းအား အစွန်းရောက် ဘင်္ဂလီအကြမ်းဖက်သမား အင်အား (စိစစ်ဆဲ) မှ လာရောက်ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့သည်။

(၇) နံနက် ၄ နာရီခွဲတွင် နယ်မြေ (၄) ရှိ ဇီးပင်ချောင်းစခန်းအား အစွန်းရောက် ဘင်္ဂလီအကြမ်း ဖက်သမား အင်အား ၁၅၀ ဦးခန့် လာရောက် ဝိုင်းပြီး ကင်းစခန်းအတွင်းထိ ဝင်၍ ဓားဖြင့် ဝိုင်းဝန်း ခုတ်ခဲ့သဖြင့် ရဲတပ်သား မင်းသူရနိုင် ကျဆုံးခဲ့ကာ လက်ကိုင်ဆက်သွယ်ရေးစက် ၁ လုံးနှင့် တစ်လုံးထိုး သေနတ် (၁) လက် ပါသွားခဲ့ကြောင်း သိရသည်။

(၈) နံနက် ၃ နာရီ ၂၅ မိနစ်တွင် နယ်မြေ (၅) ရှိ လောင်းဒုံ စခန်းအား အစွန်းရောက် ဘင်္ဂလီအကြမ်း ဖက်သမားများက သေနတ်ဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ပေ။

(၉) နံနက် ၁ နာရီတွင် နယ်မြေ (၆) ရှိ မောင်းနီ ကင်း စခန်းအား အစွန်းရောက် ဘင်္ဂလီအကြမ်း ဖက်သမားများက သေနတ်ဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

(၁၀) နံနက် ၄ နာရီ ၅ မိနစ်တွင် နယ်မြေ (၆) ရှိ သီဟိုဠ် ကင်းစခန်းအား အစွန်းရောက် ဘင်္ဂလီအကြမ်း ဖက်သမားအင်အား ၁၀၀ ဦးခန့် လာရောက် ဝိုင်းဝန်းခဲ့၍ တပ်ဖွဲ့ဝင်များက ပြန်လည် ပစ်ခတ်ခဲ့သဖြင့် အချိန်အနည်းငယ်အတွင်း ပြန်လည်ဆုတ်ခွာသွားခဲ့သည်။

ဓာတ်ပုံ - State Counsellor Office Information Committee

(၁၁) နံနက် ၄ နာရီ ၁၀ မိနစ်တွင် နယ်မြေ (၆) ရှိ ဇင်ပိုင်ညာ စခန်းအား အစွန်းရောက် ဘင်္ဂလီ အကြမ်းဖက်သမားအင်အား (စိစစ်ဆဲ)မှ လာရောက်ဝိုင်းခဲ့သဖြင့် တပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ခဲ့ရာ နံနက် ၄ နာရီ ၃၅ မိနစ်အချိန်တွင် ပြန်လည်ဆုတ်ခွာသွားခဲ့သည်။

(၁၂) နံနက် ၇ နာရီ ၃၅ မိနစ်တွင် နယ်မြေ (၆) ရှိ ကျောက်ပြင်ဆိပ်ကင်းစခန်းအား အစွန်းရောက် ဘင်္ဂလီအကြမ်း ဖက်သမားအင်အား (စိစစ်ဆဲ) မှ သေနတ်ဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

(၁၃) နံနက် ၀၀၅၀ မိနစ်တွင် နယ်မြေ (၇) ရှိ ပဒင်းခေါင်းတကာ ကင်းစခန်းအား အစွန်းရောက် ဘင်္ဂလီအကြမ်း ဖက်သမားအင်အား(စိစစ်ဆဲ)မှ သေနတ်ဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

(၁၄) နံနက် ၁ နာရီ မိနစ် ၂၀ တွင် နယ်မြေ (၇) ရှိ ပညောင်ပင်ကြီး ကင်းစခန်းအား အစွန်းရောက် ဘင်္ဂလီအကြမ်း ဖက်သမားအင်အား(စိစစ်ဆဲ)မှ လာရောက်ဝိုင်းဝန်း၍ သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့သည်။

(၁၅) နံနက် ၄ နာရီတွင် နယ်မြေ (၇) ရှိ ရွှေရင်အေး စခန်းအား လူအုပ်များတက်လာသည်ဟု သတင်းရရှိခဲ့သည်။

(၁၆) နံနက် ၅ နာရီ ၁၅ မိနစ်တွင် နယ်မြေ (၇) ရှိ သရေကုန်းဘောင် ကင်းစခန်းအား အစွန်းရောက် ဘင်္ဂလီအကြမ်း ဖက်သမားအင်အား ၁၀၀ ဦးခန့် ဝင်ရောက်လာသည့် သတင်းအရ လူ၊ လက်နက်များ ရွာအတွင်းသို့ ရွှေ့ပြောင်းခဲ့ရသည်။

(၁၇) နံနက် ၄ နာရီတွင် နယ်မြေ (၈) ရှိ ချိန်ခါလီ စခန်းအား အစွန်းရောက် ဘင်္ဂလီအကြမ်းဖက် သမားအင်အား(စိစစ်ဆဲ)မှ လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် တပ်ဖွဲ့ဝင်များက ပြန်လည် ပစ်ခတ်ခဲ့ရာ အစွန်းရောက် ဘင်္ဂလီအကြမ်းဖက်သမား ၁ ဦး သေဆုံးခဲ့သည်။

(၁၈) နံနက် ၄ နာရီ ၄၅ မိနစ်တွင် နယ်မြေ (၈) ရှိ မြင်းလွတ်စခန်းအား အစွန်းရောက် ဘင်္ဂလီအကြမ်း ဖက်သမားအင်အား ၁၀၀၀ ခန့်က လာရောက်ဝိုင်းဝန်းတိုက်ခိုက်သဖြင့် ရဲမှူး ဟိန်းထက်ကျော် ၊ ရဲတပ်သား ဝင်းထိုက်တို့ နှစ်ဦး ကျဆုံးခဲ့ပြီး ဘီအေ ၉၄ (၁) လက် ၊ ပွိုင့် ၃၈ ခြောက်လုံးပြူး (၁) လက် ပါသွားခဲ့သည်။

(၁၉) နံနက် ၄ နာရီ ၅၀ မိနစ်တွင် နယ်မြေ (၈) ရှိ အလယ်သံကျော် စခန်းအား အစွန်းရောက် ဘင်္ဂလီအကြမ်း ဖက်သမားအင်အား(စိစစ်ဆဲ)မှ ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် ဒုလဝကမှူး ဇာမောင်း ကျဆုံးခဲ့ပြီး တပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ခဲ့ရာ အစွန်းရောက် ဘင်္ဂလီအကြမ်း ဖက်သမား များမှာ ပြန်လည်ဆုတ်ခွာသွားခဲ့သည်။

(၂၀) နံနက် ၅ နာရီ ၁၀ မိနစ်တွင် နယ်မြေ (၈) ရှိ ဥဒေါင်း(နတလ) စခန်းအား အစွန်းရောက် ဘင်္ဂလီအကြမ်း ဖက်သမားအင်အား ၁၀၀ မှ လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် တပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ခဲ့ရာ အစွန်းရောက် ဘင်္ဂလီအကြမ်း ဖက်သမားများမှာ နံနက် ၆ နာရီတွင် ပြန်လည်ဆုတ်ခွာသွားခဲ့သည်။

(၂၁) နံနက် ၇ နာရီ ၂၅ မိနစ်တွင် နယ်မြေ (၈) ရှိ နှာခေါင်းတို ချောင်းဝကင်းစခန်းအား အစွန်းရောက် ဘင်္ဂလီအကြမ်း ဖက်သမားအင်အား(စိစစ်ဆဲ)မှ လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့သည်။

(၂၂ ) နံနက် ၄ နာရီ မိနစ် ၅၀ တွင် နယ်မြေ (၉) ရှိ သဝန်ချောင်း စခန်းအား အစွန်းရောက် ဘင်္ဂလီအကြမ်း ဖက်သမားအင်အား ၁၀၀ ဦးခန့်က လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့သည်။

(၂၃) နံနက် ၄ နာရီ မိနစ် ၅၀ တွင် နယ်မြေ (၉) ရှိ ကိုးတန်ကောက်စခန်းအား အစွန်းရောက် ဘင်္ဂလီအကြမ်း ဖက်သမားအင်အား(စိစစ်ဆဲ)မှ သေနတ်ဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နံနက် ၅ နာရီ ၁၅ မိနစ်တွင် တပ်မေတော် စစ်ကြောင်းများ ရောက်ရှိလာပြီး တပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ခဲ့ရာ အစွန်းရောက် ဘင်္ဂလီအကြမ်းဖက်သမား ၆ ဦး သေဆုံးခဲ့သည်။

(၂၄) နံနက် ၃ နာရီ မိနစ် ၄၀ တွင် နယ်မြေ (၁၀ ) ရှိ တောင်ဘဇာရဲကင်းစခန်းအား အစွန်းရောက် ဘင်္ဂလီအကြမ်း ဖက်သမားအင်အား ၁၀ ဦးခန့်က လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် တပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ခဲ့ရာ အစွန်းရောက် ဘင်္ဂလီအကြမ်းဖက်သမား အလောင်း ၅ လောင်းရရှိခဲ့ပြီး နံနက် ၅ နာရီ ၁၅ မိနစ်တွင် အစွန်းရောက် ဘင်္ဂလီအကြမ်းဖက်သမားများ ပြန်လည် ဆုတ်ခွာသွားသည်။

ဓာတ်ပုံ - State Counsellor Office Information Committee

(၂၅) နံနက် ၄ နာရီ ၂၅ မိနစ်တွင် နယ်မြေ (၁၀) ရှိ ဖောင်တော်ပြင်စခန်းအား အစွန်းရောက် ဘင်္ဂလီအကြမ်းဖက်သမားအင်အား(စိစစ်ဆဲ)မှ သေနတ်ဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ဒုရဲအုပ် အောင်မြင့်ဦးနှင့် ဒုတပ်ကြပ် စိုးဝင်းတို့ ၂ ဦး ကျဆုံးခဲ့ရကာ တပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် အစွန်းရောက် ဘင်္ဂလီအကြမ်းဖက်သမား ၂ ဦး သေဆုံးခဲ့သည်။

မောင်တောမြို့ ပတ်လည်ရှိ ရဲစခန်း ရဲကင်းများအား အစွန်းရောက် ဘင်္ဂလီ အကြမ်းဖက်သမားများက သေနတ်ဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်မှုများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(၁) နံနက် ၃ နာရီခွဲတွင် ရပ်ကွက် ၅ ရဲကင်းစခန်းအား အစွန်းရောက် ဘင်္ဂလီအကြမ်းဖက် သမားများက လက်ပစ်ဗုံးဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး နံနက် ၃ နာရီ ၃၅ မိနစ်တွင် အစွန်းရောက် ဘင်္ဂလီအကြမ်းဖက်သမားအင်အား အလုံးအရင်းအဖြစ် အော်ဟစ်ဝိုင်းလာသဖြင့် တပ်ဖွဲ့ဝင်များက ထပ်မံပစ်ခတ်ခဲ့ရသည်။

(၂) နံနက် ၃ နာရီခွဲတွင် ရွာသစ်ကေ ရဲကင်းစခန်းအား အစွန်းရောက် ဘင်္ဂလီအကြမ်းဖက်သမား ၅ ဦးက လက်ပစ်ဗုံးဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

(၃) နံနက် ၃ နာရီခွဲတွင် မြို့ဝင်တံတား ရဲကင်းစခန်းအား အစွန်းရောက် ဘင်္ဂလီအကြမ်းဖက် သမား ၅ ဦး က သေနတ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

(၄) နံနက် ၃ နာရီခွဲတွင် နတလ ရဲကင်းများအား အစွန်းရောက် ဘင်္ဂလီအကြမ်းဖက်သမားများက အချိန်ကိုက် လာရောက်တိုက်ခိုက်ရာ တပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်သဖြင့် အစွန်းရောက် ဘင်္ဂလီ အကြမ်းဖက်သမားများ ပြန်လည်ဆုတ်ခွာသွားခဲ့သည်။

(၅) နံနက် ၃ နာရီခွဲတွင် ယာဉ်ထိန်းရဲရုံး နှင့် မူးယစ်ရဲတပ်ဖွဲ့ရုံးများအတွင်းသို့ အစွန်းရောက် ဘင်္ဂလီ အကြမ်းဖက်သမားများက ဓာတ်ဆီပုလင်း ( လက်လုပ်ဗုံး) ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ယာဉ်ထိန်းရဲရုံး ရှေ့ မြက်ခင်းမီးလောင်ခဲ့သည်။

(၆) နံနက် ၈ နာရီ ၅ မိနစ်တွင် ကျောက်ပန္တုရွာအနီးရှိ အရှည် ၈ ပေ၊ အကျယ် (၁၀) ပေရှိ ကွန်ကရစ်တံတားဟောင်းအား အစွန်းရောက် ဘင်္ဂလီအကြမ်းဖက်သမားများက မိုင်းခွဲဖျက်ဆီးခဲ့သည်။

ထိုသို့ အစွန်းရောက် ဘင်္ဂလီအကြမ်းဖက်သမားများ၏ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ရဲတပ်ဖွဲ့ဝင် ၈ ဦး ၊ ဒုလဝကမှူး ၁ ဦး စုစုပေါင်း ၉ ဦး သေဆုံးခဲ့ရပြီး လက်နက်ငယ် ၆ လက် ၊ လက်ကိုင် ဆက်သွယ်ရေးစက် ၁ လုံး ပါဆုံးခဲ့ကာ လာရောက်တိုက်ခိုက်ခဲ့သည့် အစွန်းရောက် ဘင်္ဂလီ အကြမ်းဖက်သမား ၁၆ ဦး သေဆုံးခဲ့သည်။

တပ်မတော်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ မောင်းတောဒေသအတွင်း နယ်မြေ စိုးမိုးနိုင်ရေး ရှင်းလင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကိုဖီအာနန်ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်မှ အပြီးသတ်အစီရင်ခံစာ ထုတ်ပြန်သည့်အချိန် ၊ ၂၀၁၇ ခုနှစ် ၊ စက်တင်ဘာ ၁၂ ရက်မှ ၂၅ ရက်အထိ ကျင်းပပြုလုပ်မည့် ကုလသမဂ္ဂ အထွေထွေညီလာခံကျင်းပမည့်အချိန်တို့နှင့် အချိန်ကိုက် အကြမ်းဖက်တိုက်ခိုက်မှုများ ဖန်တီးကာ တိုက်ကွက်များ ဖော်ဆောင်လာခြင်းဖြစ်ကြောင်း သုံးသပ်ရသည်။

Most Read

Most Recent