ဘင်္ဂါလီအရေးနှင့်ပက်သက်၍ မြန်မာအစိုးရကို ICC သို့တင်ရန် ဗြိတိသျှလွှတ်တော်အမတ်များ ကြိုးပမ်း

ဘင်္ဂါလီအရေးနှင့်ပက်သက်၍ မြန်မာအစိုးရကို ICC သို့တင်ရန် ဗြိတိသျှလွှတ်တော်အမတ်များ ကြိုးပမ်း
Published 22 May 2018

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဘင်္ဂါလီဒုက္ခသည်စခန်း တစ်ခုကို ဧပြီလ အတွင်းက တွေ့ရစဉ် (Photo - AFP)

အစိုးရကသဘောတူသော ဘင်္ဂါလီများကို လူမျိုးသုဉ်းသတ်ဖြတ်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုတို့နှင့်သက်ဆိုင်သော သက်သေအထောက်အထားနှင့် ပက်သက်၍ မြန်မာအစိုးရကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး (ICC) သို့ လွှဲပြောင်းပေးရန် ကြိုပမ်းမှုများကို ဗြိတိန်က ထောက်ခံသွားမည်ဖြစ်ကြောင်း ဗြိတိသျှလွှတ်တော် နိုင်ငံတကာဖွံ့ြဖိုးရေးကော်မတီက လွှတ်တော်အမတ်များက ထုတ်ဖော်ပြောကြားခဲ့ကြသည်။

မြန်မာနိုင်ငံသို့ ပေးအပ်သည့် ဗြိတိန်အထောက်အပံ့ကို အပြည့်အဝပြန်လည်သုံးသပ်သွားရန်လည်း ၎င်းတို့က တောင်းဆိုခဲ့ကြသည်။ ဗြိတိန်သည် ၂၀၁၈ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပေါင်သန်း ၁၀၀ ထောက်ပံ့ကူညီခဲ့ပြီး ထိုပမာဏမှာ ဒီမိုကရေစီသို့ အသွင်ကူးပြောင်းနေပုံရသောကြောင့် ထိုအချိန်တုန်းက ပေးအပ်ရန် သဘောတူခဲ့သော ပမာဏဖြစ်သည်ဟုဆိုသည်။

ယင်းသို့အသွင်ကူးပြောင်းမှုကိုလည်း မတွေ့ရသကဲ့သို့ စစ်မှန်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် မှန်သမျှကိုလည်း မတွေ့ရကြောင်း ကော်မတီက ကောက်ချက်ချကာ မြန်မာအာဏာပိုင်တို့က နောက်ဆုံးအချိန်ရောက်မှ ဗီဇာငြင်းပယ်လိုက်သောကြောင့် ဗြိတိန်အထောက်အပံ့ စီမံကိန်းများကို လာရောက်ကြည့်ရှုကြရန် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခွင့်လည်း တားမြစ်ခံခဲ့ရသည်ဟု လွှတ်တော်ဖွံ့ဖြိုးရေးကော်မတီက ဖြည့်စွက်ပြောကြားခဲ့သည်။

လုံခြုံရေးကောင်စီတွင် ဗီတိုအာဏာရှိသောအဖွဲ့ဝင် တရုတ်နိုင်ငံက အတိုက်အခံလုပ်ခဲ့သောကြောင့် ကုလသမဂ္ဂတွင် မြန်မာနိုင်ငံကို စုပေါင်းအရေးယူရေးမည့် စိတ်ကူးသည် ရပ်တန့်နေခဲ့ရသည်။

လုံခြုံရေးကောင်စီက မြန်မာနိုင်ငံကို ICC သို့ လွှဲပြောင်းပေးရေးနှင့် ထိပ်တန်းပုဂ္ဂိုလ်အားလုံးကို ပစ်မှတ်ထားသည့် ဘဏ္ဍာရေးပိတ်ဆို့မှုကို ပြုလုပ်နိုင်ရန် ဗြိတိန်နှင့် မဟာမိတ်နိုင်ငံများက ထောက်ခံမှုနည်းလမ်းကို ရှာဖွေနေကြောင်း ကော်မတီက ပြောကြားသည်။ မြန်မာနိုင်ငံသည် ICC တွင် ပါဝင်ရန် လက်မှတ်ရေးထိုးထားသော နိုင်ငံမဟုတ်ပေ။

ဘင်္ဂါလီများ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိလာပုံကို ၎င်းအနေဖြင့် စုံစမ်းစစ်ဆေး၍ ရနိုင်၊ မရနိုင်ဆိုသည့် စီရင်ထုံးတစ်ရပ်ကို ရှာဖွေမည့် ICC ၏တရားစွဲဆိုရေးဆိုင်ရာ အကြီးအကဲ ဖာတူးဘင်ဆူးဒါး၏ လုပ်ဆောင်မှုကိုလည်း ကော်မတီက ကြိုဆိုသည်။

လွန်ခဲ့သောလက လုံခြုံရေးကောင်စီမှ သံတမန်များ မြန်မာနိုင်ငံကို လာရောက်လည်ပတ်ခဲ့ပြီးနောက် ဘင်္ဂါလီဒုက္ခသည်များ ဘေးကင်းစွာပြန်လာနိုင်ရေးကို ၎င်းတို့က တောင်းဆိုခဲ့သည်သာမက မြန်မာ့အချုပ်အခြာအာဏာကိုလည်း အသိအမှတ်ပြုကြောင်း ပြောဆိုခဲ့ကြသည်။ ၂၀၁၇ ခုနှစ် သြဂုတ်လတွင် ပဋိပက္ခဖြစ်ပွားခဲ့ပြီးနောက် ဘင်္ဂါလီ ၆၈၀၀၀၀ ကျော်သည် ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ကြသည်။

Most Read

Most Recent