<

တိုင်မှအရေးယူခြင်းနှင့် တိုင်ရကောင်းမှန်းမသိသူများအတွက် မည်သို့တာဝန်ယူမည်နည်း

အလုပ်သမား အခွင့်အရေးအတွက် အလုပ်သမားသမဂ္ဂအဖွဲ့ဝင်များ ၂၀၁၇ ခုနှစ် စက်တင်ဘာက မန္တလေးမြို့တွင် ဆန္ဒထုတ်ဖော်စဉ်

မြန်မာနိုင်ငံတစ်နိုင်ငံလုံးရှိ အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုများ၏ အဆုံးသတ်မှာ ထူးထူးခြားခြား မရှိလှပါ။ အလုပ်ချိန်၊ လုပ်ခလစာများကို ဥပဒေနှင့်အညီမပေးဘဲ အလုပ်သမား အခွင့်အရေးကို ချိုးဖောက်ထားသည့် ဖိနှိမ်ထားသည့် အလုပ်ရှင်များက အလုပ်သမားများ ဆန္ဒပြသည့်အခါ၊ တိုင်တန်းသည့်အခါ

ညှိနှိုင်းမှုများ လုပ်ဆောင်ပြီးနောက် ၎င်းတို့ချိုးဖောက်ထားသည့် အခွင့်အရေးများကို အလုပ်သမားများသို့ ပြန်ပေးအပ်ကြသည်။ သို့သော်လည်း ဘ၀တူလုပ်သားများ၏ အခွင့်အရေးများကို တောင်းဆိုပေးသည့် လုပ်သားသမဂ္ဂများ၊ လုပ်သားခေါင်းဆောင်များ၏ အနာဂတ်မှာ နည်းမျိုးစုံသော အကြောင်းပြချက်များ

ဖြင့် အလုပ်မှ ထုတ်ပယ်ခံရခြင်းဆိုသည့် ရလဒ်တွင် အဆုံးသတ်နေခြင်းဖြစ်သည်မှာ အဘယ့်ကြောင့်ပါနည်း။

အလုပ်သမားဝန်ကြီးဌာန အနေဖြင့် ၎င်းတို့ လုပ်ဆောင်ရမည့် တာဝန်များကို အမှန်တကယ် ဖိဖိစီးစီး ဆောင်ရွက်နိုင်ခြင်းမရှိခြင်း၊ အလုပ်သမားဥပဒေကို လုပ်ငန်းရှင်၊ အလုပ်သမားများ ဖိဖိစိးစီး လိုက်နာစေရန် ကြပ်မတ်ပေးမည့် နည်းဥပဒေများ ထွက်ပေါ်မလာခြင်းတို့ကြောင့် ဖြစ်သည်။

အကယ်၍သာ သက်ဆိုင်ရာ မြို့နယ်အတွင်းရှိ အလုပ်သမားဦးစီးဌာနက ၎င်းတို့မြို့နယ်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်သမား အခွင့်အရေး ဆုံးရှုံးမှုရှိ မရှိဆိုသည့် ကိစ္စရပ်များကို ပုံမှန်ကွင်းဆင်း စစ်ဆေးမည်။ အလုပ်သမား အခွင့်အရေး ဆုံးရှုံးနေပါက ရရှိအောင် အလုပ်သမားများကိုယ်စား ကြားဝင်

ဆောင်ရွက်ပေးမည်ဆိုလျှင် အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရခြင်း၊ အလုပ်သမားများ ရက်ရှည်ဆန္ဒပြခြင်း၊ သပိတ်မှောက်ခြင်းဆိုသည့် ကိစ္စရပ်များ ယခုလို များပြားစွာ ပေါ်ပေါက်လာစရာအကြောင်း မရှိနိုင်ပါ။ ထို့အတူပင် သတင်းစာဂျာနယ်များတွင် စာဖတ်သူများ ပုံမှန်ဖတ်ရှုနေရသည့် အလုပ်သ

မားဆန္ဒပြမှုများ၊ သပိတ်မှောက်မှုများလည်း မရှိသလောက် နည်းသွားမည်ဖြစ်သည်။

ပြည်တွင်းအလုပ်သမားများ အကြောင်းမပြောမီ အိမ်နီးချင်းနိုင်ငံများမှ ပြည်ပအလုပ်သမားများကို မှီခိုအားထားနေရသော ထိုင်ဝမ်အကြောင်း ဦးစွာပြောချင်ပါသည်။

တိုင်းပြည်လူဦးရေ နည်းပါးမှုကြောင့် အလုပ်သမား လိုအပ်ချက် မြင့်မားနေသော ထိုင်ဝမ်နိုင်ငံတွင် ပညာတတ်ပေါများလာမှုကြောင့် စက်ရုံလုပ်သားများ၊ အိမ်ဖော်များ၊ ခြံစောင့်၊ အိမ်စောင့် စသည့် အောက်ခြေအလုပ်များတွင် ၀င်ရောက်လုပ်ကိုင်လိုသည့် နိုင်ငံသားများ နည်းပါးလာသည့်အတွက် ယင်းပြဿ

နာကို ဖြေရှင်းရန် ၁၉၈၉ အောက်တိုဘာတွင် ထိုင်ဝမ်အလုပ်သမား ကောင်စီသည် နိုင်ငံရပ်ခြားလုပ်သားများကို ခေါ်ယူရန် ဆုံးဖြတ်လိုက်သည်။ ထိုင်း၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဗီယက်နမ်နှင့် မွန်ဂိုလီးယားနိုင်ငံများမှ ရွှေ့ပြောင်း လုပ်သားများကို ထိုင်ဝမ်သို့ခေါ်ယူ လုပ်ကိုင်စေခြင်းသည် ထိုင်ဝမ်နိုင်ငံ

လုပ်သားရှားပါးမှုပြဿနာကို ဖြေရှင်းရန် ကြိုးစားသည့် အစိုးရ၏ လုပ်ဆောင်မှုတစ်ရပ်ဖြစ်သည်။ နောက်ဆက်တွဲ ရလဒ်အနေဖြင့် ၂၀၁၇ ဒီဇင်ဘာရောက်သောအခါ ထိုင်ဝမ်တွင် နိုင်ငံခြားလုပ်သား ခြောက်သိန်းကျော် (၆၇၆,၁၄၂) သည် ထုတ်လုပ်ရေးလုပ်ငန်းများတွင် (၆၀ ဒသမ ၄၃ ရာခိုင်နှုန်း)၊ ဆောက်လု

ပ်ရေးလုပ်ငန်းများတွင် (၀ ဒသမ ၇၆ ရာခိုင်နှုန်း)၊ ငါးဖမ်းလုပ်ငန်းများတွင် (၁ ဒသမ ၈၂ ရာခိုင်နှုန်း)၊ ခြံစောင့်၊ အိမ်စောင့်လုပ်ငန်းများတွင် (၃၆ ဒသမ ၇၁ ရာခိုင်နှုန်း) နှင့် အိမ်ဖော်များအဖြစ် (၀ ဒသမ ၂၉ ရာခိုင်နှုန်း) ၀င်ရောက်လုပ်ကိုင်နေပြီ ဖြစ်သည်။ ထိုင်ဝမ်အစိုးရသည် နိုင်ငံသားလုပ်သားများ၏ အခွင့်

အရေးကို ကာကွယ်ပေးရုံသာမက ၎င်းတို့ နိုင်ငံသို့ လာရောက်လုပ်ကိုင်နေသည့် နိုင်ငံခြားလုပ်သားများ၏ အခွင့်အရေးကို အပြည့်အ၀ ကာကွယ်ပေးရန်အတွက် အလုပ်သမားဥပဒေများကို မကြာခဏ ပြင်ဆင်ဖြည့်စွက်ရေးသားခြင်း၊ နည်းဥပဒေများ၊ ဒေသန္တရအမိန့်များ ချမှတ်ခြင်းတို့ကို မကြာခဏ လုပ်ဆော

င်ခဲ့ရပါသည်။

ထိုင်ဝမ်အလုပ်သမားအရေး ပထမဆုံးခြေလှမ်း

ထိုင်ဝမ်အစိုးရ၏ အလုပ်သမားအရေး ပထမလုပ်ဆောင်မှုမှာ အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံနေရသူတို့အား အလွယ်တကူ တိုင်ကြားနိုင်စေရန် ဖြစ်သည်။ ထိုင်ဝမ်သို့ လာရောက်လုပ်ကိုင်သည့် နိုင်ငံခြားလုပ်သားများ ၀င်ရောက်ရာ အပြည်ပြည်ဆိုင်ရာလေဆိပ်များတွင် အလုပ်သမား ကူညီကယ်ဆယ်

ရေးဌာန၏ ဖုန်းနံပါတ်များ၊ လုပ်ငန်းခွင် ဘေးကင်းမှုမရှိပါက တိုင်ကြားနိုင်သည့် နေရာများကို လက်ကမ်းစာစောင်များတွင် ရိုက်နှိပ်ဖြန့်ဝေသည်။ နိုင်ငံတွင်း ၂၄ နာရီ ထုတ်လွှင့်နေသည့် ရုပ်သံမီဒီယာများ၊ ရေဒီယိုများတွင် အလုပ်သမား အခွင့်အရေးအတွက် အကူအညီ တောင်းခံနိုင်သည့် နေရာများ၊ ဆ

က်သွယ်ရန်ဖုန်းနံပါတ်များ၊ အင်တာနက်ဝက်ဘ်ဆိုက်မှတစ်ဆင့် တိုင်ကြားနိုင်သော လိပ်စာများကို စဉ်ဆက်မပြတ် ထည့်သွင်းပေးထားသည့်အတွက် အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရသည့် လုပ်သားများသည် တစ်ဦးချင်းဖြစ်စေ၊ အစုအဖွဲ့လိုက်ဖြစ်စေ အလွယ်တကူ အကူအညီ တောင်းခံနိုင်ကြပြီး လု

ပ်ငန်းရှင်များမှာလည်း တီဗီရုပ်သံများတွင် အလုပ်သမား အခွင့်အရေးကို ချိုးဖောက်သည့် လုပ်ငန်းရှင်များအား အရေးယူသည့် အမှုများကို ပြသနေသည့်အတွက် အလုပ်သမား အခွင့်အရေးကို ချိုးဖောက်သူများ နည်းပါးသွားတော့သည်။

မြန်မာနိုင်ငံတွင်မူ အလုပ်သမား အခွင့်အရေးဆိုသည်မှာ အနိမ့်ဆုံးလုပ်ခလစာ၊ အားလပ်ရက်၊ အလုပ်ချိန်နာရီ၊ လုပ်ငန်းခွင်ဘေးကင်းမှုဆိုင်ရာ စံသတ်မှတ်ချက်များကို ဥပဒေကမည်သို့မည်ပုံ သတ်မှတ်ထားသည်ဆိုသည်ကိုပင် မသိကြသည့် လုပ်သားများ အများအပြား ရှိနေပါသည်။ လုပ်သားအခွင့်အရေး ချိုး

ဖောက်ခံရသည့် လုပ်သားများမှာ မိမိတို့နစ်နာချက်ကို တိုင်ကြားလိုသော်လည်း မည်သည့်နေရာကို တိုင်ကြားရမှန်း မသိသကဲ့သို့ အလွယ်တကူ တိုင်ကြားခွင့် မရခြင်း၊ အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားကာလအတွင်း စားဝတ်နေရေး အခက်အခဲများကြောင့် အံကြိတ်ခံစားနေရသည့် အလုပ်သမား အရေအ

တွက်က ပိုများလှပါသည်။ ထိုင်ဝမ်တွင်မူ ယင်းကိစ္စကို ဖြေရှင်းပေးရန်အတွက် လုပ်ငန်းခွင်အငြင်းပွားမှု ကြုံတွေ့ရပြီးနောက် အမှုရင်ဆိုင်နေရဆဲ အလုပ်သမားများအတွက် စားဝတ်နေရေး ဖြည့်ဆည်းပေးသည့် အလုပ်သမားဂေဟာများ ဖွင့်လှစ်ပေးထားသောကြောင့် အလုပ်သမားများသည် ယင်းဂေဟာတွင်ေ

နထိုင်ပြီး တရားရင်ဆိုင်နိုင်ကြသဖြင့် များစွာ အဆင်ပြေလှပါသည်။

ရှောင်တခင် ဘယ်လိုစစ်ဆေးသလဲ

ထို့ပြင် နိုင်ငံခြားသားလုပ်သားများ လုပ်ကိုင်နေရသည့် လုပ်ငန်းခွင် အခြေအနေကို စဉ်ဆက်မပြတ် သိရှိစေရန်နှင့် ၎င်းတို့၏ အခွင့်အရေးကို ကာကွယ်ပေးရန်အတွက် ထိုင်ဝမ်အလုပ်သမားဝန်ကြီးဌာနသည် ရှောင်တခင် စစ်ဆေးရေးမှူး ၂၄၀ ကို ၂၀၀၀ ပြည့်နှစ်ကတည်းက ခန့်အပ်ထားခဲ့ပြီး နိုင်ငံခြားသားများ၏

လုပ်ငန်းခွင်သို့ သွားရောက် စစ်ဆေးစေခဲ့သည်။ ၂၀၁၃ ဇန်န၀ါရီ ၁ ရက်တွင် စစ်ဆေးရေးမှူး ၃၄ ဦးကို ထပ်ဆောင်းတိုးမြှင့်ကာ လုပ်ငန်းခွင်များသို့ သွားရောက်စစ်ဆေးစေခဲ့သည်။ စစ်ဆေးရေးမှူးများသည် ပုံမှန်စစ်ဆေးချက်များ ပြုလုပ်သည့်အခါတွင် အလုပ်ရှင်အား ပြဋ္ဌာန်းထားသော ဥပဒေများ၊ လိုက်နာရ

မည့် စည်းမျဉ်းစည်းကမ်းများကို ရှင်းပြပေးကြသည်။ ထိုကဲ့သို့ လုပ်ဆောင်ရသည့် ရည်ရွယ်ချက်သည် ထိုင်ဝမ်အစိုးရ၏ နိုင်ငံခြားလုပ်သားများအပေါ် “Living Care Service Plan” ဟု ခေါ်ဆိုသည့် လုပ်ငန်းခွင်အထိ ဂရုစိုက်ပေးသည့် ၀န်ဆောင်မှုကို ဖြည့်ဆည်းပေးခြင်းဖြစ်ပြီး လုပ်ငန်းရှင်၊ အလုပ်သမား သေ

ဘာတူစာချုပ်ကို လိုက်နာခြင်း ရှိ မရှိ၊ ဥပဒေချိုးဖောက်ခြင်းရှိ မရှိ စသည့် ကိစ္စရပ်များကို စစ်ဆေးခြင်းဖြင့် လုပ်သားတို့၏ အခွင့်အရေးကို ကာကွယ်ပေးခြင်းဖြစ်သည်။ အလုပ်သမား အခွင့်အရေးကို ချိုးဖောက်နေကြောင်း စုံစမ်းသိရှိရပါက ရှောင်တခင် စစ်ဆေးချက်များ လုပ်ဆောင်ပြီး အပြစ်ရှိကြောင်း တွေ့ရှိ

ပါက အဆိုပါ လုပ်ငန်းရှင်အား ဒဏ်ငွေပြင်းထန်စွာရိုက်ရုံမက ယခုနောက်ပိုင်းတွင် ထောင်ဒဏ်ပါ ထည့်သွင်းချမှတ်လာသည်အထိ ထိရောက်စွာ အရေးယူသောကြောင့် ဥပဒေကို လက်တစ်လုံးခြားလုပ်လိုသော လုပ်ငန်းရှင်အရေအတွက် လွန်မင်းစွာ နည်းပါးလာခဲ့သည်။

မြန်မာနိုင်ငံတွင်မူ အလုပ်သမား အခွင့်အရေးကို ချိုးဖောက်သော လုပ်ငန်းရှင်များအား ဒဏ်ငွေ မဖြစ်စလောက်သာ ရိုက်သောကြောင့် လုပ်ငန်းရှင်များသည် ဥပဒေကို ကြောက်ရွံ့မှုမရှိဘဲ အခါအခွင့်ရလျှင် ရသလို ချိုးဖောက်နေကြသည်မှာ မမြင်ချင်မှ အဆုံးဖြစ်ပါသည်။ အလုပ်သမားများကို ဥပဒေမဲ့ အလု

ပ်ထုတ်သည့်အတွက် တရားစွဲဆိုသည့်အခါ တရားရှုံးသည့် လုပ်ငန်းရှင်များအား ဒဏ်ငွေသိန်းဆယ် ဂဏန်းမျှသာ ချမှတ်သဖြင့် လုပ်ငန်းရှင်များမှ လေချွန်ပြီး ဒဏ်ငွေဆောင်နိုင်ကြပါသည်။

မန္တလေးတိုင်းဒေသကြီးတွင် လူလေးယောက်ရှိတိုင်း တစ်ယောက်မှာ ပုဂ္ဂလိကလုပ်ငန်းရှင်တစ်ဦး၏ လုပ်ငန်းတွင် ၀င်ရောက် လုပ်ကိုင်နေရသူများဖြစ်သည်။ မန္တလေးတိုင်းဒေသကြီးတွင် အသက် ၁၀ နှစ်အထက် လုပ်ငန်းခွင်ဝင်နေသည့် လုပ်သားဦးရေ ငါးသန်းကျော် (၅၁၄၆၄၄၀) ရှိပြီး အစိုးရ၀န်ထမ်း တစ်သိန်း ခုနစ်သောင်းကျော် (၁၇၅၂၀၂)၊ လုပ်ငန်းရှင်တစ်သိန်းကျော် (၁၀၈၈၂၀)၊ ကိုယ်တိုင်လုပ်သူ တစ်သန်းကျော် (၁၀၉၂၆၀၅) နှင့် မိသားစုလုပ်ငန်းတွင် လုပ်ကိုင်သူ လေးသိန်းကျော် (၄၁၄၉၁၈) နှင့် အလုပ်သမား တစ်သန်း တစ်သိန်း ကျော် (၁၁၀၁၀၇၇) ရှိကြောင်း ၂၀၁၄ သန်းခေါင်စာရင်းတွင် ဖော်ပြထားသည်။ အစိုးရ၀န်ထမ်း၊ လုပ်ငန်းရှင်၊ ကိုယ်တိုင်လုပ်သူ အရေအတွက်ကို ဖယ်လိုက်ပါက တခြားသူထံတွင် ၀င်ရောက်လုပ်ကိုင်နေရသည့် လုပ်သားရာခိုင်နှုန်းမှာ မန္တလေးတိုင်းဒေသကြီး လူဦးရေ ခြောက်သန်းကျော် (၆၁၆၅၇၂၃) ၏ ၂၅ ရာခိုင်နှုန်းနီးပါး ရှိသည်ကို တွေ့ရမည်ဖြစ်သည်။

၂၀၁၃ ခုနှစ် မတ် ၂၂ ရက်တွင် ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုလိုက်သည့် အနည်းဆုံးအခကြေးငွေဥပဒေ၊ အခန်း (၉) တွင် ၀န်ကြီးဌာနသည် ဤဥပဒေအရ အတည်ပြုလိုက်သည့် နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ အမိန့်ကြော်ငြာစာများအတိုင်း လိုက်နာဆောင်ရွက်ခြင်း ရှိ၊ မရှိနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဦးစီးဌာနမှ အရာရှိများအား စစ်ဆေးရေး အရာရှိများအဖြစ် တာဝန်ပေးရမည်ဖြစ်ပြီး စစ်ဆေးရေးအရာရှိသည် အလုပ်ရှင်က ဤဥပဒေအား လိုက်နာခြင်းရှိ၊ မရှိ သက်ဆိုင်ရာ လုပ်ငန်းခွင်များသို့ ၀င်ရောက် စစ်ဆေးခွင့်ရှိပြီး ဤဥပဒေပါပြဌာန်းချက် တစ်ရပ်ရပ်အား ချိုးဖောက်ပါက ဦးစီးဌာန၏ ညွှန်ကြားချက်နှင့် တာဝန်ပေးအပ်ချက်အရ တရားစွဲဆိုနိုင်သည်ဟု ပြဋ္ဌာန်းထားသည်။ သို့သော်လည်း ယင်းသို့ ရှောင်တခင် ၀င်ရောက်စစ်ဆေးကာ ဥပဒေချိုးဖောက်သည့် လုပ်ငန်းရှင်များအား အရေးယူလိုက်သည်ဆိုသည့် ကိစ္စရပ်မှာ မကြားရသလောက် ရှားပါးလှသည်။

၂၀၁၁-၂၀၁၂ မှ ၂၀၁၅-၂၀၁၆ အထိ မှတ်ပုံတင်ထားသည့် အလုပ်ဌာနပေါင်း လေးသောင်း ခုနစ်ထောင်ကျော် (၄၇၅၁၄) နှင့် လုပ်သားဦးရေ တစ်ဆယ့်ခုနစ်သိန်းကျော် (၁၇၃၀၀၈၈) ရှိသည့်အတွက် အလုပ်ဌာန စစ်ဆေးနိုင်မှုနှုန်းမှာ အမှန်တကယ်ရှိသည့် အလုပ်ဌာနများ၏ သုံးပုံတစ်ပုံနီးပါးကိုသာ စစ်ဆေးနိုင်ခဲ့ပြီး လုပ်သားအင်အား အနေဖြင့်မူ ဆယ်ပုံတစ်ပုံခန့်ကိုသာ စစ်ဆေးနိုင်ခဲ့ပါသည်။

အလုပ်သမား အခွင့်အရေး စစ်ဆေးမှုပုံစံတွေ အလုပ်ဖြစ်ရဲ့လား

ထို့ပြင် အလုပ်သမားဝန်ကြီးဌာန၏ စစ်ဆေးသည့် ပုံစံမှာလည်း အလုပ်သမားများက တိုင်ကြားမှသာ သွားရောက် စစ်ဆေးခြင်းဖြစ်ပြီး ထိုသို့စစ်ဆေးသည့်အခါတွင် ဦးဆောင်တိုင်ကြားသူ အလုပ်သမားများနှင့် အလုပ်ရှင်ကို ထိပ်တိုက်တွေ့ဆုံကာ သုံးပွင့်ဆိုင်သဘောမျိုး စစ်ဆေးသည့်အတွက် လုပ်ငန်းရှင်များက ဦးဆောင်တိုင်ကြားသူ အလုပ်သမားများအား အငြိုးထားကာ နည်းမျိုးစုံသုံးပြီး အလုပ်မှ ထုတ်ပယ်သည့် ဥပမာ အများအပြား ရှိနေပြီးဖြစ်ပါသည်။ အမှန်တကယ်အားဖြင့် ဖြစ်သင့်သည်မှာ အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံနေရကြောင်း အလုပ်သမားများထံမှ သတင်းရရှိပါက အလုပ်သမား ၀န်ကြီးဌာနအနေဖြင့် ယင်းသတင်းထွက်ပေါ်ရာ လုပ်ငန်းခွင်ထံသို့ ရှောင်တခင် ၀င်ရောက်စစ်ဆေးပြီး လုပ်ကိုင်နေသည့် အလုပ်သမားများ အားလုံးကို ခေါ်ယူမေးမြန်းခြင်း၊ လုပ်ငန်းရှင်ကို မေးမြန်းခြင်း၊ မြေပြင်အခြေအနေကို ကွင်းဆင်းစစ်ဆေးခြင်းဖြင့် အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရခြင်း ရှိ၊ မရှိဆိုသည်ကို အလွယ်တကူ သိရှိနိုင်မည် ဖြစ်ပါသည်။ မည်သည့်အလုပ်သမားက တိုင်ကြား၍ လာရောက်စစ်ဆေးရပါသည်ဟု လုပ်ငန်းရှင်များကို ပြောကြားခြင်းသည် တိုင်ကြားသည့် အလုပ်သမားများကို အလုပ်မှ ထုတ်ပစ်လိုက်ပါဟု ပြောသည်နှင့် အတူတူပင်ဖြစ်သည်။

အမှန်တကယ်အားဖြင့် အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရ၍ ဆန္ဒထုတ်ဖော်ဆိုသည့် သတင်းမှာ ၂၀၁၀ နောက်ပိုင်း မကြာခဏ ဖတ်ရှုရသည့် သတင်းဖြစ်သည့်အတွက် စာဖတ်သူများအဖို့ ထူးသော်လည်း မဆန်းတော့သည့် သတင်းဖြစ်သည်။ သို့သော်လည်း ထိုကဲ့သို့ ဆန္ဒထုတ်ဖော်သူများကို ကြည့်လိုက်ပါက လုပ်သားအင်အားများစွာ အသုံးပြုရပြီး တစ်နေရာတည်းတွင် တူညီသောအလုပ်များကို တစ်စုတစ်ဝေးတည်း လုပ်နေရသည့် လုပ်သားများဖြစ်သည်ကို တွေ့ရပါလိမ့်မည်။ သို့သော်လည်း အသံမထွက်သည့် လုပ်သားများစွာ ရှိပါသည်။

ဥပဒေကို လက်တစ်လုံးခြားလုပ်နေတဲ့ လုပ်ငန်းရှင်တွေနဲ့ အသံတိတ်နေတဲ့ အလုပ်သမားတွေအရေး ဘယ်သူကိုင်တွယ်ပေးမှာလဲ

လုပ်ငန်းတစ်ခုတွင် အလုပ်သမား ၁၅ ဦးနှင့် အထက်ရှိ မြန်မာနိုင်ငံရှိ အလုပ်သမားများအတွက် နေရာဒေသနှင့် လုပ်ငန်းအမျိုးအစား ခွဲခြားမှုမရှိဘဲ တစ်နာရီလျှင် ကျပ် ၄၅၀ နှုန်းနှင့် အလုပ်ချိန် ရှစ်နာရီ တစ်ရက်အတွက် ကျပ်သုံးထောင့်ခြောက်ရာ သက်မှတ်ထားကြောင်း ၂၀၁၅ သြဂုတ် ၂၈ ရက်တွင် အနည်းဆုံး အခကြေးငွေဆိုင်ရာ အမျိုးသားကော်မတီက အတိအလင်း ကြေညာပြီး ဖြစ်သည်။ ယင်းကဲ့သို့ ကြေညာခဲ့ပြီးနောက် ယခုနောက်ဆုံး ထုတ်ပြန်လိုက်သည့် အနိမ့်ဆုံးလုပ်အားလစာ ၄၆၀၀ ရရှိရမည်ဆိုသည်ထိ အဆင့်ဆင့် ပြောင်းလဲလာခဲ့သော်လည်း အနိမ့်ဆုံး လုပ်အားခငွေ မည်မျှရရမည်ဆိုသည်ကို မသိသည့် အလုပ်သမားများ တစ်နိုင်ငံလုံးတွင် ဒုနှင့်ဒေး ရှိနေဆဲဖြစ်သည်။

မန္တလေးမြို့နေရာအနှံ့ရှိ ဘီယာဆိုင်များ၊ လက်ဖက်ရည်ဆိုင်များတွင် လုပ်ကိုင်နေသည့် စားပွဲထိုးကောင်လေးများကို လစာမည်မျှရပါသလဲဟု မေးမြန်းကြည့်ရာ အများဆုံးလစာမှာ ခြောက်သောင်း၊ အနည်းဆုံးလစာမှာ သုံးသောင်းသာရသည်ကို တွေ့ရသည်။ သာမန် ဘီယာဆိုင်တစ်ဆိုင်တွင် အကင်ကင်သည့် အမျိုးသမီးဝန်ထမ်းသုံးဦးမှ ငါးဦး၊ စားပွဲထိုးရှစ်ဦးမှ ၁၀ ဦး၊ ကောင်တာစာရေးမ နှစ်ဦးမှ လေးဦး၊ ပန်းကန်ဆေး၊ ပစ္စည်းသယ် စသည့် အောက်ခြေ၀န်ထမ်းသုံးဦးမှ ငါးဦးအထိ ရှိပါသည်။ ၀န်ထမ်းအင်အား အနိမ့်ဆုံး ၁၅ ဦးနှင့်အထက် ရှိသော်လည်း ဥပဒေမှပြဋ္ဌာန်းထားသည့် အနိမ့်ဆုံး လုပ်ခလစာ မရကြသကဲ့သို့ တစ်ပတ်လျှင် တစ်ရက်နားရက်လည်း မရကြပါ။ အလုပ်ချိန်မှာ မွန်းလွဲ တစ်နာရီခန့်မှ ည ၁၁ နာရီ၊ ၁၂ နာရီအထိ လုပ်ကိုင်ကြရပါသည်။

မန္တလေးမြို့ မန္တလေးတက္ကသိုလ် ပတ်ဝန်းကျင်တွင် တရုတ်လူမျိုးများနှင့် ပူးပေါင်းဖွင့်လှစ်ထားသော ဘိလိယက်ခုံများ၊ ကလပ်များ အများအပြား ရှိပါသည်။ ဘိလိယက်ခုံများတွင် လုပ်ကိုင်နေကြသည့် မိန်းကလေးများမှာ တစ်လလျှင် ခြောက်သောင်းမှ ရှစ်သောင်းအထိသာ ရပါသည်။ နံနက်ဆိုင်ဖွင့်ချိန် ၁၀ နာရီမှ ည ၁၁ နာရီ လုပ်ကိုင်ရပြီး တစ်လလုံးတွင်မှ တစ်ရက်သာ နားခွင့်ရပါသည်။ ဘိလိယက်ဆိုင်ရှင်များသည် အဆိုပါ ၀န်ထမ်းမိန်းကလေးများအတွက် နေစရာတစ်ခုသာ ဖန်တီးပေးပြီး စားသောက်ရေးကို တာဝန်မယူပေးကြပါ။ နေစရာဆိုသည်မှာလည်း ည ၁၁ နာရီ ဆိုင်ပိတ်သောအခါ ဘိလိယက်ခုံများအောက်ကို သန့်ရှင်းရေးလုပ်ပြီး ကြမ်းပေါ်တွင် အိပ်စေခြင်း၊ ကျဉ်းမြောင်းလှသော အခန်းတစ်ခုထဲတွင် ၀န်ထမ်းမိန်းကလေးများ ၁၀ ဦးမှ ၁၅ ငါးဦးအထိ အိပ်စေခြင်းတို့သာဖြစ်သည်။ ကောင်းမွန်သက်သာသော နေထိုင်စရာပေးခြင်း မဟုတ်ပါ။ အဆိုပါ အခြေအနေမျိုးတွင် လုပ်ကိုင်နေရသည့် မိန်းကလေးများအတွက် အလုပ်သမား အခွင့်အရေး တောင်းဆိုပေးမည့်သူများ ယနေ့အထိ တစ်ယောက်မှ ပေါ်မလာသေးပါ။ မည်သူမှလည်း လာရောက်စစ်ဆေးခြင်း မရှိသေးသည်မှာ အဘယ်ကြောင့်ပါနည်း။

ထို့အတူပင် မန္တလေးတိုင်း အနှံ့အပြားရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် အောက်ခြေ ပန်းရန်၊ သဲသယ်၊ အုတ်သယ် လုပ်ကိုင်နေရသည့် အလုပ်သမားများမှာ လုံခြုံရေး အစီအစဉ် လုံးဝမရှိဘဲ လုပ်ကိုင်နေရပါသည်။ မည်သူမှလည်း လာရောက်စစ်ဆေးခြင်း၊ ကြပ်မတ်ခြင်းမရှိပါ။ ထို့အတူပင် စည်ပင်သာယာ အောက်ခြေ၀န်ထမ်းများဖြစ်သည့် မြောင်းဆယ်၊ လမ်းဖောက်လုပ်နေသည့် လုပ်သားများမှာ ကတ္တရာပုံးများကို အကာအကွယ်မပေးဘဲ သယ်ယူနေရသည်။ နေ့စဉ် ရှူရှိုက်နေရသည့် ကတ္တရာနံ့များကြောင့် ၎င်းတို့၏ အဆုတ်များ မည်မျှထိခိုက်နေပါသနည်း။ ရေဆိုးမြောင်းများသို့ အကာအကွယ်လုံးဝမပါဘဲ ဗလာထည်ဆင်းကာ မြောင်းဆယ်နေရသော ၀န်ထမ်းများ၏နောက်ဆက်တွဲ ကျန်းမာရေးအန္တရာယ် မည်မျှကြီးမားပါသနည်း။ သစ်စက်များ၊ သစ်သားပန်းပု၊ ကျောက်ဆင်းတု လုပ်ငန်းများတွင် အကာအကွယ် လုံးဝမပါဘဲ နေ့စဉ်လုပ်ကိုင်နေရသော လုပ်သားများ၏ ကျန်းမာရေး အန္တရာယ်ကို လုပ်ငန်းရှင်မှ ထည့်သွင်းစဉ်းစားခြင်း မရှိသကဲ့သို့ အလုပ်သမားဝန်ကြီးဌာနမှလည်း လာရောက်ကြီးကြပ် စစ်ဆေးခြင်းများ မရှိသည်မှာ အဘယ့်ကြောင့်ပါနည်းဆိုသည့် မေးခွန်းများ၏ အဖြေကို တာဝန်ရှိသူများ စဉ်းစားသင့်ပြီဖြစ်သည်။ ထို့ထက်ဆိုးသည်မှာ စည်ပင်သာယာက နေ့စားအဖြစ် ငှားရမ်းထားသော သန့်ရှင်းရေးဝန်ထမ်း တချို့မှာ ၎င်းတို့ တစ်ရက်မည်မျှရ မည်ဆိုသည်ကိုပင် မသိကြဘဲ အလုပ်ကြပ်များက၊ စာရေးများက ပေးသလောက်ကိုသာ ရယူနေကြရခြင်း ဖြစ်သည်။ ယင်းအချက်များကို အလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူများ ကိုယ်တိုင်ကွင်းဆင်း မေးမြန်းကြည့်လျှင် လွယ်ကူစွာ သိရှိနိုင်ပါသည်။

လုပ်အားလစာ ခေါင်းပုံဖြတ်မှုတွေအတွက် အဖြေရှာပေးပါ

တခြားသော နိုင်ငံများတွင်မူ ယင်းကဲ့သို့ ပညာမတတ်သည့် လုပ်သားများ လုပ်အားခခေါင်းပုံဖြတ်ခြင်းကို ကာကွယ်နိုင်ရန်အတွက် နေ့စားဖြစ်စေ၊ လစားဖြစ်စေ လုပ်ခလစာပေးချေသောအခါ ၎င်းတို့ရရှိရမည့် ငွေကြေးပမာဏကို ရှင်းလင်းပြတ်သားစွာ ရေးသားစေပြီး အလုပ်သမားများကိုယ်တိုင် လက်မှတ်ရေးထိုးပြီးမှ လုပ်အားခငွေ ထုတ်ယူပေးသောစနစ်ကို ကျင့်သုံးပါသည်။ မြန်မာနိုင်ငံတွင်မူ အလုပ်ကြီးကြပ်သူ (Supervisor) တစ်ဦးက ကိုယ်စားပေးသောစနစ်ကိုသာ ကျင့်သုံးနေဆဲဖြစ်ပြီး ယင်းသို့ ကျင့်သုံးသော စနစ်ကြောင့် အောက်ခြေ၀န်ထမ်း အများအပြားမှာ လုပ်အားခ ခေါင်းပုံဖြတ်ခံနေရပါသည်။

ထို့အတူပင် လုပ်ငန်းကြီးမားစွာ လုပ်ကိုင်နေသော်လည်း အခွန်အခ မဆောင်လိုခြင်း၊ လုပ်ခလစာ အနိမ့်ဆုံး ၃၆၀၀ (ယခု ၄၆၀၀) ပေးရမည်ကို စိုးရိမ်သောကြောင့် အလုပ်သမားများကို အလုပ်ရှင်နှင့် ဆွေမျိုးမရမက တော်စပ်ခိုင်းပြီး မိသားစု လုပ်ငန်းဟု နာမည်ခံကာ ဥပဒေကို လက်တစ်လုံးခြား လုပ်ကိုင်နေသော လုပ်ငန်းရှင်များကိုလည်း ကွင်းဆင်း စစ်ဆေးသင့်သောအချိန် ဖြစ်သည်။

ထိုကဲ့သို့ လုပ်ငန်းများကို ဥပမာပေးရလျှင် အလုပ်ရှင် အလုပ်သမား ပြဿနာ အကြီးအကျယ်တက်ပြီးနောက် မီဒီယာများတွင် စဉ်ဆက်မပြတ်ပါနေသည့် ပန်ဒိုရာ အဆီချ လုပ်ငန်းကဲ့သို့ အလုပ်သမားများကို နားရက်မပေး၊ အလုပ်ချိန်လည်း ကန့်သတ်မထားဘဲ လုပ်ငန်းရှိလျှင် ရှိသလောက် လုပ်ခိုင်းကာ မူလခေါ်ယူသည့်လုပ်ငန်းနှင့် မသက်ဆိုင်သော ကလေးထိန်းခိုင်းခြင်း၊ အ၀တ်လျှော်ခြင်း စသည့် အလုပ်များကိုလည်း မရမက လုပ်ခိုင်းပြီး လုပ်ခလစာကိုလည်း လေးငါးသောင်းသာပေးပြီး ခိုင်းစေနေသည့်လုပ်ငန်း ဌာနများ မန္တလေးမြို့တွင် အများအပြား ရှိပါသည်။ မန္တလေးမြို့ အနောက်မြောက်ဘက် ၁၉ လမ်းအနီးရှိ တရုတ်လူမျိုးပိုင် အထည်စက်ရုံ တစ်ခုဆိုလျှင် အလုပ်သမားများကို နယ်မှ အလုပ်သမားများသာ သီးသန့်ခေါ်ယူပါသည်။ နံနက်ခြောက်နာရီခွဲမှ စတင်ကာ အလုပ်ဝင်ရပြီး ည ၆ နာရီခွဲ၊ ၇ နာရီမှ အလုပ်သိမ်းပါသည်။

NLD အစိုးရတက်လာပြီးနောက် ရက် ၁၀၀ သတင်းစာရှင်းလင်းပွဲတွင် မန္တလေးတိုင်းဝန်ကြီးချုပ်အား ယခုလို အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံနေရသူများအတွက် မည်သို့မည်ပုံ ဆောင်ရွက်သွားပါမည်နည်းဟု မေးမြန်းရာ ၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ဥပဒေကို လက်တစ်လုံးခြားလုပ်ကာ အလုပ်သမား အခွင့်အရေး ချိုးဖောက်နေသည့် လုပ်ငန်းရှင်များအား အရေးယူရေးအတွက် ကော်မတီ၊ အသင်းအဖွဲ့တစ်ရပ်ဖွဲ့ကာ အရေးယူ ဆောင်ရွက်သွားမည်ဟု ဖြေကြားသော်လည်း ယခုအချိန်ထိ အမှန်တကယ် အသက်ဝင်လာခြင်း မရှိသေးသည်ကို တွေ့ရှိရပြီး အလုပ်သမား အခွင့်အရေးများစွာ ချိုးဖောက်ခံနေရဆဲသာ ဖြစ်ပါသည်။

နယ်၊ ကျေးလက်ဒေသမှလာသည့် အလုပ်သမား အများစုသည် ဥပဒေအရ ပြဋ္ဌာန်းထားသည့် အလုပ်သမား အခွင့်အရေးကို မသိသကဲ့သို့ တောင်းဆိုရကောင်းမှန်းလည်း မသိပါ။ သက်ဆိုင်ရာတာဝန်ရှိသူများ၊ အလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူများ အနေဖြင့် မီဒီယာတွင် ပါလာသော အလုပ်သမား အရေးအခင်းများကိုသာ ဦးစားပေး ဆောင်ရွက်နေသည့် ပုံစံအစား မီဒီယာတွင် မပါသကဲ့သို့ မည်သည့်အဖွဲ့အစည်းမှလည်း အာရုံမစိုက်သော၊ အာရုံမစိုက်မိသော အသံမထွက်သည့် အလုပ်သမားများ အရေးကိုလည်း ဦးစားပေး ဆောင်ရွက်စေလိုကြောင်း တိုက်တွန်းအပ်ပါသည်။

May 13, 2018














Copy Protected by Chetan's WP-Copyprotect.