၂၀၀၈-၂၀၀၉ ဘဏ္ဍာနှစ်မှ စတင်တည်ဆောက်ခဲ့သည့် သံတွဲမြို့နယ် သူဌေးရေအားလျှပ်စစ် စီမံကိန်း ၁၀ နှစ်အကြာတွင် ၄၈ ရာခိုင်နှုန်းခန့်သာ ပြီးစီးကြောင်း သိရ

၂၀၀၈-၂၀၀၉ ဘဏ္ဍာနှစ်မှ စတင်တည်ဆောက်ခဲ့သည့် သံတွဲမြို့နယ် သူဌေးရေအားလျှပ်စစ် စီမံကိန်း ၁၀ နှစ်အကြာတွင် ၄၈ ရာခိုင်နှုန်းခန့်သာ ပြီးစီးကြောင်း သိရ
Published 9 May 2018

သူဌေး ရေအားလျှပ်စစ် စီမံကိန်း လုပ်ငန်းခွင် တစ်နေရာကို ဖေဖော်ဝါရီလဆန်းပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ-သန်းမောင်ဦး)

၂၀၀၈-၂၀၀၉ ဘဏ္ဍာနှစ်မှ စတင်တည်ဆောက်ခဲ့သည့် သံတွဲမြို့နယ် သူဌေးရေအားလျှပ်စစ် စီမံကိန်း ၁၀ နှစ်အကြာတွင် ၄၇ ဒသမ ၇၇ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ချက်အရ သိရသည်။

သူဌေးရေအားလျှပ်စစ် စီမံကိန်းတွင် တည်ဆောက်မည့် ပင်မတမံ အမျိုးအစားမှာ ဇုန်အမျိုးအစား (ကျောက်ဖြည့်တမံ) ဖြစ်ပြီး ကန်ရေပြည့် ရေသိုလှောင်ပမာဏမှာ ၆ ဒသမ ၉၆ သိန်း ဧကပေ သိုလှောင်နိုင်မည်ဖြစ်ကာ ယခုအခါ စီမံကိန်း၏ ၄၇ ဒသမ ၇၇ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီ ဖြစ်ကြောင်းလည်း သတင်းထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါ သူဌေးချောင်း ရေအားလျှပ်စစ် စီမံကိန်းမှာ အရှည်မိုင် ၇၀ ခန့်ရှည်လျားသည့် သူဌေးချောင်းအား လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနအောက်ရှိ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာန တည်ဆောက်ရေးအဖွဲ့ (၄) မှ နော်ဝေနိုင်ငံ၏ နည်းပညာ အကူအညီရယူကာ တည်ဆောက်နေခြင်းဖြစ်ပြီး စီမံကိန်း တည်ဆောက်ရေးကဏ္ဍ ကိုးခုအတွက် တွက်ချက်မှုအရ နိုင်ငံတော်စရိတ် ကျပ်သန်းပေါင်း ၃၅၄၆၀၁ ဒသမ ၂၅ ဖြင့် နိုင်ငံတော်၏ နှစ်စဉ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်နေရာ နည်းပညာပိုင်းဆိုင်ရာ လုပ်ငန်းများအတွက် နော်ေ၀ Nor wegian Water Resources and Energy Directorcte (NVE) ၏ အထောက်အပံ့အရ လည်းကောင်း၊ မြို့ပြဆိုင်ရာ တည်ဆောက်မှု လုပ်ငန်းအတွက် နိုင်ငံတော် ရန်ပုံငွေမှ လည်းကောင်း စက်မှုလျှပ်စစ် တပ်ဆင်ခြင်းဆိုင်ရာ လုပ်ငန်းများအား တရုတ်နိုင်ငံ EHIN Bank တို့၏ချေးငွေဖြင့် ပါဝင်တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

သူဌေးရေအားလျှပ်စစ် စီမံကိန်းအား ဖေဖော်ဝါရီလဆန်းပိုင်းက တွေ့ရစဉ် (Photo : than maung oo)

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုတို့သည် မေ ၅ ရက် မွန်းလွဲပိုင်းက သူဌေးရေအားလျှပ်စစ် စီမံကိန်း၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် အမှတ် (၂) ရေလွှဲဥမင်လိုဏ် အဝင်ပိုင်းနှင့် ရေထိန်းတံခါးပြွန် တူးဖော်ခြင်းလုပ်ငန်း၊  ကွန်ကရစ် သွန်းလောင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေ၊ ဥမင်လိုဏ်ခိုင်ခံ့ခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေနှင့် အထွက်ပိုင်း ကွန်ကရစ် သွန်းလောင်းနေမှု အခြေအနေများအား ဥမင်လိုဏ်တစ်လျှောက် လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပြီး အမှတ် (၁) ရေလွှဲဥမင်လိုဏ် ဖောက်လုပ်ပြီးစီးနေမှု အခြေအနေအား မော်တော်ယာဉ်များဖြင့် ဖြတ်သန်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့ပြင် တမံအုတ်မြစ်စိမ့် ရေတားနံရံလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု၊ ပင်မတမံအောက်ခြေမြေကြီး၊ ကျောက်သား တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ စီမံကိန်းလုပ်ငန်းများအလိုက် ဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး ခဲ့ကြောင်းလည်း သိရသည်။ သူဌေးရေအားလျှပ်စစ် စီမံကိန်းသည် သူဌေးချောင်းပေါ်တွင် ရေလှောင်တမံ တည်ဆောက်ပြီး ၁၁၁ မဂ္ဂါဝပ်ဓာတ်အားပေး စက်ရုံတစ်ရုံ တည်ဆောက်၍ နှစ်စဉ်ပျမ်းမျှ လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီသန်းပေါင်း ၃၈၆ သန်း ရခိုင်ပြည်နယ်အတွင်း ဒေသများသို့ လျှပ်စစ်ဓာတ်အား တိုးမြှင့်ဖြန့်ဖြူး ပေးနိုင်ရန်နှင့် နိုင်ငံတော် ဓာတ်အားစနစ်သို့ ချိတ်ဆက်ကာ ပို့လွှတ်ဖြန့်ဖြူးနိုင်ရေး ရည်ရွယ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

၂၀၀၈-၂၀၀၉ ဘဏ္ဍာနှစ်မှ စတင်တည်ဆောက်ခဲ့သည့် ရခိုင်ပြည်နယ် သံတွဲမြို့နှင့် ၁၂ မိုင်အကွာရှိ သူဌေးချောင်း ရေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent