OIC ကိုယ်စားလှယ်အဖွဲ့ ကော့ဘဇားရှိ ဘင်္ဂါလီဒုက္ခသည် စခန်းများသို့ သွားရောက်

OIC ကိုယ်စားလှယ်အဖွဲ့ ကော့ဘဇားရှိ ဘင်္ဂါလီဒုက္ခသည် စခန်းများသို့ သွားရောက်
Published 4 May 2018

Photo : AFP

အပြည်ပြည်ဆိုင်ရာ အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) အဖွဲ့ဝင် နိုင်ငံများမှ ကိုယ်စားလှယ်များနှင့် ဝန်ကြီးများအဖွဲ့သည် မေ ၄ ရက်တွင် ကော့ဘဇားရှိ ဘင်္ဂါလီ ဒုက္ခသည်စခန်းများသို့ သွားရောက်ခဲ့သည်။

နိုင်ငံပေါင်း ၃၈ နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများ၊ နိုင်ငံခြားရေး အတွင်းဝန်များနှင့် အဆင့်မြင့် ကိုယ်စားလှယ်များ ပါဝင်သော အဖွဲ့သည် မေ ၄ ရက် နံနက်တွင် ဘင်္ဂလားဒေ့ရှ် လေကြောင်းလိုင်း Biman ၏ အထူးလေယာဉ် ခရီးစဉ်ဖြင့် ကော့ဘဇားသို့ ရောက်ရှိခဲ့သည်။

ကနေဒါ နိုင်ငံခြားရေးဝန်ကြီး ခရစ္စတီယာဖရီးလင်း၊ ကနေဒါ ဝန်ကြီးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဘော့ရေး၊ OIC ဆိုင်ရာ ကနေဒါ အထူးကိုယ်စားလှယ် မာဆွတ်ဟူစိန်၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး မာမွတ်အလီတို့သည် ကိုယ်စားလှယ် အဖွဲ့နှင့်အတူ လိုက်ပါခဲ့ကြသည်။

ယင်းကိုယ်စားလှယ် အဖွဲ့သည် မေ ၅ ရက်မှစ၍ ဒါကာတွင် ကျင်းပမည့် OIC နိုင်ငံခြားရေး ဝန်ကြီးများကောင်စီ အစည်းအဝေးကို တက်ရောက်ကြမည် ဖြစ်သည်။

OIC သည် ကုလသမဂ္ဂပြီးလျှင် နိုင်ငံ ဒုတိယအများဆုံး ပါဝင်သော အဖွဲ့ဖြစ်ပြီး တိုက်ကြီး လေးတိုက်မှ နိုင်ငံ ၅၇ နိုင်ငံက အဖွဲ့ဝင်အဖြစ် ပါဝင်သည့် အဖွဲ့ဖြစ်သည်။

Most Read

Most Recent