ဖျာပုံခရိုင် အောင်ချမ်းသာရေစင်ဆိပ်ကမ်းရှိ သင်္ဘောမီးလောင်ရာမှ ကုန်းပေါ်ရှိနေအိမ်များသို့ ကူးစက်လောင်ကျွမ်းပြီး ဆီတိုင်ကီပေါက်ကာ ကျေးရွာနေအိမ် အများအပြား မီးလောင်ကျွမ်း

ဖျာပုံခရိုင် အောင်ချမ်းသာရေစင်ဆိပ်ကမ်းရှိ သင်္ဘောမီးလောင်ရာမှ ကုန်းပေါ်ရှိနေအိမ်များသို့ ကူးစက်လောင်ကျွမ်းပြီး ဆီတိုင်ကီပေါက်ကာ ကျေးရွာနေအိမ် အများအပြား မီးလောင်ကျွမ်း
Published 27 March 2018

သင်္ဘောမီးလောင်ရာမှ ကုန်းပေါ်ရှိ နေအိမ်များသို့ ကူးစက်လောင်ကျွမ်းခဲ့စဉ်

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဖျာပုံမြို့ရှိ ဒေါ်ငြိမ်ကျေးရွာအုပ်စု ခါးပြတ်ကျေးရွာတွင် အောင်ချမ်းသာရေစင် ဆိပ်ကမ်းရှိ သင်္ဘောမီးလောင်ရာမှ ကုန်းပေါ်ကူးစက် လောင်ကျွမ်းစဉ် ဆီတိုင်ကီပေါက်ကာ ကျေးရွာရှိ လူနေအိမ်များ လောင်ကျွမ်းမှု မတ် ၂၆ ရက် နံနက် ၁၁ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

အမှတ် (၆) ရပ်ကွက်နေ ရေလုပ်ငန်းရှင် ဒေါ်ခင်လှိုင် ပိုင်ဆိုင်သော အောင်ချမ်းသာ ငါးပေါင်းဖားကူး ချွန်းသင်္ဘော မီးလောင်ကျွမ်းရာမှ ကုန်းပေါ်ရှိ ရေစင်မီးလောင်ကျွမ်းကာ ရေစင်ရှိ လောင်စာတိုင်ကီအား မီးကူးစက်ပေါက်ကွဲပြီး ကျေးရွာအတွင်းရှိ အိမ်များသို့ မီးကူးစက် လောင်ကျွမ်းခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် ကမ်းနားရှိ ရေစင်နှင့် အိမ်ထောင်စု ၃၅ စု၏နေအိမ် မီးလောင်ကျွမ်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

 

Most Read

Most Recent