၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းတွင် ကျပ် ၁၀၆၇၇၆၉၈ ဒသမ ၁၇၄ သန်း တောင်းခံထားသည့်အနက် ကျပ် ၁၃၀၁၀၄ ဒသမ ၁၃၂ သန်းကို ပူးပေါင်းအဖွဲ့များ စိစစ်လျှော့ချထား

၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းတွင် ကျပ် ၁၀၆၇၇၆၉၈ ဒသမ ၁၇၄ သန်း တောင်းခံထားသည့်အနက် ကျပ် ၁၃၀၁၀၄ ဒသမ ၁၃၂ သန်းကို ပူးပေါင်းအဖွဲ့များ စိစစ်လျှော့ချထား
Published 17 February 2018

ဖေဖော်ဝါရီ ၁၆ ရက်က နေပြည်တော်တွင်ပြုလုပ်သော ပြည်ထောင်စုလွှတ်တော်အစည်းအဝေး မစတင်မီတက်ရောက်လာသူများကို တွေ့ရစဉ်

၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်းတွင် ကျပ်သန်းပေါင်း ၁၀၆၇၇၆၉၈ ဒသမ ၁၇၄ တောင်းခံထားသည့်အနက် ကျပ်သန်းပေါင်း ၁၃၀၁၀၄ ဒသမ ၁၃၂ အား ပူးပေါင်းအဖွဲ့များက စိစစ် လျှော့ချထားကြောင်း ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ က အစီရင်ခံစာ တင်သွင်းခဲ့သည်။

၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာ ၃၀ ရက်အထိ ပြည်ထောင်စုအဆင့်အဖွဲ့များမှ သာမန်နှင့်ငွေလုံးငွေရင်းအသုံးစရိတ် လျာထားချက် ကျပ်သန်းပေါင်း ၁၀၆၇၇၆၉၈ ဒသမ ၁၇၄ တောင်းခံထားသည့်အနက် ကျပ်သန်းပေါင်း ၁၃၀၁၀၄ ဒသမ ၁၃၂ အား ပူးပေါင်းအဖွဲ့များက စိစစ်လျှော့ချထားပြီး စိစစ်လျှော့ချပြီး ကျန်ငွေ ကျပ်သန်းပေါင်း ၁၀၅၄၇၅၉၄ ဒသမ ၀၄၂ ဖြစ်ကြောင်း ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီက ဖေဖော်ဝါရီ ၁၆ ရက်ကပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ အစီရင်ခံစာ တင်သွင်းခဲ့သည်။

၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာအထိ ခြောက်လအတွက် ပြည်ထောင်စု၏ အရအသုံး ခန့်မှန်းခြေငွေစာရင်းနှင့်၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းအပေါ် စိစစ်တွေ့ရှိချက်များအရ သာမန်ရငွေတွင် ကျပ် ၅၀၆၀၂ ဒသမ ၄၈၀ သန်း တိုးမြှင့်ပြီး သုံးငွေစိစစ်လျှော့ချမှုကြောင့် ရငွေကျပ် ၁၃၂၁၆ ဒသမ ၃၂၀ သန်းလျော့နည်းခြင်းနှင့် သုံးငွေစိစစ်လျှော့ချမှု ကျပ် ၁၃၀၁၀၄ ဒသမ ၁၃၂ သန်းတို့ကို အတည်ပြုသင့်ကြောင်း ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီက သဘောထားမှတ်ချက်ပြုခဲ့သည်။

၂၀၁၈ ခုနှစ်ဧပြီမှ စက်တင်ဘာ ခြောက်လအထိ တောင်းခံငွေများတွင် ပူးပေါင်းစိစစ်ရေးအဖွဲ့များက စိစစ်ဖြတ်တောက်ခြင်းမရှိခဲ့သည့် ဌာနများအနေဖြင့် နိုင်ငံတော်သမ္မတရုံး၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ပြန်ကြားရေး (နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ)၊ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး (နိုင်ငံတော်ပိုင်စီးပွားရေး အဖွဲ့အစည်းများ) ပြည်ထောင်စုဘဏ္ဍာရန် ပုံငွေပြင်ပ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး (နိုင်ငံတော်ပိုင်စီးပွားရေး အဖွဲ့အစည်းများ) မိမိဘဏ္ဍာရန်ပုံငွေ၊ လျှပ်စစ်နှင့်စွမ်းအင် (နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ) ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ ပြင်ပ၊ ရန်ကုန်နှင့် လျှပ်စစ်ဓာတ်အားပေးကော်ပိုရေးရှင်းများမှ တောင်းခံထားမှုများအား ဖြတ်တောက်ခဲ့ခြင်း မရှိကြောင်း အစီရင်ခံစာအရ သိရသည်။
ပြည်ထဲရေးဝန်ကြီးဌာနမှ တောင်းခံထားသည့် သာမန်အသုံးစရိတ်အား ဖြတ်တောက်ခြင်းမရှိဘဲ ငွေလုံးငွေရင်းတောင်းခံ လျာထားသည့် ကျပ်သန်းပေါင်း ၁၄၆၈၆၂ ဒသမ ၀၆၈မှ ကျပ်သန်းပေါင်း ၆၂၂၈ ဒသမ ၂၇၁ အား စိစစ်ဖြတ်တောက်ထားကြောင်း၊ ကာကွယ်ရေးဝန်ကြီးဌာန တောင်းခံထားသည့် သာမန်လျာထားချက် ကျပ်သန်းပေါင်း ၇၂၀၂၉၅ ဒသမ ၄၄၄ မှ ကျပ်သန်းပေါင်း ၂၀၀ ဒသမ ၀၀၀၊ ငွေလုံးငွေရင်း ကျပ်သန်းပေါင်း ၆၁၁၀၈၇ ဒသမ ၃၆၆ မှ ကျပ်သန်း ပေါင်း ၈၅၂၅ ဒသမ ၀၀၀ စိစစ်ဖြတ်တောက်ထားကြောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန တောင်းခံထားသည့် ငွေလုံးငွေရင်း ကျပ်သန်းပေါင်း၄၄၇၄၉ ဒသမ ၆၁၂ မှ ကျပ်သန်းပေါင်း ၇၂၈၉ ဒသမ ၆၂၃ ဖြတ်တောက်ထားကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာန (ဦးစီးဌာနများ)ငွေလုံးငွေရင်း ကျပ်သန်းပေါင်း ၁၁၉၅ ဒသမ ၀၆၈ မှ ကျပ်သန်းပေါင်း ၄၂၀ ဒသမ ၅၈၄ စိစစ်ဖြတ်တောက်ထားကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန တောင်းခံထားသည့် သာမန် ကျပ်သန်းပေါင်း ၁၂၆၃၃၉ ဒသမ ၃၃၀မှ ကျပ်သန်းပေါင်း ၃၇၀၄ ဒသမ ၆၅၆ စိစစ်ထားကြောင်း၊ ငွေလုံး ငွေရင်းကျပ်သန်းပေါင်း ၁၄၉၈၈၈ ဒသမ ၁၀၇ မှ ကျပ်သန်းပေါင်း ၁၉၉၉၀ ဒသမ ၈၅၃ စိစစ်ဖြတ်တောက်ထားကြောင်း အစီရင်ခံစာအရ သိရသည်။

ပညာရေးဝန်ကြီးဌာန တောင်းခံထားသည့် သာမန်ကျပ်သန်းပေါင်း ၆၆၃၈၁၁ ဒသမ ၉၈၉ အား ဖြတ်တောက်ခြင်းမရှိဘဲ ငွေလုံးငွေရင်း ကျပ်သန်းပေါင်း ၁၃၉၂၈၀ ဒသမ ၆၀၅ မှ ကျပ်သန်းပေါင်း ၅၁၇၄ ဒသမ ၁၆၉ စိစစ်ဖြတ်တောက်ထားကြောင်း၊ ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနမှ တောင်းခံထားသည့် သာမန် ကျပ်သန်းပေါင်း ၂၉၁ ဒသမ ၅၅၀ မှ ကျပ်သန်းပေါင်း ၇ ဒသမ ၉၃၁ နှင့် ငွေလုံးငွေရင်း ကျပ်သန်းပေါင်း ၁၂၆၃၉၈ ဒသမ ၁၃၃ မှ ကျပ်သန်းပေါင်း ၁၀၇၅၄ ဒသမ ၇၉၃ စိစစ်ဖြတ်တောက်ထားကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန တောင်းခံထားသည့် သာမန် ကျပ်သန်းပေါင်း ၃၄၉၅၂ ဒသမ ၂၃၄ မှ ကျပ်သန်းပေါင်း ၁၆၆၀ ဒသမ ၂၉၄ နှင့် ငွေလုံးငွေရင်းကျပ်သန်းပေါင်း ၁၈၄၄၁၂ ဒသမ ၈၅၉ မှ ကျပ်သန်းပေါင်း ၁၉၄၉၀ ဒသမ ၉၂၃ စိစစ်ဖြတ်တောက်ထားကြောင်း၊ နေပြည်တော်ကောင်စီ တောင်းခံထားသည့် သာမန် ကျပ်သန်းပေါင်း ၂၆၉ ဒသမ ၅၉၃ အား ဖြတ်တောက်ခြင်း မရှိဘဲ ငွေလုံးငွေရင်း ကျပ်သန်းပေါင်း ၄၂၁၃ ဒသမ ၉၄၃ မှ ကျပ် သန်းပေါင်း ၁၂၅၉ ဒသမ ၃၁၂ စိစစ်ဖြတ်တောက်ထားကြောင်း၊ နေပြည်တော်စည်ပင် သာယာရေးကော်မတီ တောင်းခံထားသည့် သာမန် ကျပ်သန်းပေါင်း ၉၁၉၆ ဒသမ ၀၄၁ အား ဖြတ်တောက်ခြင်းမရှိဘဲ ငွေလုံးငွေရင်း ကျပ်သန်းပေါင်း ၂၀၃၃ ဒသမ ၆၅၆ မှ ကျပ် သန်းပေါင်း ၆၈၁ ဒသမ ၂၇၂ စိစစ်ဖြတ် တောက်ထားကြောင်း ပြည်သူ့ငွေစာရင်းပူး ပေါင်းကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားချက်အရ သိရသည်။

၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းနှင့်စပ်လျဉ်းပြီး မူနှင့်အခြေခံသဘောအပါအဝင် ရငွေ သုံးငွေများအပေါ် ဆွေးနွေးမည့်ကိုယ်စားလှယ်များအနေဖြင့် ဖေဖော်ဝါရီ ၂၀ ရက် နောက်ဆုံးထားကာ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက မန်းဝင်းခိုင်သန်းက ပြောကြားသည်။

Most Read

Most Recent