ဘူးသီးတောင်မြို့နယ်နှင့် ရသေ့တောာင်မြို့နယ် အတွင်းရှိ ကျေးရွာ ၁၆ ရွာမှ ဘင်္ဂါလီ ၈၀၀ ကျော် ထပ်မံနေရပ်စွန့်ခွာ

ဘူးသီးတောင်မြို့နယ်နှင့် ရသေ့တောာင်မြို့နယ် အတွင်းရှိ ကျေးရွာ ၁၆ ရွာမှ ဘင်္ဂါလီ ၈၀၀ ကျော် ထပ်မံနေရပ်စွန့်ခွာ
Published 13 February 2018

ဘူးသီးတောင်မြို့နယ်နှင့် ရသေ့တောင်မြို့နယ် အတွင်းရှိ ကျေးရွာ ၁၆ ရွာမှ ဘင်္ဂါလီ ရှစ်ရာကျော် ထပ်မံနေရပ်စွန့်ခွာလာကြောင်း ပြည်ထဲရေးမှ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ နေရပ်စွန့်ခွာ ဘင်္ဂါလီများသည် ဘူးသီးတောင်မြို့နယ် သပိတ်တောင်၊ တောင်ရွာ၊ ဆင်ခုန်တိုင်၊ ဖုံညိုလိပ်၊ ဖိုးခေါင်ချောင်း၊ ကံဆိတ်၊သရက်ပြင်၊ စိမ်းညှင်းပြာ၊ အလယ် ချောင်း၊ ဆေးအိုးကျ၊ ဒိုးတန်း၊ မြောင်းနား၊ အာကာတောင်၊ ဖရုံချောင်း၊ ဝက်မကျနှင့် ရသေ့တောင်မြို့နယ် ညောင်ပင်ကြီးကျေးရွာ တို့မှ ဖြစ်ပြီး စုစုပေါင်း  ၈၆၈ ဦးဖြစ်ကြောင်း နှင့် ယင်းတို့ထဲတွင် ကျား ၄၆၁ ဦးနှင့် မ ၄၀၇ ဦးတို့ပါဝင်ကြောင်း၊ အဆိုပါ နေရပ်စွန့်ခွာ ဘင်္ဂါလီများသည် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်ညနေ ၆ နာရီ ၄၅ မိနစ်အချိန်တွင် မောင်တောမြို့နယ် မှိုဝင်ချောင်းဝကင်းစခန်းနှင့် ဂေါ်ဒူသာရ ချောင်းဝကင်းစခန်းကြား ပင်လယ်ကမ်းခြေ၌ နေရပ်စွန့်ခွာ ဘင်္ဂါလီများ ရောက်ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သတင်းအရ ရှေ့တန်း အမှတ် (၁၁) လုံ ခြုံရေးရဲတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး မေးမြန်းခဲ့ရာ အကြမ်းဖက် ဖြစ်စဉ်ဖြစ်ပွားပြီးနောက်ပိုင်း စားဝတ်နေရေးနှင့် အလုပ်အကိုင် အခက်အခဲရှိသဖြင့် ၎င်းတို့၏ ဆန္ဒအလျောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ သွားရောက်ရန် စိမ်းညှင်းပြာ တောင်ကျော်လမ်းအတိုင်း ထွက်ခွာလာခဲ့ခြင်း ဖြစ်ကြောင်းနှင့် အဆိုပါကမ်းခြေ၌ ဖေဖော်ဝါရီ ၁၁ ရက်ထိ ဘင်္ဂါလီ ၂၇၀ ဦး (ကျား ၁၃၀၊ မ ၁၄၀) တို့ ကျန်ရှိနေထိုင်လျက်ရှိရာ ယခုအခါ စုစုပေါင်း ၁၁၃၈ ဦး(ကျား ၅၉၁၊ မ ၅၄၇)တို့ နေထိုင်လျက် ရှိကြောင်း သတင်းရရှိသည်။

ဖေဖော်ဝါရီ ၄ ရက် ညနေ ၇ နာရီ ၄၅ မိနစ် အချိန် မောင်တောမြို့နယ် ဂေါ်ဒူသာရ ချောင်းဝပင်လယ် ကမ်းခြေသို့ ဘူးသီးတောင်မြို့နယ် သေကံခွဆုံ၊ စိမ်းညှင်းပြာ၊ သိမ်တောင်၊ ဆင်ခုန်တိုင်၊ အနောက်ပြင်၊ ကွန်တိုင်၊ ဖုံညိုလိပ်၊ ဦးလှဖေ၊ ဖိုးခေါင်ချောင်း၊ ရွက်ညိုတောင်၊ ကင်းတောင်၊ ဗဒန်နာ၊ သပိတ်တောင်၊  မြောင်နား၊ ဝရကျွန်းနှင့် ကကျက်ဘက်ကျေးရွာ ၁၆ ရွာတို့မှ ဘင်္ဂါလီ ၇၈၈ ဦးတို့ ရောက်ရှိခဲ့ကြောင်း ပြည်ထဲရေးမှ သတင်းထုတ်ပြန်ချက်အရ သိရသည်။

လက်ရှိ အဆိုပါ ကမ်းခြေနေရာတွင် ဘင်္ဂလားဒေ့ရှ်သို့ ဆက်လက်ထွက်ခွာရန် ကျန်နေသေးသည့် ယခင် ၉၃ ဦးရှိသဖြင့် ယခု စုစုပေါင်း ၈၈၁ ဦး နေထိုင်လျက်ရှိကြောင်း သတင်းရရှိပါသည်။

အကြမ်းဖက်ဖြစ်စဉ်ကြောင့် တစ်ဖက်နိုင်ငံသို့ ထွက်ပြေးသွားသူများအား ပြန်လည်လက်ခံရေး အစီအစဉ်ကို မြန်မာနိုင်ငံမှ ဇန်နဝါရီ ၂၃ ရက်က စတင်နေပြီ ဖြစ်သော်လည်း တစ်ဦးတစ်ယောက်မျှ ပြန်လာခြင်း မရှိသေးကြောင်း၊ ယင်းသို့ ဆောင်ရွက်နေစဉ်အတွင်းမှာပင် ဖေဖော်ဝါရီ ၁ ရက်မှ ဖေဖော်ဝါရီ ၁၀ ရက်အတွင်း နေရပ်စွန့်ခွာ ဘင်္ဂါလီ ၉၀၀ ကျော်သည် လှေများဖြင့် တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆက်လက်ထွက်ခွာ သွားခဲ့ကြကြောင်း သိရသည်။

တစ်ဖက်နိုင်ငံသို့ ဘင်္ဂါလီများသည် ဖေဖော်ဝါရီ ၁၀ရက်တွင် ၁၀၀ ဦး၊ ဖေဖော်ဝါရီ ၈ ရက်တွင် ၂၀၀ ဦး၊  ဖေဖော်ဝါရီ ၇ ရက်တွင်  ၁၃၀ ဦး၊ ဖေဖော်ဝါရီ ၆ ရက်တွင်  ၁၅၀ ဦး၊ ဖေဖော်ဝါရီ ၃ ရက်တွင် ၂၁၅ ဦး၊ ဖေဖော်ဝါရီ ၂ ရက်တွင် ၅၀ ဦးနှင့် ဖေဖော်ဝါရီ ၁ ရက် တွင် ၁၂၀ ဦး ထွက်ခွာခဲ့ခြင်း ဖြစ်ကြောင်း ပြည်ထဲရေးမှ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ နေရပ်စွန့်ခွာ ဘင်္ဂါလီများသည် တစ်ဖက်နိုင်ငံမှ လာခေါ်သည့် စက်လှေများဖြင့် နေ့စဉ်နီးပါး ထွက်ခွာနေခြင်း ဖြစ်ကြောင်းလည်း သိရသည်။

 

Most Read

Most Recent