ပြည်ပကျူးကျော်မှု အန္တရာယ် ကာကွယ်နိုင်ရန် ရည်ရွယ်သည့် ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်ရေး လေ့ကျင့်ခန်း (ဆင်ဖြူရှင်) အား နှစ်ပေါင်း ၂၀ ကျော်အကြာတွင် ပထမဆုံးအကြိမ်ပြုလုပ်

ပြည်ပကျူးကျော်မှု အန္တရာယ် ကာကွယ်နိုင်ရန် ရည်ရွယ်သည့် ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်ရေး လေ့ကျင့်ခန်း (ဆင်ဖြူရှင်) အား နှစ်ပေါင်း ၂၀ ကျော်အကြာတွင် ပထမဆုံးအကြိမ်ပြုလုပ်
Published 3 February 2018

ဧရာဝတီတိုင်းဒေသကြီး ကျောက်ချောင်းကြီး သစ်တောကြိုးဝိုင်း ဧရိယာအတွင်း ပွိုင့် ၅၅၀ တောင်ကုန်း အနီးတစ်ဝိုက်တွင် ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်ရေး လေ့ကျင့်ခန်း ပြုလုပ်နေသည်ကို ဖေဖော်ဝါရီ ၂ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ပြည်ပအန္တရာယ် ကာကွယ်နိုင်ရန်အတွက် ရည်ရွယ်သည့် ကြည်း၊ ရေ၊ လေ ပူးပေါင်း စစ်ဆင်ရေးလေ့ကျင့်ခန်း (ဆင်ဖြူရှင်) ကို နှစ်ပေါင်း ၂၀ ကျော်တွင် ပထမဆုံးအကြိမ်အဖြစ် စတင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါလေ့ကျင့်ခန်း ဆင်ဖြုရှင်အား ဖေဖော်ဝါရီ ၂ ရက်က ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ချောင်းသာမြို့နယ်ခွဲ ရှောပြာရွာအနီး ကျောက်ချောင်းကြီး သစ်တောကြိုးဝိုင်းအတွင်း အနောက်တောင်တိုင်း စစ်ဌာနချုပ် နယ်မြေတွင် စတင်ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး ကျောက်ချောင်းကြီး သစ်တောကြိုးဝိုင်း ဧရိယာအတွင်း ပွိုင့် ၅၅၀ တောင်ကုန်း အနီးတစ်ဝိုက်တွင် ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်ရေး လေ့ကျင့်ခန်း ပြုလုပ်နေသည်ကို ဖေဖော်ဝါရီ ၂ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ဖေဖော်ဝါရီ ၂ ရက် နံနက် ၈ နာရီဝန်းကျင်ခန့်မှစ၍ ပုသိမ်ချောင်းသာလမ်း ရှောပြာရွာအနီးရှိ တောင်ကုန်းတစ်ခုတွင် တပ်စွဲထားသည့် ရန်သူ့ကာကင်းတစ်ခုကို သံချပ်ကာကားများ ပါဝင်သည့် တပ်ရင်းအဆင့် တပ်အစုအဖွဲ့က တိုက်ခိုက်သိမ်းပိုက်မှု လေ့ကျင့်ခန်းကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး ကျောက်ချောင်းကြီး သစ်တောကြိုးဝိုင်း ဧရိယာအတွင်း ပွိုင့် ၅၅၀ တောင်ကုန်း အနီးတစ်ဝိုက်တွင် ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်ရေး လေ့ကျင့်ခန်း ပြုလုပ်နေသည်ကို ဖေဖော်ဝါရီ ၂ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

အဆိုပါ လေ့ကျင့်ခန်းများနှင့် ပတ်သက်၍ အနောက်တောင်တိုင်း စစ်ဌာနချုပ်မှ စစ်ဦးစီး (ပထမတန်း) ဒုတိယဗိုလ်မှူးကြီး ကောင်းမြတ်သူက “ဒီနေရာကို အဓိကရွေးချယ်တာတော့ ရေတပ်လည်း ပါချင်တာပေါ့။ အဲဒီအခါကျတော့ ကမ်းရိုးတန်း တစ်ခုခုမှာ လုပ်မှရမှာပေါ့။ မြေအနေအထားအရကလည်း ပြည်ပကျူးကျော်မှု ဖြစ်လာနိုင်တဲ့ နေရာပေါ့ဗျာ။ မြန်မာပြည် ကမ်းရိုးတန်းမှာ ရန်သူက ကမ်းတက်လာနိုင်တဲ့ နေရာပေါ့။ ခေတ်သစ်စစ်ပွဲအရ ဆိုလို့ရှိရင် ကမ်းတက်လို့မရတဲ့ နေရာမှာကျရင် ဘယ်သူမှ မလာကြဘူး။ ဥပမာ ရန်သူက လာမယ် သံချပ်ကာတွေ ကမ်းတက်လို့ရတဲ့ နေရာကလာမယ်။ သို့ပေမဲ့ သူက သဘာ၀ ကန့်သတ်ချက်ရှိတယ်။ အဲဒါကြောင့် ဖြစ်နိုင်တဲ့ နေရာကို ရွေးတာပေါ့။ ဒါကတော့ ကျွန်တော်တို့ ပြည်တွင်းစစ်နဲ့ မဆိုင်ပါဘူး။ ပြည်ပကျူးကျော်စစ်အတွက် လုပ်ကြတာပေါ့။ ဘူးသီးတောင်-မောင်တောဘက်က စစ်ရေးအမြင်အရပြောရင် အဲဒီကောင်က အပြင်ဘက်မှာပဲ ရှိတာလေ။ ရန်ကုန်၊ နေပြည်တော်၊ မန္တလေးကိုကျတော့ ဒီကနီးတယ်လေ။ ဟိုရခိုင်ကနေ ရောက်ဖို့ဆိုတာ အဝေးကြီး။ ရခိုင်မှာသွားပြီး ကမ်းတက်လည်း အလကားပဲ။ စစ်သဘော တရားအရ နေပြည်တော်၊ ရန်ကုန်ဆိုရင် ဒါကအနီးဆုံးပဲ။ ရန်ကုန်နဲ့ သုံးနာရီကျော်သွားရင် ရောက်ပြီလေ။ ဒီမှာအရင် သမိုင်းကရှိတယ်။ မုန်တိုင်းစစ်ဆင်ရေး၊ ထော်ပိုင်စစ်ဆင်ရေးတို့ သမိုင်းကြောင်းတွေ ဧရာဝတီတိုင်းထဲမှာရှိတယ်။ သင်ခန်းစာအရ ရန်သူက ပင်လယ်ပြင်ကနေ စိမ့်ဝင်လာတာ။ ဒီကိုရောက်နေပြီ။ ဒီကနေတိုက်ထုတ်မှာ။ မနက်ဖြန် ရွှေသောင်ယံ ဆိုတာလည်း ဒီလိုပဲသူတို့ စိမ့်ဝင်ထားတာပေါ့” ဟု ပြောကြားသည်။

ဧရာဝတီတိုင်းဒေသကြီး ကျောက်ချောင်းကြီး သစ်တောကြိုးဝိုင်း ဧရိယာအတွင်း ပွိုင့် ၅၅၀ တောင်ကုန်း အနီးတစ်ဝိုက်တွင် ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်ရေး လေ့ကျင့်ခန်း ပြုလုပ်နေသည်ကို ဖေဖော်ဝါရီ ၂ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ဖေဖော်ဝါရီ ၂ ရက် ၉ နာရီဝန်းကျင်တွင် ကျောက်ချောင်းကြီး သစ်တောကြိုးဝိုင်း ဧရိယာအတွင်းရှိ ပွိုင့် ၅၅၀ တောင်ကုန်းအနီး တစ်ဝိုက်တွင် တပ်မတော်လေနှင့် ခြေလျင်အမြောက်သံချပ်က ဒုံးတပ်ဖွဲ့၏ ပူးပေါင်းစစ်ဆင်မှု လေ့ကျင့်ခန်းကို စတင်ခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး ကျောက်ချောင်းကြီး သစ်တောကြိုးဝိုင်း ဧရိယာအတွင်း ပွိုင့် ၅၅၀ တောင်ကုန်း အနီးတစ်ဝိုက်တွင် ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်ရေး လေ့ကျင့်ခန်း ပြုလုပ်နေသည်ကို ဖေဖော်ဝါရီ ၂ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

အဆိုပါ လေ့ကျင့်ခန်းအတွင်း တပ်မအဆင့် စစ်ရေးလေ့ကျင့်မှုကို ဟန်ချက်ညီ ပူးတွဲလေ့ကျင့်ခဲ့ပြီး ပြောင်းအချင်း ၁၂၂ မီလီ မီတာရှိ အတွဲလိုက်ပစ်ဒုံးများ ပစ်ခတ်လေ့ကျင့်ခြင်း၊ ၁၅၅ မီလီမီတာ ဟောင်ဝစ်ဇာ အမြောက်များကို ပစ်ခတ်လေ့ကျင့်ခြင်း၊ ဝေဟင်မှ မြေပြင်ပစ်ဒုံးများကို ပစ်ခတ်လေ့ကျင့်ခြင်း၊ ပေါင် ၂၀၀ ကျော် ဗုံးသီးများကြဲချခြင်း စသည့်လေ့ကျင့်ခန်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်ရေး လေ့ကျင့်ခန်းမြင်ကွင်း (ဓာတ်ပုံ-လူမော်နိုင်)

ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်ရေး လေ့ကျင့်ခန်း (ဆင်ဖြူရှင်) သည် ၁၉၉၇ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ် ပြုလုပ်သည့် ကြည်း၊ ရေ၊ လေ ပူးပေါင်းလေ့ကျင့်မှုဖြစ်ပြီး ကျည်အစစ်များကို အသုံးပြုပြီး လေ့ကျင့်ခဲ့ခြင်းလည်း ဖြစ်ကြောင်း အဆိုပါလေ့ကျင့်မှုကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြည့်ရှု ခဲ့ကြကြောင်း သိရသည်။

Most Read

Most Recent