မြန်မာနိုင်ငံတွင် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ဆုံး၌ဖြစ်သော ဖလမ်း (ဆူရ်ဘုန်) လေယာဉ်ကွင်းသစ် စီမံကိန်း မြေသားလုပ်ငန်းများ ၂၅ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ပြီး မြေထိန်းနံရံ စတင်တည်ဆောက်နေ

မြန်မာနိုင်ငံတွင် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ဆုံး၌ဖြစ်သော ဖလမ်း (ဆူရ်ဘုန်) လေယာဉ်ကွင်းသစ် စီမံကိန်း မြေသားလုပ်ငန်းများ ၂၅ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ပြီး မြေထိန်းနံရံ စတင်တည်ဆောက်နေ
Published 20 January 2018

ဖလမ်း(ဆူရ်ဘုန်) လေယာဉ်ကွင်းသစ် စီမံကိန်း၏ မြေသားလုပ်ငန်း ဆောင်ရွက်နေခြင်းများအား ဇန်နဝါရီလ ၁၆ ရက်နေ့က တွေ့ရစဉ်

မြန်မာနိုင်ငံတွင် ပင်လယ်ရေမျက်နှာပြင် ၆၀၀၀ အထက်၌ အမြင့်ဆုံး တည်ဆောက်ထားသည့် လေယာဉ်ကွင်းတစ်ခု ဖြစ်လာမည့် ချင်းပြည်နယ်ရှိဖလမ်း (ဆူရ်ဘုန်) လေယာဉ်ကွင်းသစ် စီမံကိန်း၏ မြေသားလုပ်ငန်းများ ၂၅ ရာခိုင်နှုန်း ပြီးစီးနေပြီး မြေထိန်းနံရံ စတင်တည်ဆောက်နေပြီ ဖြစ်ကြောင်း  ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှ သတင်းရရှိသည်။

“ဖလမ်း (ဆူရ်ဘုန်) လေယာဉ်ကွင်းသစ်ကို လေယာဉ်ပြေးလမ်း အလျားပေ ၆၀၀၀၊ အကျယ်ပေ ၁၀၀ ရှိတဲ့ ကတ္တရာခင်းပြေးလမ်း တည်ဆောက်သွားမှာဖြစ်ပြီး  တောင်ဘက်ထိပ်မှာ Safety Area ထည့်သွင်း တည်ဆောက်သွားမှာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ မြေသားလုပ်ငန်းတွေ ၂၅ ရာခိုင်နှုန်း ပြီးစီးနေပြီး မြေထိန်းနံရံ စတင်တည်ဆောက် နေပါတယ်” ဟု လေကြောင်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှု ဦးစီးဌာန၊ လေယာဉ်ကွင်း စံချိန်စံညွှန်းနှင့် ဘေးအန္တရာယ် ကင်းရှင်းရေးဌာနက ညွှန်ကြားရေးမှူး ဦးကျော်စိုးက ပြောကြားသည်။

ကုန်းလမ်းပို့ဆောင်ရေး တစ်ခုတည်းကိုသာ အားထားနေရပြီး မိုးရာသီတွင် သွားလာရေးခက်ခဲသည့် ချင်းပြည်နယ်တွင် ဖလမ်း (ဆူရ်ဘူန်) လေယာဉ်ကွင်းသစ် စတင်တည်ဆောက်နေခြင်း ဖြစ်သည်။

ပို့ဆောင်ဆက်သွယ်ရေး ကဏ္ဍတွင် ကုန်းလမ်းပို့ဆောင်ရေးလမ်းကြောင်း တစ်ခုတည်းကိုသာ အားထားနေရပြီး မိုးရာသီကာလတွင် အချို့လမ်းပိုင်းနေရာများ၌ မြေပြိုမှုများကြောင့် ပို့ဆောင်ဆက်သွယ်ရေး ပြတ်တောက်မှုများ ဖြစ်ပေါ်ချိန်တွင် လွယ်ကူစွာ သွားလာနိုင်ရန် ချင်းပြည်နယ် ထန်တလန်မြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၏ အဆိုပြုတင်ပြမှုနှင့် ချင်းပြည်နယ်မှ ပြည်သူလူထု၏ တောင်းဆိုမှုများကြောင့် ဖလမ်းမြို့ တွင် လေယာဉ်ကွင်းသစ်တစ်ခု တည်ဆောက်ရန် စီစဉ်ရခြင်း ဖြစ်ကြောင်း သိရသည်။

ချင်းပြည်နယ် ဖလမ်း (ဆူရ်ဘုန်) လေယာဉ်ကွင်းသစ်သည် ချင်းပြည်နယ် ဖလမ်းမြို့ ဆူရ်ဘုန်တောင်ကြော၊ ဖလမ်းမြို့၏ အနောက်မြောက် ၈ ဒသမ ၅ မိုင်အကွာ၊ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၆၀၀၀ တွင် တည်ရှိပြီး လေယာဉ်ပြေးလမ်း အလျားပေ ၆၀၀၀၊ အကျယ် ပေ ၁၀၀၊ Flexible Pavement ပြေးလမ်း အမျိုးအစားဖြစ်ပြီး ပြေးလမ်းအရှိန်သတ်စွန်း Over Run အလျားပေ၂၀၀၊ အကျယ်ပေ ၁၀၀၊ လေယာဉ်ရပ်နားရာ နေရာမှာ အလျားပေ၂၅၀၊ အကျယ်ပေ၂၅၀ ရှိပြီး ပြေးလမ်းခံနိုင်ရည်ပေါင် ၅၀၀၀၀ ရှိကာ ATR 72 (MTOW-49604) ပေါင် ဆင်းသက်အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent