အရက်ချက်စက်ရုံများတွင် ရေဆိုးသန့်စင်စက်ရုံများ ၂၀၁၈ ခုနှစ်အတွင်း အပြီးတည်ဆောက်ရန် ညွှန်ကြားထားပြီး မလိုက်နာပါက အရေးယူမည်ဟု ညွှန်ကြားရေးမှူးချုပ် ပြောကြား

အရက်ချက်စက်ရုံများတွင် ရေဆိုးသန့်စင်စက်ရုံများ ၂၀၁၈ ခုနှစ်အတွင်း အပြီးတည်ဆောက်ရန် ညွှန်ကြားထားပြီး မလိုက်နာပါက အရေးယူမည်ဟု ညွှန်ကြားရေးမှူးချုပ် ပြောကြား
Published 17 January 2018

၂၀၁၈ ခုနှစ်အတွင်း အရက်ချက်စက်ရုံများတွင် ရေဆိုးသန့်စင်စက်ရုံကို စံချိန်စံညွှန်းနှင့်အညီ အပြီးတည်ဆောက်ရန် ညွှန်ကြားထားပြီး မလိုက်နာပါက အရေးယူသွားမည်ဖြစ်ကြောင်း သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်းက ပြောကြားသည်။

နေပြည်တော်ရှိ Park Royal ဟိုတယ်တွင် ဇန်နဝါရီ ၁၆ ရက်ကပြုလုပ်သည့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု အလုပ်ရုံဆွေးနွေးပွဲတွင် မီဒီယာများ၏မေးမြန်းမှုကို ၎င်းက ဖြေကြားခဲ့ခြင်းဖြစ်သည်။

“အရက်ချက်စက်ရုံတွေကို စီမံနေတဲ့ဝန်ကြီးဌာနတွေနဲ့ပေါင်းပြီး ရေဆိုးသန့်စင်စက်ရုံတွေကို ဒီနှစ်ထဲမှာ အပြီးလုပ်ရမယ်လို့ သတ်မှတ်ထားပြီးပြီ။ ဒီကချမှတ်ထားတဲ့ စံချိန်စံညွှန်း လမ်းညွှန်ချက်တွေ၊ ပတ်ဝန်းကျင်ဆိုင်ရာ အရည်အသွေးတွေအတိုင်း ဟုတ်မဟုတ် ကြတ်မတ်ဆောင်ရွက်သွားဖို့ရှိတယ်။ ကျွန်တော်တို့ကတော့ အဆင့်ဆင့်လုပ်နေတယ်။ နံပါတ် ၁ ကတော့ ပညာပေးပေါ့။ နောက်ပြီးတော့ Private Public Participiction ဒီအပိုင်းaတွကို စွမ်းဆောင်ရည် jမှင့်တင်တဲ့အပိုင်းလုပ်မယ်။ ဆက်ပြီး အချိန်တစ်ခုအတိုင်းအတာအတွင်းမှာ ချမှတ်ထားတဲ့ ဥပဒေလုပ်ထုံးလုပ်နည်းနဲ့အညီ လိုက်နာဆောင်ရွက်ရမယ်။ မလိုက်နာဘူးဆိုရင် လုပ်ထုံးလုပ်နည်းနဲ့အညီ အရေးယူသွားဖို့ရှိတယ်” ဟု ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်းက ပြောကြားသည်။

အရက်ချက်စက်ရုံများသည် စွန့်ပစ်ရေဆိုးထုတ်လွှတ်မှုသည် အဓိကပြဿနာတစ်ရပ်ဖြစ်နေသည့်အတွက် ယင်းကိစ္စနှင့်ပတ်သက်၍ ဆက်လက်ကြီးကြပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့အတူ ဘိလပ်မြေစက်ရုံများသည်လည်း လေထုညစ်ညမ်းမှုများဖြစ်စေသည့်အတွက် နည်းလမ်းရှာဖွေဆောင်ရွက်နေကြောင်း ၎င်းကပြောကြားသည်။

“အများအားဖြင့် ဘိလပ်မြေစက်ရုံတွေရဲ့ ပတ်ဝန်းကျင်ဆိုင်ရာ အခက်အခဲကတော့ လေထုထဲကို ကာဗွန်တွေ၊ ဆာလဖာတွေ ထုတ်လွှတ်တဲ့ကဏ္ဍ။ ဒီကဏ္ဍက သူတို့ရဲ့ Fuel ပေါ့။ ကျောက်မီးသွေးကို အခြေခံပြီးလုပ်တဲ့ကဏ္ဍတွေရှိတယ်။ ဒါတွေကို စွမ်းအင်ကို ဘယ်လိုပြောင်းမလဲပေါ့။ နည်းပညာတွေ ဘယ်လိုတိုးမြှင့်မလဲပေါ့။ ဒါတွေကို တစ်ဆင့်ချင်း ပေါင်းစပ်ဆောင်ရွက်သွားဖို့ရှိပါတယ်” ဟု ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်းက ဆိုသည်။

လက်ရှိတွင် သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် ဂျပန်ပတ်ဝန်းကျင်ဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခြင်းအဖြစ် ရေအရည်အသွေးနှင့်ပတ်သက်၍ စက်မှုဇုန်မှ ရေဆိုးထုတ်လွှတ်မှုများကို စိစစ်ရန်Inspection Manual ရေးဆွဲထားပြီးဖြစ်ကြောင်း၊ လေထုညစ်ညမ်းမှုဖြစ်စေသည့် အရင်းအမြစ်ကို ဆန်းစစ်သော Data Base တစ်ခုတည်ဆောက်ထားကြောင်း၊ ပတ်ဝန်းကျင်ထိခိုက်မှုကို ဆန်းစစ်ရန် E manual ကွန်ပျူတာအခြေခံပြီး ဆန်းစစ်သည့်လုပ်ငန်း တည်ထောင်ပြီးဖြစ်ကြောင်း သိရသည်။

Most Read

Most Recent