ကုန်းလမ်းပို့ဆောင်ရေး တစ်ခုတည်းကိုသာ အားထားနေရပြီး မိုးရာသီတွင် သွားလာရေးခက်ခဲသည့် ချင်းပြည်နယ်တွင် ဖလမ်း (ဆူရ်ဘုန်) လေယာဉ်ကွင်းသစ် တည်ဆောက်ရေးလုပ်ငန်း စတင်

ကုန်းလမ်းပို့ဆောင်ရေး တစ်ခုတည်းကိုသာ အားထားနေရပြီး မိုးရာသီတွင် သွားလာရေးခက်ခဲသည့် ချင်းပြည်နယ်တွင် ဖလမ်း (ဆူရ်ဘုန်) လေယာဉ်ကွင်းသစ် တည်ဆောက်ရေးလုပ်ငန်း စတင်
Published 12 January 2018

ဖလမ်း (ဆူရ်ဘုန်) လေယာဉ်ကွင်း တည်ဆောက်ရေးလုပ်ငန်းခွင်၏ မြောက်ဘက်ထိပ် မြေတူးဖြတ်ခြင်းလုပ်ငန်းပြီးစီးမှု အနေအထားကို တွေ့ရစဉ် (ဓာတ်ပုံ-လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန)

ကုန်းလမ်းပို့ဆောင်ရေးတစ်ခုတည်းကိုသာ အားထားနေရပြီး မိုးရာသီကာလတွင် သွားလာရေးခက်ခဲသည့် ချင်းပြည်နယ်တွင် ဖလမ်း (ဆူရ်ဘူန်) လေယာဉ်ကွင်းသစ်တည်ဆောက်ရေးလုပ်ငန်း စတင်နေပြီဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍတွင် ကုန်းလမ်းပို့ဆောင်ရေးလမ်းကြောင်းတစ်ခုတည်းကိုသာ အားထားနေရပြီး မိုးရာသီကာလတွင် အချို့လမ်းပိုင်းနေရာများ၌ မြေပြိုမှုများကြောင့် ပို့ဆောင်ဆက်သွယ်ရေး ပြတ်တောက်မှုများဖြစ်ပေါ်ချိန်တွင် လွယ်ကူစွာသွားလာနိုင်ရန် ချင်းပြည်နယ် ထန်တလန်မြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၏ အဆိုပြုတင်ပြမှုနှင့် ချင်းပြည်နယ်မှ ပြည်သူလူထု၏ တောင်းဆိုမှုများကြောင့် ဖလမ်းမြို့တွင် လေယာဉ်ကွင်းသစ်တစ်ခု တည်ဆောက်ရန် စီစဉ်ရခြင်းဖြစ်သည်။

ချင်းပြည်နယ်၏မြို့တော်ဖြစ်သည့် ဟားခါးမြို့နှင့် အနီးဆုံးနေရာတွင် လေယာဉ်ကွင်းသစ်တည်ဆောက်ရန် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် ချင်းပြည်နယ် အစိုးရအဖွဲ့ဝင်များပါဝင်၍ ကွင်းဆင်းရှာဖွေခဲ့ရာ တီးတိန်မြို့နယ် ဆိုင်းဇန်ရွာအနီး ဖလမ်း- ဟားခါးကားလမ်းအနောက်ဘက်ရှိ လိုင်ဗား ရေလှောင်တမံအနီး ဖလမ်း-ဟားခါးကား လမ်းအနောက်ဘက် ဟားခါးမြို့အနီး ဆူရ် ဘုန်တောင်ကြောမြေနေရာအား ၂၀၁၂ ခုနှစ် အောက်တိုဘာ ၂၄ ရက်မှ ၂၉ ရက်အထိ ပဏာမ ကွင်းဆင်းရှာဖွေခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး မြေနေရာတိုင်းတာရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းဖြစ်သော တီးတိန်မြို့နှင့် ရိခေါရ်ဒါမြို့ ဆက်သွယ်ထားသော လမ်းပိုင်းတစ်နေရာကို မိုးရာသီကာလက တွေ့ရစဉ် (ဓာတ်ပုံ - အောင်သူထွန်း)

ယင်းနောက် ၂၀၁၃ ခုနှစ်တွင် Alignment Survey အား လေယာဉ်ငယ်ဖြင့် စမ်းသပ်ပျံသန်းစစ်ဆေးခဲ့ပြီး ချင်းပြည်နယ် ဖလမ်း (ဆူရ်ဘုန်) လေယာဉ်ကွင်းမြေနေရာအဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ချင်းပြည်နယ် ဖလမ်း (ဆူရ်ဘုန်) လေယာဉ်ကွင်းသစ်သည် ချင်းပြည်နယ် ဖလမ်းမြို့ ဆူရ်ဘုန် တောင်ကြော ဖလမ်းမြို့၏အနောက်မြောက် ၈ ဒသမ ၅ မိုင်အကွာ ပင်လယ်ရေမျက်နှာပြင် အထက် အမြင့်ပေ ၆၀၀၀ တွင် တည်ရှိပြီး လေယာဉ်ပြေးလမ်း အလျား ၆၀၀၀ ပေ၊ အကျယ် ၁၀၀ ပေ၊ Flexible Pavement ပြေးလမ်းအမျိုးအစားဖြစ်ပြီး ပြေးလမ်းအရှိန် သတ်စွန်း Over Run အလျား ၂၀၀ ပေ၊ အကျယ် ၁၀၀ ပေ၊ လေယာဉ်ရပ်နားရာနေရာ မှာ အလျား ၂၅၀ ပေ၊ အကျယ် ၂၅၀ ပေရှိပြီး ပြေးလမ်းခံနိုင်ရည် ပေါင် ၅၀၀၀၀ ရှိကာ  ATR 72 (MTOW – 49604) ပေါင် ဆင်းသက်အသုံးပြုနိုင်မည်ဖြစ်ကြောင်း သတင်း ရရှိသည်။

 

Most Read

Most Recent