ပြည်သူ့ရင်ပြင်အတွင်းရှိ သဘာဝဥယျာဉ်ကမ္ဘာ၊ ရုပ်ရှင်ရုံ ၁၄ ရုံနှင့် ဆိုင်ခန်းများ၏ ငှားရမ်းခနှုန်းထား တိုးမြှင့်လိုက်သော်လည်း ကာလပေါက်ဈေးထက် နည်းနေသေးဟု ဆို

ပြည်သူ့ရင်ပြင်အတွင်းရှိ သဘာဝဥယျာဉ်ကမ္ဘာ၊ ရုပ်ရှင်ရုံ ၁၄ ရုံနှင့် ဆိုင်ခန်းများ၏ ငှားရမ်းခနှုန်းထား တိုးမြှင့်လိုက်သော်လည်း ကာလပေါက်ဈေးထက် နည်းနေသေးဟု ဆို
Published 15 December 2017

ပြည်သူ့ဥယျာဉ်အတွင်း ဖွင့်လှစ်ထားသည့် Natural World အားကစားကွင်းတစ်ခုကို တွေ့ရစဉ်

ပြည်သူ့ရင်ပြင်အတွင်းရှိ သဘာဝဥယျာဉ်ကမ္ဘာ၊ ရုပ်ရှင်ရုံ ၁၄ ရုံနှင့် ဆိုင်ခန်းများ၏ ငှားရမ်းခနှုန်းထား တိုးမြှင့်လိုက်သော်လည်း ကာလပေါက်ဈေးထက် နည်းနေသေးဟု ဒဂုံမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောကြားသည်။

“ကျွန်တော့်မဲဆန္ဒနယ်မြေ ပြည်သူ့ရင်ပြင်နဲ့ ပြည်သူ့ဥယျာဉ်အတွင်းမှာရှိတဲ့ သဘာဝဥယျာဉ်ကမ္ဘာ Natural World ကိုငှားထားတဲ့ မြေဧရိယာ ၇၆ ဒသမ ၃၆ ဧကကို တိုးပြီးတော့ ကောက်လိုက်တဲ့အတွက် တစ်နှစ်လုံးမှ ၃၂၂ သိန်းပဲ ရပါတယ်။ အခုကျတော့ တိုးပြီးတော့ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်မှာကျတော့ တစ်နှစ်ကို ကျပ်သိန်းပေါင်း ၂၅၀၀ ရခဲ့တယ်။ တိုးလာတယ်ပေါ့။ သို့သော်လည်းပဲ ၇၆ ဒသမ ၃၆ ဧကကြီးဟာ စိမ်းလန်းဇုန်တွေတော့ ပါပါတယ်။ သူရဲ့လုပ်ပိုင်ခွင့်ဟာ။ ကျပ်သိန်း ၂၅၀၀ တစ်နှစ်ဟာ နည်းပါသေးတယ်။ ထိုနည်းတူစွာပဲ စားသောက်ဆိုင် ၂ ဒသမ ၁ ဧကရှိတဲ့ စားသောက်ဆိုင် ငှားထာပါတယ်။ တစ်နှစ်ကို သိန်း ၁၂၀။ တစ်လမှ ၁၀ သိန်းပဲ ရပါတယ်။ အလွန့်အလွန်နည်းတဲ့နှုန်းထားတဲ့ အနေအထားပါ” ဟု ဒဂုံမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောကြားသည်။

သဘာဝဥယျာဉ်ကမ္ဘာမှ ပေ ၆၀ စားသောက်ဆိုင်တစ်ဆိုင် တစ်ဆင့်ငှားရမ်းခသည် တစ်လလျှင် ကျပ်သိန်း ၅၀ တိတိ ပေးရကြောင်းနှင့် အဆောက်အအုံ လေးလုံး၊ ငါးလုံးနှင့် ကျေနိုင်ကြောင်း၊ မဖြစ်သင့်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှာ ကျွန်တော့် မဲဆန္ဒနယ်မြေထဲက သမ္မတရုပ်ရှင်ရုံကြီး အပါအဝင် ရုံ ၁၄ ရုံကို ငှားတာဟာ ကျပ်သန်းပေါင်း ၁၆၁ ဒသမ ၆၃၉ သန်း၊ တစ်လကို ၁၃၅ သိန်းပဲ ရပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော် ကြယ်ပွင့်ပြမေးခွန်း မေးတဲ့အခါမှာ ညှိနှိုင်းပြီးတော့ ရုံ ၁၄ ရုံနဲ့ ဆိုင်ခန်းများငှားခကို တိုးမြှင့်ပြီးတော့ သူတို့စည်းဝေး ဆုံးဖြတ်တယ်ဆိုတာ သိရပါတယ်။ ဝန်ကြီးလည်း အဲဒီလိုပဲ ဖြေသွားပါတယ်။ စိစစ်ကြည့်လိုက်တော့ ၂၄၁ သိန်းနဲ့ ဆိုင်ခန်းများကို ၃၀ ဒသမ ၅၃၂ သိန်း တိုးရတယ်။ ဒီငွေဟာလည်း အလွန်နည်းပါသေးတယ်” ဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောကြားသည်။

၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ခြောက်လအတွက် ရသုံးမှန်းခြေငွေစာရင်း လျာထားချက်နှင့် ပတ်သက်ပြီး ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ၂၃ ရက်မြောက်နေ့တွင် ဆွေးနွေးခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ အပါအဝင် ကိုယ်စားလှယ် ခုနစ်ဦးက ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဝင်ငွေကဏ္ဍတွင် YBS နှင့် ပတ်သက်၍ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ဖြည့်စွက်ရန်ပုံငွေအဖြစ် ခွင့်ပြုခဲ့ကြောင်း၊ သို့သော် ၂၀၁၈ ခုနှစ် ပထမခြောက်လတာကာလတွင် ရရှိခဲ့သည့် ဝင်ငွေစာရင်း ပါမလာကြောင်း ဦးကျော်ဇေယျက ပြောကြားသည်။

“၂၀၁၈ ခြောက်လမှာ ဘယ်လိုဝင်ငွေရမှာလည်း ပါမလာဘူး” ဟု ဒဂုံမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောကြားသည်။

Most Read

Most Recent