မကွေး - ရေနံချောင်းကားလမ်း ဒေါင်းနေချောင်း တံတားနံဘေးသို့ ၁၂ ဘီးကားတစ်စီး ထိုးကျရာမှ အမျိုးသမီးတစ်ဦး သေဆုံး

မကွေး - ရေနံချောင်းကားလမ်း ဒေါင်းနေချောင်း တံတားနံဘေးသို့ ၁၂ ဘီးကားတစ်စီး ထိုးကျရာမှ အမျိုးသမီးတစ်ဦး သေဆုံး
Published 5 December 2017

မကွေး ရေနံချောင်းကားလမ်း ဒေါင်းနေချောင်း တံတားနံဘေးသို့ ဒီဇင်ဘာ ၅ ရက် (ယနေ့) နံနက် ၅ နာရီခွဲခန့်က ဖွဲအိတ်နှင့် သစ်ခွဲသားများ တင်ဆောင်လာသည့် ၁၂ ဘီးကားတစ်စီး ထိုးကျရာမှ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း ကနဦး သတင်း ရရှိသည်။

လမ်းဘေးသို့ထိုးကျခဲ့သည့် ကားသည် ရေနံချောင်းမှ မကွေးမြို့သို့ မောင်းနှင်လာစဉ် တံတားမြောက်ဘက်ထိပ် MPT ဆက်သွယ်ရေးတိုင်အား ဝင်တိုက်မိရာမှ တံတားနံဘေး ဒေါင်းနေချောင်းထဲသို့ ခေါင်းစိုက်ထိုးကျခဲ့ကြောင်း ထိုကား၏ ယာဉ်မောင်းကို မတွေ့ရှိရသေးပဲ စုံစမ်းစစ်ဆေးလျက်ရှိပြီး ကားခေါင်းခန်းအတွင်းမှ အမည်စုံစမ်းဆဲ အသက် ၃၀ နှစ်ခန့်ရှိ အမျိုးသမီးတစ်ဦး သေဆုံးလျက် တွေ့ရှိခဲ့ကြောင်း ကနဦးသတင်းများအရ သိရသည်။

Most Read

Most Recent