လွှတ်တော်ကျင်းပနေစဉ် ခွင့်ပြုချက် မရှိဘဲ Drone ဖြင့် မှတ်တမ်းယူနေသည့် ပြည်ပသတင်းထောက်များအပါ လေးဦးအား ပို့ကုန်သွင်းကုန် ဥပဒေဖြင့် အမှုဖွင့်

လွှတ်တော်ကျင်းပနေစဉ် ခွင့်ပြုချက် မရှိဘဲ Drone ဖြင့် မှတ်တမ်းယူနေသည့် ပြည်ပသတင်းထောက်များအပါ လေးဦးအား ပို့ကုန်သွင်းကုန် ဥပဒေဖြင့် အမှုဖွင့်
Published 28 October 2017

ပြည်ပအခြေစိုက် သတင်းထောက်သုံးဦးအား တာ

လွှတ်တော်ကျင်းပနေစဉ် ခွင့်ပြုချက် မယူဘဲ Drone ဖြင့် မှတ်တမ်းယူနေသည့် ပြည်ပအခြေစိုက် သတင်းထောက်သုံးဦးအား ပို့ကုန်သွင်းကုန် ဥပဒေဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

အောက်တိုဘာ ၂၇ ရက်က လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ရုံးအမှတ် (၂၇) အနီးမှ ပြည်ပသတင်းထောက် သုံးဦးက Drone ဖြင့် လွှတ်တော်အဆောက်အအုံအား မှတ်တမ်းယူရန် စတင်နေချိန် ပြည်သူ့လွှတ်တော်ဝန်း လုံခြုံရေး တာဝန်ကျ ဝန်ထမ်းတစ်ဦးက တွေ့ရှိသဖြင့် အမှတ် (၅) ရဲစခန်းသို့ အကြောင်းကြားခဲ့ပြီး အဆိုပါ ရဲစခန်းက နံနက် ၁၀ နာရီကျော်က ခေါ်ယူစစ်ဆေးခဲ့ကြောင်း သိရသည်။

ပြည်ပသတင်းထောက် သုံးဦးဖြစ်သည့် တူရကီနိုင်ငံ အခြေစိုက် စင်ကာပူရုံးခွဲ TRT သတင်းဌာနမှ မလေးရှားနိုင်ငံသူ MOK CHOYLIN၊ ပတ်စပို့အမှတ် A39882675၊ ဗီဇာအမှတ် - 079021၊ စင်ကာပူနိုင်ငံသား LAUHON MENG၊ ပတ်စပို့အမှတ် E5965308A၊ ဗီဇာအမှတ် D079022၊ အောင်နိုင်စိုး (ခ) ရာကွတ် ၁၂/ကတတ (နိုင်) ၀၀၀၉၅ နှင့် ယာဉ်မောင်း ဦးလှတင်တို့နှင့်အတူ MAVIC အမျိုးအစား Drone ခဲရောင်နှင့် REMOTE CONTROL တို့အား တွေ့ရှိခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

၎င်းတို့အား စစ်ဆေးမေးမြန်းရာတွင် မြန်မာနိုင်ငံ၏ ရှုခင်းများ၊ လှပသော အဆောက်အအုံများ၊ ဘုရားစေတီများနှင့် လွှတ်တော် အဆောက်အအုံတို့အား ရိုက်ခြင်းဖြစ်ကြောင်း၊ ဒေါက်တာအေးမောင်နှင့် မတွေ့ဖြစ်သဖြင့် လွှတ်တော်အဆောက်အအုံကို ရိုက်ရန်အတွက် Drone လွှတ်တင်စဉ် လှည့်ကင်းအဖွဲ့က စစ်ဆေးခံရခြင်းဖြစ်ကြောင်း အောင်နိုင်စိုး (ခ) ရာကွတ်က အမှတ် (၅) ရဲစခန်းတွင် ထွက်ဆိုထားကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ပြည်ပအခြေစိုက် သတင်းထောက်သုံးဦး အသုံးပြုခဲ့သည့် Drone အား တွေ့ရစဉ်

ယင်းသို့ စစ်ဆေးပြီး အဆိုပါ သုံးဦးနှင့် ယာဉ်မောင်းအား နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ် (၁) မြို့မရဲစခန်းတွင် အဆိုပါ သုံးဦးအား ဒုတိယရဲမှူးကြီးလှရီ အပါအဝင် သက်ဆိုင်ရာ ဌာနအသီးသီးက အောက်တိုဘာ ၂၇ ရက် ညနေ ၆ နာရီ ဝန်းကျင်အထိ ဆက်လက်စစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။

“လက်ရှိအထိ စစ်ဆေးနေတုန်းပါပဲ။ အခုအထိတော့ ဘာမှပြောလို့ မရသေးပါဘူး” ဟု ဇမ္ဗူသီရိမြို့နယ်မှူး ရဲမှူးဆန်းအောင်က ပြောကြားသည်။

အဆိုပါ Drone ယာဉ်မှာ ခွင့်ပြုချက် ရရှိခြင်းမရှိဘဲ တင်သွင်းလာသည့် Drone ဖြစ်ကြောင်း စိစစ်တွေ့ရှိရသဖြင့် အဆိုပါ လေးဦးအား အရေးယူပေးရန် တရားလိုပြုလုပ်တိုင်ကြားသဖြင့် နမစ (၅) ၄၁/၂၀၁၇ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် အမှုဖွင့် အရေးယူထားပြီး အဆိုပါလေးဦးအား အ မှတ် (၁) မြို့မရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။

တူရကီအခြေစိုက်စင်ကာပူရုံးခွဲ TRT သတင်းဌာနမှ မလေးရှားနိုင်ငံသူ MOK CHOY LIN နှင့် LAUHON MENG တို့မှာ ဗီဇာသက်တမ်း ၂၁.၁၀.၂၀၁၇ ရက်မှ ၁၈. ၁၁.၂၀၁၇ ရက်အထိ နေထိုင်ခွင့်ရရှိသူများဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။ နေရိုင်း၊ ဇေယျာထွန်း

 

Most Read

Most Recent