<

ကန်တော်ကြီးပဲလေ့ဟိုတယ် မီးလောင်မှုတွင် တည်းခိုနေသည့် တရုတ်နိုင်ငံသူတစ်ဦး သုံးထပ်မှ ခုန်ချမှုဖြစ်ပွား

ဓာတ်ပုံ – ကြည်နိုင်

ကန်တော်ကြီးပဲလေ့ဟိုတယ် မီးလောင်မှုတွင် ဟိုတယ်၌ လာရောက် တည်းခိုနေသည့် တရုတ်နိုင်ငံသူ တစ်ဦးသည် မီးလောင်နေစဉ် လန့်၍ သုံးထပ်မှ ခုန်ချရာ ခါးတွင် ထိခိုက်ဒဏ်ရာ ရရှိသဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း မီးလောင်မှုအား အကူအညီပေးနေသည့် မြန်မာနိုင်ငံ ကြက်ခြေနီတပ်ဖွဲ့မှ သိရသည်။

ထို့အပြင် မီးလောင်ကျွမ်းမှုအား လာရောက် မီးငြှိမ်းသတ်နေသည့် မီးသတ်တပ်ဖွဲ့ဝင် တစ်ဦးမှာလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့၍ ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ထားရကြောင်းလည်း သိရသည်။

ဓာတ်ပုံ – ကြည်နိုင်

မီးလောင်မှု ဖြစ်ပွားခဲ့သည့် ကန်တော်ကြီးပဲလေ့ဟိုတယ်တွင် လာရောက် တည်းခိုနေသူ ၉၀ ဦးခန့်ရှိကာ အများစုမှာ နိုင်ငံခြားသားများ ဖြစ်ပြီး လက်ရှိချိန်တွင် နေရာရွှေ့ပြောင်း ပေးထားကြောင်း သိရသည်။

ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်တော်ကြီးပဲလေ့ဟိုတယ်တွင် ယနေ့ (အောက်တိုဘာ ၁၉ ရက်) နံနက် ၃ နာရီ ၃၀ မိနစ် အချိန်ခန့်မှ စတင်၍ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး Level 4 အဆင့် မီးသတ်ယာဉ်ထွက်ခွာ ငြိမ်းသတ်ခဲ့ရကြောင်း သိရသည်။

October 19, 2017














Copy Protected by Chetan's WP-Copyprotect.