သာကေတ ရှုခင်းသာပတ်လမ်းရှိ ACE ရုံးချုပ်အား ယနေ့ ညပိုင်းတွင် သက်ဆိုင်ရာက Police Line တား

သာကေတ ရှုခင်းသာပတ်လမ်းရှိ ACE ရုံးချုပ်အား ယနေ့ ညပိုင်းတွင် သက်ဆိုင်ရာက Police Line တား
Published 17 October 2017

ပြည်ထောင်စုဝန်ကြီးဟောင်း ဦးတင့်ဆန်း၏သား ဖြိုးကိုကိုတင့်ဆန်းထံမှ သေနတ်နှင့် မူးယစ်ဆေးဝါးများ နေပြည်တော်လေဆိပ်၌ ဖမ်းဆီးရမိပြီးနောက် ဖြိုးကိုကိုတင့်ဆန်း ပိုင်ဆိုင်သည့် သာကေတမြို့နယ် ရှုခင်းသာပတ်လမ်းရှိ ACE Group of Companies အား ယနေ့ (အောက်တိုဘာ ၁၆ ရက်) ညပိုင်းတွင် သက်ဆိုင်ရာ တာဝန်ရှိသူများက Police Line တားလိုက်ကြောင်း သိရသည်။

ထို့ပြင် အဆောက်အအုံအတွင်း သက်ဆိုင်ရာက စစ်ဆေးခြင်းများကို မတွေ့ရှိရဘဲ အဆောက်အအုံအပြင်ဘက်တွင် ရဲတပ်ဖွဲ့လုံခြုံရေး ရယူထားသည်ကို တွေ့ရှိရကြောင်း သိရသည်။

ဖြိုးကိုကိုတင့်ဆန်းထံမှ သေနတ်နှင့် မူးယစ်ဆေးဝါးများ နေပြည်တော်လေဆိပ်၌ ဖမ်းဆီးရမိပြီးနောက် နေပြည်တော်ရှိ ဟိုတယ် ACE နှင့် ရန်ကုန်မြို့ ACE ရုံးချုပ်အား ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းရှာဖွေရာ သေနတ် ၁၁ လက် ထပ်မံဖမ်းမိခဲ့ကြောင်း အောက်တိုဘာ ၁၆ ရက်တွင် စုံစမ်းသိရှိရသည်။

နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် အောက်တိုဘာ ၁၅ ရက် ည ၇ နာရီက ရန်ကုန်-နေပြည်တော် လေကြောင်းလိုင်း MNA ခရီးစဉ်အမှတ် UB-142 လေယာဉ်ဖြင့် ရန်ကုန်သို့လိုက်ပါမည့် ပြည်ထောင်စုဝန်ကြီးဟောင်း ဦးတင့်ဆန်း၏သား ဖြိုးကိုကိုတင့်ဆန်းနှင့်အတူ အဖော်အဖြစ်လိုက်ပါလာသည့် ရဲမင်းဆွေ၊ ဇော်ဝင်းထိုက်တို့၏ ခရီးဆောင်အိတ်များအား ရှာဖွေစစ်ဆေးခဲ့ရာ သေနတ်နှင့် မူးယစ်ဆေးဝါးများ ရှာဖွေတွေ့ရှိခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

Most Read

Most Recent