စစ်ဆင်ရေးများ အဆုံးသတ်ရန် မြန်မာနိုင်ငံအား ကုလသမဂ္ဂအတွင်းရေးမှူးချုပ် တိုက်တွန်း

စစ်ဆင်ရေးများ အဆုံးသတ်ရန် မြန်မာနိုင်ငံအား ကုလသမဂ္ဂအတွင်းရေးမှူးချုပ် တိုက်တွန်း
Published 29 September 2017

စက်တင်ဘာ ၂၈ ရက်က ပြုလုပ်သည့် မြန်မာအရေးနှင့် ပတ်သက်သည့် လုံခြုံရေးကောင်စီအစည်းအဝေးအား တွေ့ရစဉ် (Photo: AFP)

မြန်မာအရေးနှင့် ပတ်သက်သည့် လုံခြုံရေးကောင်စီအစည်းအဝေးတွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရတ်စ်က စစ်ဆင်ရေးများ ချက်ချင်းအဆုံးသတ်ရန် မြန်မာအာဏာပိုင်များအား တိုက်တွန်းခဲ့သည်။

ရခိုင်ပြည်နယ်ရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းသည် အစွန်းရောက်မှု၊ ရာဇဝတ်မှုနှင့် လူမှောင်ခိုကူးသူများအတွက် ရေခံမြေခံနေရာ ဖြစ်နေသည်ဟု ဂူတာရတ်စ်က သတိပေးခဲ့သည်။

လူသားချင်း စာနာထောက်ထားမှု အကူအညီများ ဆောင်ရွက်ရန် မြန်မာက ခွင့်ပြုရမည်ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်တွင် ခိုလှုံနေသူအားလုံး ပြန်လာနိုင်ရေးကို အသေအချာ ဆောင်ရွက်ပေးရမည်ဟု ဂူတာရတ်စ်က လုံခြုံရေးကောင်စီကို ပြောကြားခဲ့သည်။

ဘင်္ဂါလီ မွတ်စလင် အကျပ်အတည်းသည် လူမျိုးစုလိုက် သန့်စင်မှုဟု ဂူတာရတ်စ်သည် ယခင်က ပြောကြားခဲ့ဖူးသော်လည်း စက်တင်ဘာ ၂၈ အစည်းအဝေးတွင် ယင်းစကားလုံးများအား ထပ်မံသုံးစွဲခဲ့ခြင်းမရှိဘဲ လူမျိုးစုအုပ်စုတစ်စု ရွှေ့ပြောင်းမှုဖြစ်စေခဲသော ဆိုးဆိုးရွားရွား အကြမ်းဖက်မှုပုံစံဟု ရည်ညွှန်းခဲ့သည်။

စက်တင်ဘာ ၅ တွင် လုံခြုံရေးရှင်းလင်းမှုများ အဆုံးသတ်ခဲ့သည်ဟု မြန်မာအာဏာပိုင်များက ပြောကြားခဲ့သော်လည်း မွတ်စလင်ကျေးရွာများ မီးရှို့ခံရခြင်း၊ ခိုးဆိုးလုယက်မှုနှင့် ခြိမ်းခြောက်မှုလုပ်ရပ်များ ရှိနေသည်ဟု သတင်းများ ရရှိခဲ့ကြောင်း ဂူတာရတ်စ်က ပြောကြားခဲ့သည်။

Most Read

Most Recent