အနောက်ရဲ့ မာယာ၊ ပူလစ်ဇာနဲ့ မြန်မာ့အရှက်

အနောက်ရဲ့ မာယာ၊ ပူလစ်ဇာနဲ့ မြန်မာ့အရှက်
Published 24 September 2017

၂၀၁၇ စက်တင်ဘာထုတ် တိုင်းမ်မဂ္ဂဇင်း မျက်နှာဖုံးနှင့် ဘင်္ဂါလီအစွန်းရောက် အကြမ်းဖက်များ၏ တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ခွာရန် ပြင်ဆင်နေသည့် ဘင်္ဂါလီတစ်ဦးအား သြဂုတ် ၂၉ ရက်က တွေ့ရစဉ်

စက်တင်ဘာ ၁၉ ရက်က ဘင်္ဂါလီအရေးကြောင့် လက်ရှိဖြစ်နေတဲ့ ရခိုင်ပဋိပက္ခနဲ့ပတ်သက်ပြီး သတင်းအမှားတွေ၊ အချက်အလက်အမှားတွေနဲ့ ခိုင်မာတဲ့သက်သေမရှိဘဲ၊ မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်းကို မသိဘဲနဲ့ တစ်ဖက်သတ် ဖိအားပေးနေတဲ့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာကို ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောခဲ့ပါတယ်။ နိုင်ငံတော် အခြေပြမိန့်ခွန်းရယ်လို့ နာမည်တပ်ထားပေမယ့် တကယ်တမ်းမှာ သံတမန်တွေကို ရခိုင်ပဋိပက္ခနဲ့ ပတ်သက်ပြီး ဖိတ်ခေါ်ပြောကြားတဲ့ မိန့်ခွန်းဟာ နိုင်ငံတော်ကို မေတ္တာရပ်ခံတဲ့သဘောပဲ ဖြစ်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီဖြစ်စဉ်ဟာ နုနယ်ပြီး ထိလွယ်ရှလွယ်တဲ့ အနေအထားဖြစ်တယ်။ အခက်အခဲများစွာကို ရင်ဆိုင်ဖြေရှင်းနေရပြီး၊ ရခိုင်ပဋိပက္ခအရေးမှာ ပြဿနာဖြစ်ပွားနေတဲ့ အခြေအနေမှာတောင် ကိုးကွယ်ရာ မတူညီတဲ့ ဘာသာဝင်တွေကြားက လူတွေဟာ တစ်ဦးနဲ့တစ်ဦး ရန်လိုမှုမရှိဘဲ အတူတူ သဟဇာတရှိရှိ ဆက်နေနိုင်နေကြတယ်။ အစိုးရအနေနဲ့ ရခိုင်ပြည်နယ်မှာရှိနေတဲ့ လူမှုအသိုင်းအဝန်းတွေကြားမှာ သဟဇာတဖြစ်ရေးနဲ့ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး ပြန်လည်ရရှိအောင် ကြိုးစား ဆောင်ရွက်နေတယ်။ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်ကြောင့် ထိခိုက်ခံစားရသူအားလုံးအတွက် စိတ်မကောင်းဖြစ်ရပြီး အိုးအိမ်တွေကို စွန့်ခွာပြီး ထွက်ပြေးသူ အများအပြားမှာ မွတ်စလင်သာမကဘဲ ရခိုင်နဲ့ အခြားလူနည်းစုတွေဖြစ်တဲ့ ကမန်၊ မြို၊ သက်၊ မရမာကြီး၊ ဟိန္ဒူတွေလည်း ပါတယ်။ နိုင်ငံသားဖြစ်ခွင့်နဲ့ ပတ်သက်ပြီး အတည်ပြုစစ်ဆေးနိုင်တဲ့ လုပ်ငန်းစဉ်ဆောင်ရွက်နိုင်ဖို့ အသီးသီး ပူးပေါင်းပါဝင်ဖို့လိုပေမယ့် မွတ်စလင်ခေါင်းဆောင်အချို့က နိုင်ငံသားအဖြစ် အတည်ပြုစစ်ဆေးမယ့် လုပ်ငန်းစဉ်ကို မပူးပေါင်းဖို့ ဆုံးဖြတ်ထားပြီး ဒီလုပ်ငန်းစဉ်မှာ ပူးပေါင်းပါဝင်လာဖို့ အားလုံးက ဖျောင်းဖျနိုင်မယ်ဆို ကျေးဇူးတင်မယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားသူတွေနဲ့ ပတ်သက်ပြီးဘာ့အတွက် ထွက်ပြေးတယ်ဆိုတာကို ဖော်ထုတ်ချင်ပြီး ထွက်ပြေးသွားသူတွေနဲ့လည်း စကားပြောချင်တယ်။ ထွက်မပြေးတဲ့ မွတ်စလင်ရွာ အများအပြားရှိနေပြီး နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ရခိုင်ဒေသကို လာရောက်ပြီး ကြည့်ရှုဖို့ ဖိတ်ခေါ်တယ်။ မြန်မာနိုင်ငံရဲ့ အသိုက်အဝန်းတွေအကြား၊ ပြည်သူတွေအကြား ရှေ့ကိုဘယ်လို ဆက်လျှောက်မလဲဆိုတဲ့အပေါ် အမြင်အယူအဆ မတူညီမှုတွေကြားမှာ ဖြစ်နေတဲ့ ပဋိပက္ခတွေကို အဆုံးသတ်ဖို့လို့ မျှော်လင့်ထားပြီး မြန်မာနိုင်ငံအပေါ် စေတနာထားတဲ့သူတွေကို ရင်းရင်းနှီးနှီး ဖိတ်ခေါ်ပါတယ်။ ကျွန်မတို့ ရည်ရွယ်ချက်တွေ အောင်မြင်လာအောင် ပူးပေါင်းဆောင်ရွက်ကြဖို့ ဖိတ်ခေါ်ခြင်းဖြစ်ပါတယ်။ ဒီလို ပူးပေါင်းဆောင်ရွက်ခြင်းဟာ ကျွန်မတို့နိုင်ငံတစ်နိုင်ငံတည်း အတွက်သာမဟုတ်ဘဲ ကမ္ဘာပေါ်မှာ အလားတူ ရင်ဆိုင်နေရတဲ့ နိုင်ငံတွေအတွက်လည်း ပူးပေါင်းဆောင်ရွက်မှုများ လိုအပ်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံရဲ့ အခြေအနေမှန်ကိုမသိဘဲ ပြင်ပကမ္ဘာကနေ ဝေဖန်နေသူတွေကို မေတ္တာရပ်ခံခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မေတ္တာရပ်ခံမှုအပေါ်မှာ မြန်မာနိုင်ငံရဲ့ အခြေအနေမှန် မသိတဲ့သူတွေက လက်သင့်ခံတဲ့ အခြေအနေမှာ မရှိဘဲဆထက်ထမ်းပိုး ဖိအားပိုပေးဖို့ ပြင်ဆင်လာတာကိုပဲ မြင်ခဲ့ရပြီး ကမ္ဘာ့နိုင်ငံအသီးသီးနဲ့ မီဒီယာတွေကလည်း ဖိအားပေးဖို့ပဲ ပြင်ဆင်ခဲ့တာ မြင်ရပါတယ်။

ဗြိတိန်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ထားတဲ့ဆု ပြန်ရုပ်သိမ်းခဲ့သလို တပ်မတော်သားတွေကို လေ့ကျင့်သင်ကြားပေးနေမှုကိုလည်း ချက်ချင်းရပ်ဆိုင်းခဲ့ပါတယ်။ သမ္မတအဖြစ် မိန့်ခွန်းမှာ Islamo - phobia ကို ကြောက်ရွံ့တဲ့သဘောနဲ့ နိုင်ငံတော်လုံခြုံရေးကို အဓိကထားမယ်လို့ပြောခဲ့တဲ့ ပြင်သစ်သမ္မတ မက်ခရွန်က မြန်မာနိုင်ငံမှာ ဘင်္ဂါလီ မွတ်စလင်တွေကို တိုက်ခိုက်မှုဟာ လူမျိုးသုဉ်းသတ်ဖြတ်မှု မြောက်တယ်လို့ ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပြီး အရေးယူဖို့ ပြောခဲ့သလို နိုင်ဂျီးရီးယားသမ္မတကလည်း မြန်မာ့အကျပ်အတည်းကို ဘော့စနီးယား၊ ရဝမ်ဒါတွေနဲ့ နှိုင်းယှဉ်ပြီးပြောကြားခဲ့ပြီး လူမျိုးစုလိုက် သုတ်သင်မှုရှိတယ်လို့ ဆိုခဲ့ပါတယ်။ ဒါ့အပြင် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရအဖွဲ့ဟာ သဲထဲခေါင်းဝှက်နေတယ်လို့ ဝေဖန်ခဲ့သလို CNN ကလည်း ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်းက မယုံကြည်ရတဲ့ အချက်ငါးချက်ဆိုပြီးတော့ ဘာ့ကြောင့်လူအများစု အစုလိုက်အပြုံလိုက် ထွက်ခွာတယ်ဆိုတာကို ရှင်းမပြတာ၊ နိုင်ငံတကာ စစ်ဆေးမှာကို စိုးရိမ်မှုမရှိဘူးလို့ ပြောခဲ့တာ၊ ပြည်ပကို ထွက်ပြေးရသူတွေထဲမှာ လူများစု ရခိုင်လူမျိုးတွေမပါတာ၊ ရခိုင်ပြည်နယ်မှာ လူအားလုံးပညာရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ရနေတယ်ဆိုတာနဲ့ စက်တင်ဘာ ၅ ရက် နောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခတွေနဲ့ စစ်ဆင်ရေး မရှိတော့ဘူးဆိုတာတွေကို ထောက်ပြခဲ့သလို အယ်လ်ဂျားဇီးယားကလည်း ဒေါ်အောင်ဆန်းစုကြည်ကို လူလိမ်သဘောမျိုး ရေးသားခဲ့ပါတယ်။

မြန်မာနိုင်ငံတွင်းကို ရောက်နေတဲ့ ရိုဟင်ဂျာအမည်ခံ ဘင်္ဂါလီတွေနဲ့ ဘာသာစကား၊ ယဉ်ကျေးမှု၊ ဝတ်ပုံစားပုံ အားလုံးတူညီတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ် ရှိတ်ဟာဆီနာကလည်း ဘင်္ဂါလီတွေအတွက် Safe Zone ပေးဖို့၊ အကြမ်းဖက်မှုနဲ့ လူမျိုးစုအလိုက် သန့်စင်မှုရပ်တန့် ဖို့၊ ကုလသမဂ္ဂ စုံစမ်းရေးမစ်ရှင်ကို ခွင့်ပြုဖို့၊ ဒုက္ခသည်တွေ ပြန်လာရေး အသေအချာ ဆောင်ရွက်ပေးဖို့၊ ဘင်္ဂါလီမွတ်စလင်တွေကို နိုင်ငံသားဖြစ်ခွင့်ပေးရေး ထောက်ခံထားတဲ့ အစီရင်ခံစာကို လိုက်နာဖို့ ကုလသမဂ္ဂကို တောင်းဆိုခဲ့ပါတယ်။

ဒီလို နိုင်ငံတကာရဲ့ ဆင့်ကဲဖိ အားပေးမှုတွေအပြင် လက်ရှိမှာဆိုရင် မြန်မာ့အရေးကို လုံခြုံရေးကောင်စီမှာ ဆွေးနွေးဖို့ ဗြိတိန်၊ ပြင်သစ်၊ အမေရိကန်အပါအဝင် လုံခြုံရေးကောင်စီအဖွဲ့ဝင် နိုင်ငံခုနစ်ခုက တောင်းဆိုခဲ့ပြီး Times ကလည်း “Myanmar's Shame း The Plight of the Rohingya tamishes” Aung San Suu Kyi's name” ဆိုပြီး ဖော်ပြခဲ့ပါတယ်။

တစ်ကမ္ဘာလုံးမှာ ရင်ဆိုင်နေရတဲ့ Islamophobia အတွက် နိုင်ငံတော်လုံခြုံရေးကို ဆောင်ရွက်နေရတဲ့ အခြေအနေမှာ မြန်မာနိုင်ငံအကြောင်းကို လေ့လာမှုမရှိတဲ့ ကမ္ဘာ့မီဒီယာတွေကြားမှာ မြန်မာနိုင်ငံဟာ အရှက်ရစရာဖြစ်ခဲ့ပြီး ဒေါက်တာဖေမြင့်ဦးဆောင်တဲ့ ပြန်ကြားရေးဝန်ကြီးဌာနဟာ ပြည်ပမီဒီယာတွေရဲ့ မဟုတ်မှန်တဲ့ ဓာတ်ပုံတွေနဲ့ ဖော်ပြမှု၊ အချက်အလက် မှားယွင်းမှုတွေကို တုံ့ပြန်ဖို့အတွက် ကန့်ကွက်မှုတစ်ခုမှ မလုပ်နိုင်ခဲ့ဘဲ သတင်းထုတ်ပြန်မှု စွမ်းဆောင်ရည်မှာလည်း အရင်အစိုးရတွေ လက်ထက် ဝါဒဖြန့်ချိသူတွေလောက်တောင် စွမ်းဆောင်နိုင်မှု မရှိခဲ့တာကို အားလုံးမြင်တွေ့ခဲ့ရပါတယ်။ အခြားတစ်ဖက်မှာ ဒေါက်တာဖေမြင့်ကို ပြောခွင့်ပေးမထားတာလားဆိုပြီး မြင်ခဲ့ကြပေမယ့် ဒီလိုသာ ပြောခွင့်မရှိဘူး။ ပြန်ကြားရေးဝန်ကြီးဌာနဟာ မြန်မာ့မီဒီယာ ဖွံ့ဖြိုး ရေးလည်း မလုပ်နိုင်ဘူး။ ကမ္ဘာ့မီဒီယာစစ်ပွဲကိုလည်း ပြန်ပြီးတော့ တုန့်ပြန်နိုင်စွမ်းမရှိဘူးဆိုရင် ဘာလို့များ ပြည်သူ့ဘဏ္ဍာတွေ အကုန်ခံပြီး ပြန်ကြားရေးဝန်ကြီးဌာနကို ဆက်ထားနေလဲလို့ မေးခွန်းထုတ်စရာ ဖြစ်ခဲ့ရပါတယ်။

ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ကတော့ Times မဂ္ဂဇင်းမှာ  “Myanmar's Shame း The Plight of the Rohingya tamishes” Aung San Suu Kyi's name” ” ဆိုပြီး ဖော်ပြခဲ့တဲ့ မျက်နှာဖုံးပုံနဲ့ ပတ်သက်ပြီး “ဘင်္ဂါလီအရေးနဲ့ သတင်းရယူခွင့် အခုဒီပို့စ်နဲ့အတူ တင်ထားတဲ့ တိုင်းမ်မဂ္ဂဇင်းရဲ့ မျက်နှာဖုံးပုံကို ကြည့်ပါ။ ဒီပုံကို ဘယ်လိုရိုက်တယ်ဆိုတာက အရေးမကြီးဘူး။ ဒီပုံကို မြင်လိုက်ရတဲ့ သူတစ်ယောက်ရဲ့ စိတ်မှာ ဘယ်လိုခံစားချက် ဖြစ်မလဲဆိုတာက အရေးကြီးတယ်။ အဲဒီလို ဓာတ်ပုံတွေ၊ အင်တာဗျူးတွေကြောင့်  နိုင်ငံတကာမျက်နှာစာမှာ မြန်မာနိုင်ငံရဲ့ပုံရိပ် ဘယ်လိုဖြစ်လာနေသလဲဆိုတာ ကျွန်တော်တို့ တွေ့နေရပြီ။ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လို သြဇာကြီးတဲ့ပုဂ္ဂိုလ်တောင် ဒီလိုအမြင်တွေကို ဖယ်ရှားပစ်ဖို့ အတော်ခက်နေတယ်။ ဒီတော့ ဒီအခြေအနေကို ဘယ်လိုတုံ့ပြန်မလဲ။ အခု ဘူးသီးတောင်၊ မောင်တောအရေးအခင်းမှာ အဓိကပြဿနာတစ်ခုက မီဒီယာတွေကို အဲဒီဒေသမှာ လွတ်လပ်စွာ သတင်းယူခွင့်ပြုမလား၊ မပြုဘူးလားကိစ္စ ဖြစ်ပါတယ်။ အစိုးရက သတင်းမီဒီယာတွေကို လေ့လာခွင့်ပေးထားတာပဲလို့တော့ ပြောလို့မရဘူး။ ကျွန်တော်က သတင်းမီဒီယာတွေကို လွတ်လပ်စွာ သွားခွင့်မပြုဘဲ အစိုးရက စီစဉ်ပြီး လေ့လာခိုင်းတဲ့ ခေတ်ရော၊ တော်တော်များများ လွတ်လပ်စွာ သွားခွင့်ပြုတဲ့ခေတ်ရော နှစ်ခုစလုံးကို ဖြတ်သန်းခဲ့ဖူးတယ်။ ကျွန်တော့် အတွေ့အကြုံအရတော့ ပြည်တွင်း၊ ပြည်ပမီဒီယာသမားတွေဟာ . . .

၁။ အစိုးရက စီစဉ်ပေးတဲ့ခရီးစဉ်တွေကို သတင်းရချင်လို့ (ကိုယ့်ဘာသာ သွားခွင့်မရလို့) သာ လိုက်ရတယ်။ ဘဝင်မကျဘူး။ သူတို့ကို အသုံးချပြီး ဝါဒဖြန့်မယ်လို့ယူဆတယ်။ ၂။ သူတို့အထက်က အယ်ဒီတာတွေကလည်း အဲဒီလိုသတင်းမျိုးကို မဖြစ်မနေသုံးဖို့လိုမှပဲ သုံးတယ်။ အဲဒီခရီးစဉ်မှာ အမှတ်မထင်ရလိုက်တဲ့ စိတ်လှုပ်ရှားဖွယ်ရာ၊ ဒါမှမဟုတ် အစိုးရပြောတာနဲ့ ဆန့်ကျင်ဘက်ဖြစ်နေတဲ့ အဖြစ်အပျက်မျိုးဆိုရင်တော့ ကြိုက်တယ်။ ၃။ အဲဒီခရီးစဉ်တွေမှာ တကယ့်အခြေအနေမှန်က သိပ်ကောင်းနေရင်တောင် အရမ်းမရေးရဲဘူး။ အစိုးရဝယ်တာ ခံလိုက်ရပြီလို့ အထင်ခံရမှာစိုးရိမ်တယ်။ ၄။ သူတို့သတင်းမေးတဲ့ အချိန်ဘေးမှာ အစိုးရတာဝန်ရှိသူတွေ၊ လုံခြုံရေးတပ်ဖွဲ့တွေရှိနေတာ မကြိုက်ဘူး။ ဒါပေမဲ့ သတင်းမီဒီယာတွေကို လွတ်လပ်စွာ သတင်းယူခွင့်ပေးရင်ရော အားလုံးက မျှမျှတတ ဘက်မလိုက်ဘဲ ရေးမှာလားလို့ မေးစရာရှိတယ်။ အဲဒီလိုတော့ ရာနှုန်းပြည့် အာမခံလို့မရဘူး။ ဒါပေမဲ့ မီဒီယာအများအပြား သတင်းယူနေတဲ့အတွက် သူလိုချင်သလိုဘက်လိုက်ပြီး ပုံဖော်ဖို့တော့ ခက်တာပေါ့” လို့ သူ့ အတွေ့အကြုံအပေါ် အခြေခံပြီး ပြောခဲ့ပါတယ်။

ဘင်္ဂါလီအစွန်းရောက် အကြမ်းဖက်များ၏ တိုက်ခိုက်မှုများနောက်တွင် မောင်တောမြို့နယ်အတွင်းရှိ ဘင်္ဂါလီများ နယ်စပ်ခြံစည်းရိုးကိုကျော်၍ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ခွာနေသည်ကို တွေ့ရစဉ်

ဒီနေရာမှာ ကမ္ဘာ့မီဒီယာတွေက မြန်မာနိုင်ငံကို မီဒီယာစစ်ပွဲနဲ့ ဖိအားပေးနေခြင်းဆိုတာနဲ့ ကမ္ဘာ့နိုင်ငံတွေက မြန်မာနိုင်ငံကို စစ်ရေးအရ ဖိအားပေးနေခြင်းနှစ်ခုကို မြင်ရမှာဖြစ်ပြီး နိုင်ငံတွေမှာရော၊ မီဒီယာတွေမှာပါ သူတို့ရဲ့ ကိုယ်ကျိုးစီးပွားအတွက် အကျိုးစီးပွားကိုယ်စီနဲ့ ဖိအားပေးနေတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ကမ္ဘာ့မီဒီယာတွေရဲ့ ဖိအားကဘာ့အတွက် လာနေသလဲဆိုရင် ကမ္ဘာ့မီဒီယာတိုင်း၊ သတင်းထောက် တိုင်းလိုချင်နေတဲ့ ပူလစ်ဇာဆုကြောင့်လို့ပဲ ကောက်ချက်ယူရမှာ ဖြစ်ပါတယ်။ နိုင်ငံရေးမှာ အမြဲတမ်းရန်သူ မရှိ၊ အမြဲတမ်းမိတ်ဆွေမရှိဘဲ အကျိုးစီးပွားပဲရှိတယ်ဆိုတဲ့ အခြေအနေအပေါ်မှာ ဗြိတိန်မီဒီယာ BBC ဦးဆောင်တဲ့ ကမ္ဘာ့မီဒီယာတွေနဲ့ အယ်ဂျားဇီးယားလို အစ္စလာမ္မစ်မီဒီယာတွေဟာ မြန်မာ့အရေးကို ပုံဖော်ရာမှာ ဘင်္ဂါလီတွေကို မြန်မာအစိုးရနဲ့ စစ်တပ်က လူမျိုးသုဉ်းသတ်ဖြတ် နေတယ်ဆိုတဲ့ အထောက်အထားကို အလွန်အမင်း လိုချင်နေကြပါတယ်။

ကမ္ဘာ့မီဒီယာတွေ၊ ကမ္ဘာ့နိုင်ငံတွေက စွပ်စွဲနေသလို မြန်မာအစိုးရနဲ့ တပ်မတော်က ဘင်္ဂါလီတွေကို လူမျိုးစုလိုက် သန့်စင်နေပြီး လူမျိုးသုဉ်း သတ်ဖြတ်နေတယ်ဆိုတဲ့ အခြေအနေတွေကို သတင်းဓာတ်ပုံတွေ အချက်အလက် မှန်မှန်ကန်ကန်နဲ့ ဖော်ထုတ်နိုင်ရင် ရိုဟင်ဂျာအရေးအခင်းဟာ တစ်ကမ္ဘာလုံးက  စိတ်ဝင်စားနေတာကြောင့် သတင်းစာသမားတွေအတွက် အမြင့်ဆုံးဆိုတဲ့ ပူလစ်ဇာဆုရရှိနိုင်မှာ ဖြစ်ပါတယ်။

ကမ္ဘာ့မီဒီယာသမားတွေအတွက် အခက်တွေ့နေတာက မြန်မာနိုင်ငံသမိုင်းမှာ လူမျိုးသုဉ်းသတ်ဖြတ်မှုကို ပြန်ရှာကြည့်မယ်ဆိုရင် ၁၉၄၂ အလယ်သံကျော် အရေးအခင်းမှာ ရခိုင်လူမျိုး ၂၀၀၀၀ ကျော်ကို ဘင်္ဂါလီမွတ်စလင်တွေက သတ်ဖြတ်ပြီး ရခိုင်ရွာ ၂၀၀ ကျော်ကို ဝင်ရောက်နေထိုင်တဲ့ ဖြစ်စဉ်ပဲရှိနေပါတယ်။ ဒီလိုတပ်မတော်က မြန်မာအစိုးရက လူမျိုးသုဉ်းသတ်ဖြတ်မှု မရှိဘဲ ဘင်္ဂါလီတွေရဲ့ လိမ်လည်တဲ့ စကားနဲ့တင် သတင်းတည်ဆောက်နေတဲ့ ကမ္ဘာ့မီဒီယာတွေ သတင်းထောက်တွေဟာ ဘာတေးလ်လင့်တနာလို မြန်မာ့အရေးကို ကျွမ်းကျွမ်းကျင်ကျင်သိနေတဲ့ သတင်းစာ ဆရာကို အတုယူ သင်ယူမေးမြန်းဖို့ လိုအပ်နေတာကို မြင်ရမှာဖြစ်တဲ့အပြင် ကိုယ့်မီဒီယာနဲ့ ကိုယ်မက်မောတဲ့ ပူလစ်ဇာဆုအတွက် ကမ္ဘာကို သတင်းအချက်အလက်အမှားတွေ တင်ဆက်နေခြင်းရဲ့ သတင်းစာကျင့်ဝတ်ဟာ ရှုတ်ချစရာရွံရှာဖွယ် အရေးအသား ဖြစ်နေတာကို သတိထားဖို့ လိုပါတယ်။

AFP သတင်းဌာနရဲ့ ရခိုင်အရေးမှာ သတင်းအမှားတွေ ဖော်ပြခဲ့မှု၊ တူရကီ ဒုတိယဝန်ကြီးချုပ်ရဲ့ ရခိုင်အရေး ဓာတ်ပုံမှားယွင်းဖော်ပြမှု၊ Aljazeera က ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းနဲ့ပတ်သက်ပြီး ဖော်ပြရာမှာ NLD ပါတီကမဲနိုင်ရင် နိုင်ငံသားကတ် ထုတ်ပေးမယ် ပြောခဲ့တယ်ဆိုပြီး မပြောခဲ့တာတွေကို ပြည်ခိုင်ဖြိုးပါတီရဲ့ မဲဆွယ်စကားနဲ့ မှားယွင်းဖော်ပြခဲ့တဲ့အပြင် ၁၉၄၇ ခုနှစ်မှာကျဆုံးခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းကို မီတယ်လို့ အသက် ၅၀ ကျော်လူက ပြောတာကို ကိုးကားဖော်ပြခဲ့တာ၊ Channel News Asia မှာ ဘင်္ဂါလီရွာတွေကို မသွားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သူတို့ရွာတွေဆီလာပြီးတော့ ဒေါ်အောင်ဆန်းစုကြည် ထွက်သွားတာနဲ့ တစ်ပြိုင်နက် တိုက်ခိုက်မှုတွေ စတင်လာတယ်ဆိုတဲ့ ဘင်္ဂါလီတစ်ဦးရဲ့ လိမ်လည်ပြောကြားတာကို ကိုးကားဖော်ပြခဲ့မှု၊ စက်တင်ဘာ ၁၈ ရက်က Reuters သတင်းဌာနရဲ့ သတင်းဓာတ်ပုံ မှားယွင်းဖော်ပြခဲ့မှု စတဲ့အခြေအနေတွေကို ကြည့်မယ်ဆိုရင် တစ်ကမ္ဘာလုံးမှာ ရခိုင်အရေးအခင်းကို သတင်းမှားတွေ ရောက်နေတာ ပိုပြီးတော့ မြင်သာထင်သာ ရှိစေခဲ့သလို ကမ္ဘာ့မီဒီယာကြီးတွေရဲ့ ကျင့်ဝတ်မဲ့မှုနဲ့ ချွတ်ချော်မှုတွေ မြင်ရမှာ ဖြစ်ပါတယ်။

ကမ္ဘာ့သတင်းမီဒီယာတွေဆီမှာ ဘင်္ဂါလီတွေကို မြန်မာအစိုးရနဲ့ မြန်မာ့တပ်မတော်က လူမျိုးသုဉ်း သတ်နေတယ်ဆိုတဲ့ အထောက်အထားမရှိသလို သာမန်ရွာသားတွေလိုပဲ ဝတ်ဆင်ပြီး သာမန်ရွာသား တွေအကြားမှာ စိမ့်ဝင်နေတဲ့ အစွန်းရောက်အကြမ်းဖက် ARSA ဘင်္ဂါလီတွေမှာလည်း သူတို့ကို လူမျိုးသုဉ်း သတ်ဖြတ်နေတယ်ဆိုတဲ့၊ သူတို့နေထိုင်တဲ့ရွာတွေကို တပ်မတော်က လာပြီးတော့ မီးရှို့သတ်ဖြတ်တယ်ဆိုတဲ့ ဓာတ်ပုံ၊ ဗီဒီယိုစတဲ့ အထောက်အထားတွေ မရှိပါဘူး။

ဘာ့ကြောင့်မရှိတာလဲဆိုရင် အစိုးရရော တပ်မတော်ကပါ ဘင်္ဂါလီတွေကို လူမျိုးသုဉ်းသတ်ဖြတ်မှု ဘယ်တုန်းကမှမရှိဘဲ အစွန်းရောက်အကြမ်းဖက် ARSA ဘင်္ဂါလီတွေကသာ ၂၀၁၆ အောက်တိုဘာကနေ ၂၀၁၇ ခုနှစ် စက်တင်ဘာအထိ ရခိုင်ပြည်နယ်ကျေးရွာတွေက အစိုးရနဲ့ ဆက်ဆံတဲ့ မွတ်စလင်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ၊ ဆယ်အိမ်ခေါင်းတွေ လူ ၅၀ လောက်ကို လည်လှီးသတ်ဖြတ်တာနဲ့ ရဲကင်းတွေ၊ တပ်စခန်းတွေနဲ့ ကျေးရွာတွေကိုဝင်ပြီး သတ်ဖြတ်တဲ့ ပုံတွေသာ ရှိနေခဲ့တာပါ။ ARSA ဘင်္ဂါလီတွေက အကြမ်းဖက် သတ်ဖြတ်လည်လှီးခဲ့တဲ့ပုံတွေကို မျက်ကွယ်ပြုပြီးတော့ မြန်မာအစိုးရနဲ့ တပ်မတော်က လူမျိုးသုဉ်း သတ်နေတယ်ဆိုတာကိုပဲ တစ်ဖက်သတ်ဖော်ပြနေတဲ့ ကမ္ဘာ့မီဒီယာတွေရဲ့ ကျင့်ဝတ်လိုက်နာမှုကလည်း စက်ဆုတ်စရာပါ။

အခြားတစ်ဖက်မှာ တွေးမယ်ဆိုရင် ARSA ဘင်္ဂါလီတွေဟာ Twitter ကို ကျွမ်းကျွမ်းကျင်ကျင် သုံးပြီးကမ္ဘာကို သူတို့ ဝါဒဖြန့်ချိနေသလို ARSA ဘင်္ဂါလီတွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ပိတ်ပင်ခဲ့တဲ့ Facebook စတာတွေကို ကြည့်မယ်ဆိုရင် ဘင်္ဂါလီရွာတွေမှာ ကောင်းမွန်တဲ့ အင်တာနက်ရှိနေပြီးတော့ ဝါဒဖြန့်ချိနိုင်တဲ့ မိုဘိုင်းဖုန်းတွေ ကိုင်ဆောင်နိုင်တာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ နောက်တစ်ချက်ထောက်ပြရရင် မောင်တော ဘဂုံးနားရွာက ရော်ဟီးမူလာနဲ့ အာမန်အူလာတို့ကို ၂၀၁၆ ခုနှစ် နိုဝင်ဘာလအတွင်းမှာ Ma Swe Zin အကောင့်နဲ့ နိုင်ငံတော်နဲ့ တပ်မတော်အပေါ် အကြည်ညိုပျက်အောင် ရေးသားတာကြောင့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ ဖမ်းဆီးခဲ့တာပါ။ ဒါကို ဆက်ကြည့်မယ်ဆိုရင် ရခိုင်ပြည်နယ်ဘက်က ဘင်္ဂါလီရွာတွေမှာ ဘင်္ဂါလီတွေမှာ ကောင်းမွန်တဲ့ အင်တာနက်နဲ့ ကောင်းမွန်တဲ့ မိုဘိုင်းဖုန်းတွေ ရှိနေတယ်ဆိုတာကို ညွှန်းဆိုပါတယ်။

ARSA နဲ့ ဘင်္ဂါလီတွေမှာ ကောင်းမွန်တဲ့ အင်တာနက်နဲ့ ကောင်းမွန်တဲ့ မိုဘိုင်းဖုန်း ရှိနေခြင်းကို ဘာ့ကြောင့် ပြောနေရသလဲဆိုရင် သူတို့မှာရှိတဲ့ ဖုန်းနဲ့ တပ်မတော်က သူတို့ကို အကြမ်းဖက်မီးရှို့ လူမျိုးသုဉ်း သတ်ဖြတ်လို့သူတို့ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးရတယ်ဆိုချိန်မှာ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ ရိုက်ထားနိုင်တယ်ဆိုတာကို ပြောချင်တာပါ။ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးတယ်ဆိုတဲ့ လူလေးသိန်းကျော်မှာ မိုဘိုင်းဖုန်းတစ်လုံးနဲ့ပဲ တပ်မတော်က နယ်မြေရှင်းလင်းတယ် အကြောင်းပြပြီး လူမျိုးသုဉ်းသတ်နေတာကို ကမ္ဘာဆီချပြနိုင်ရင်ကို သူတို့ မှန်တယ်လို့ ကောက်ချက်ယူကြမှာ ဖြစ်ပါတယ်။ အခုကျတော့ ဒီလို အထောက်အထား ပုံတစ်ပုံတောင် မရှိဘဲ တပ်မတော်နဲ့ အစိုးရက လူမျိုးသုဉ်း သတ်ဖြတ်မှုမရှိဘဲ တတိယ ကမ္ဘာဆီသွားနိုင်ရေး မျှော်လင့်ချက်နဲ့ လျှာအရိုးမရှိ လိမ်လည်နေတဲ့ ဘင်္ဂါလီတွေရဲ့စကားကို အတည်ယူပြီး ရေးနေတာတွေကို ပြန်ကြားရေးဝန်ကြီးဌာန အနေနဲ့ ဦးဆောင်ကန့်ကွက်ပေးဖို့ လိုအပ်မှာဖြစ်ပြီး လိုအပ်လာမယ်ဆိုရင် ဘင်္ဂါလီတွေက လည်လှီးသတ်ဖြတ်ခဲ့တဲ့၊ မုဒိမ်းကျင့်သတ်ဖြတ်ခဲ့တဲ့ မြန်မာတိုင်းရင်းသားတွေနဲ့ မွတ်စလင်ဘာသာဝင် ဘင်္ဂါလီကျေးရွာအုပ်ချုပ်ရေးမှူးတွေ၊ ဆယ်အိမ်မှူးတွေရဲ့ ဓာတ်ပုံတွေကို ပြပွဲလုပ်ရှင်းလင်းဖို့ လိုအပ်မှာပါ။

ကမ္ဘာ့နိုင်ငံတွေဖြစ်တဲ့ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်စတဲ့ အနောက်နိုင်ငံတွေနဲ့ သူတို့ရဲ့ လက်ဝေခံဖြစ်တဲ့ ကုလသမဂ္ဂရဲ့ မာယာကို ကြည့်မယ်ဆိုရင်တော့ သူတို့ဟာ မြန်မာနိုင်ငံမှာရှိနေတဲ့ တရုတ်နိုင်ငံရဲ့ အိပ်မက်တွေကို တားဆီးနိုင်ဖို့ဆိုတဲ့ အခြေအနေကို ဖန်တီးဖို့အတွက်၊ သူတို့ကြောက်ရွံ့နေတဲ့ Islamophobia လျော့ကျဖို့အတွက်၊ IS တွေရဲ့ခြေကုပ်ဟာ သူတို့နိုင်ငံမှာ မရှိဖို့အတွက်၊ အစ္စလာမ္မစ်အစွန်းရောက်တွေ သူတို့နိုင်ငံမှာ မရှိဖို့ အတွက်ဆိုတဲ့ ခြေလှမ်းတွေနဲ့ မြန်မာနိုင်ငံကို စစ်တလင်းဖြစ်ဖို့ ပြင်ဆင်နေတာ တွေ့ရပါတယ်။

တရုတ်နိုင်ငံရဲ့ ကျောက်ဖြူစီမံကိန်း၊ ကျောက်ဖြူ-ကူမင်းရထားလမ်း၊ ကမ္ဘာကို လွှမ်းမိုးမယ့် အိပ်မက်ဖြစ်တဲ့ OBOR မဟာဗျူဟာ စီမံကိန်း၊ ပင်လယ်ထွက်ပေါက်နှစ်ခု အိပ်မက်စတဲ့ စီမံကိန်းအားလုံးရဲ့ အခြေပြုရာဟာ ရခိုင်မြေဖြစ်ပြီးတော့ ဒီရခိုင်မြေကို စစ်တလင်းဖြစ်အောင် လုပ်နေခြင်းဟာ အနောက်နိုင်ငံတွေကို သိပ်အားထားနေတဲ့ မြန်မာနိုင်ငံကို တရုတ်လက်အောက် ပြန်ရောက်အောင် တွန်းပို့နေတဲ့ အခြေအနေဖြစ်သလို တရုတ်နိုင်ငံရဲ့ မဟာဗျုဟာတွေ အကောင်အထည်ပေါ်လာမှာ ကြောက်ရွံ့တဲ့ Geopolitic အရကလွဲရင် ဘာမှမရှိပါဘူး။

ဗြိတိန်က အကြီးအကျယ် ရင်းနှီးမြှုပ်နှံနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို မြန်မာနိုင်ငံ ဖြတ်သန်းပြီး ကုန်သွယ်မှုပြုမယ့် တရုတ်နိုင်ငံ၊ စစ်တွေက ကုလားတန်ဆိပ်ကမ်းနဲ့ တရုတ်ကို Power Balance လုပ်မယ့် အိန္ဒိယစီမံကိန်းတွေစတဲ့ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်စတဲ့ သုံးနိုင်ငံနဲ့ အာရှက ကမ္ဘာကို ဦးဆောင်မယ့် အခြေအနေကို နှစ်ခြိုက်မှုမရှိတဲ့ အနောက်နိုင်ငံတွေဟာ မြန်မာ့မြေကို စစ်တလင်းဖြစ်အောင် ဖန်တီးပြီး တရုတ်၊ အိန္ဒိယရဲ့ ကြီးထွားမှု ရပ်တန့်အောင် ARSA ကို တစ်ဖက်လှည့်နဲ့ ထောက်ခံနေတဲ့ အောက်တန်းကျတဲ့လုပ်ရပ်တွေ ရပ်တန်းကရပ်ဖို့ လိုအပ်ပါတယ်။

မြန်မာနိုင်ငံအတွင်း ဝင်ရောက်ဖို့ တာစူနေပြီး အချုပ်အခြာအာဏာပိုင်တဲ့ နိုင်ငံတစ်နိုင်ငံအနေနဲ့  R2P (The Responsibility to Protect ကာကွယ်စောင့်ရှောက်ရန် တာဝန်ယူမှုကို R2P ဒါမှမဟုတ် R to P လို့ ခေါ်ပါတယ်) ဝင်ဖို့ ဖိအားပေးခံ ရတာတွေဟာ လက်ရှိမြန်မာအစိုးရရဲ့ ဘင်္ဂါလီအရေးမှာ လုပ်ဆောင်မှုတွေကို မျက်ကွယ်ပြုရာကျသလို တရုတ်ကို အလွန်အမင်းကြောက်ရွံ့နေတဲ့ အနောက်နိုင်ငံတွေလို့လည်း ခေါ်ဆိုရမယ့်အခြေအနေ ဖြစ်နေပါတယ်။

ဘင်္ဂါလီအရေးနဲ့ ပတ်သက်ရင် မြန်မာနိုင်ငံဟာ ကိုဖီအာနန် ကော်မရှင်ရဲ့ အစီရင်ခံစာအတိုင်း အကောင်းမွန်ဆုံး လုပ်ဆောင်နေသလို ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့လည်း ဘင်္ဂါလီအရေးကို ပူးပေါင်းဆောင်ရွက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးသွားသူတွေထဲမှာလည်း မြန်မာနိုင်ငံသား စစ်မှန်ကြောင်း သက်သေပြနိုင်သူတွေကို လက်ခံဖို့ လုပ်နေပြီဖြစ်ပါတယ်။ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရအနေနဲ့ မဟာဗျုဟာတွေ ချထားဖွဲ့စည်းပြီး ဖြစ်သလို ICRC ရဲ့ အကူအညီ နိုင်ငံတကာရဲ့ အကူအညီနဲ့ ရခိုင်ပြည်နယ် တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်ရေး အစွမ်းကုန် လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ ဒီလို အကောင်းဆုံး လုပ်ဆောင်နေတာကိုပဲ အနောက်နိုင်ငံတွေအနေနဲ့ တရုတ်ကြောက်တဲ့စိတ်၊ Islamophobia ကြောက်တဲ့စိတ်နဲ့ နိုင်ငံတကာမီဒီယာတွေရဲ့ ပူလစ်ဇာမက်လုံးအတွက် မြန်မာနိုင်ငံကို ချနင်းနေတာကို ရပ်တန်းကရပ်ပါလို့ ဆိုရမှာဖြစ်ပါတယ်။ ဘင်္ဂါလီအကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုဟာ မြန်မာ့တပ် မတော်ရဲ့ တုံ့ပြန်မှုကို လှုံ့ဆော်ဖို့ ရည်ရွယ်ခဲ့တယ်ဆို ဝါရှင်တန်မှာရှိတဲ့ National War College က ပါမောက္ခ ဇာချရီအဘူဇာရဲ့ လေ့လာမှုတစ်ရပ်က ရှင်းလင်းမှုတွေ သိဖို့လိုအပ်သလို ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးသွားသူ တွေထဲမှာ ဘင်္ဂါလီအစွန်းရောက် အကြမ်းဖက် ARSA က တပ်ဖွဲ့ဝင်တွေ ပါဝင်တယ်ဆိုတဲ့ www.benarnews.org ကဖော်ပြတဲ့ သတင်းမှန်မျိုးကိုလည်း ဖော်ပြပါလို့ ကမ္ဘာ့မီဒီယာတွေကို တောင်းဆိုရမှာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ အကြမ်းဖက် တိုက်ခိုက်ခံရပြီး မြန်မာတိုင်းရင်းသားတွေ သေဆုံးခဲ့ရတာကို ဘင်္ဂါလီတွေ သေဆုံးမှုအဖြစ် ပုံဖော်ပြီး မြန်မာအစိုးရရဲ့ အကောင်းမွန်ဆုံး လုပ်ဆောင်နေမှုကို လျစ်လျူရှုပြီး မြန်မာနိုင်ငံကို ဆန့်ကျင်ပြီး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထောက်ပံ့ပြီး စစ်ရေးအရ ဖိအားပေးတာမျိုးတွေ လုပ်လာမယ်။ R2P အတင်း ဝင်လာမယ်။ မြန်မာနိုင်ငံက လုံးဝလက်မခံတဲ့ ဘင်္ဂါလီ Safe Zone အကောင်အထည်ဖော်လာမယ်ဆိုရင် အချုပ်အခြာအာဏာပိုင်တဲ့ မြန်မာနိုင်ငံအနေနဲ့ ဘယ်လိုစစ်ဆေးမှုတွေကိုမှ ကြောက်ရွံ့နေမှာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံဟာ အချုပ်အခြာ အာဏာပိုင်နိုင်ငံဖြစ်ပြီး နိုင်ငံတိုင်းမှာရှိနေတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေလိုပဲ လွတ်လပ်ပြီး ဘက်မလိုက်တဲ့ နိုင်ငံခြားရေးမူဝါဒနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ နိုင်ငံအချင်းချင်းအကြား မိတ်ဝတ်မပျက် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကို အကောင်အထည်ဖော်ဆောင်နေသလို တစ်ဖက်မှာလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၂ အရ မြန်မာနိုင်ငံကနေ ဘယ်နိုင်ငံကိုမှ ကျုးကျော်တိုက်ခိုက်မှာ မဟုတ်သလို နိုင်ငံတော်အတွင်းမှာလည်း ဘယ်လိုနိုင်ငံခြားတပ်ဖွဲ့ကိုမှ လက်ခံသွားမှာ မဟုတ်ပါဘူး။  ဒါပေမဲ့ ကျုးကျော်ရန်စလာတဲ့ နိုင်ငံတိုင်းနဲ့ မြန်မာ့အရေးကို စွက်ဖက်လာတဲ့ ဘယ်လိုနိုင်ငံခြားတပ်ဖွဲ့ကိုမဆို တုံ့ပြန်ဖို့ အသင့်ရှိနေမှာဖြစ်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့သလို ရခိုင်အရေးနဲ့ပတ်သက်ပြီး နိုင်ငံတကာရဲ့ စစ်ဆေးမှုတွေကို ကြောက်ရွံ့နေမှာ မဟုတ်ဘူးလို့ ထပ်ဆင့် ပြောလိုပါတယ်။

တရုတ်ရဲ့ အကျိုးစီးပွားအခြေစိုက်ရာ ရခိုင်ပြည်နယ်အရေးမှာ မြန်မာနိုင်ငံအနေနဲ့  ငြိမ်းချမ်းရေးနဲ့ တရုတ်စီမံကိန်းတိုင်းက မြန်မာနိုင်ငံ အကျိုးအမြတ်များစွာရရှိရေး လုပ်ဆောင်နေတဲ့အခြေအနေမှာ အနောက်နိုင်ငံတွေရဲ့ အလွန်အကျွံ တရုတ်ကြောက်စိတ်ကြောင့် မြန်မာနိုင်ငံဟာ စစ်အာဏာရှင် လက်အောက်ပြန်ရောက်သွားမယ့် အခြေအနေ၊ စစ်အာဏာရှင်လက် ထက်ကလို တရုတ်နိုင်ငံရဲ့ ကြီးစိုးမှုအောက် ပြန်ရောက်သွားမယ့် အဖြစ်မျိုးကို လုံးဝအဖြစ်မခံနိုင်တော့တာမို့  ရခိုင်အရေးကို မြန်မာ့ပြည်တွင်းရေးအဖြစ် သတ်မှတ်စောင့်ကြည့်ပါလို့ပဲ အနောက်နိုင်ငံတွေကို တောင်းဆိုရမှာဖြစ်သလို ကမ္ဘာ့မီဒီယာတွေအနေနဲ့လည်း လိုချင်နေတဲ့ ပူလစ်ဇာဆုအတွက် မြန်မာကို သတင်းအမှားတွေနဲ့ထပ်ပြီး အရှက်မခွဲဘဲ သတင်းစာကျင့်ဝတ် လိုက်နာကြပါလို့ အကြံပြုလိုပါတယ်။

Most Read

Most Recent