<

Youth Inspire Talk အစီအစဉ်

ဇူလိုင် ၂၅ ရက်က ပြုလုပ်သော Youth Inspire Talk မြင်ကွင်း

Eleven Media Group ရဲ့ Eleven Broadcasting ကနေ အောင်မြင်မှု ရှာဖွေနေတဲ့ လူငယ်တွေအတွက် ဘယ်လို စိတ်ကူးစိတ်သန်းတွေနဲ့ လုပ်ငန်းတစ်ခုကို ထူထောင်ရာမှာ ဘယ်လို စိတ်ကူးစိတ်သန်းတွေနဲ့ လုပ်ငန်းတစ်ခုကို စတင်ပြီးတော့ အခက်အခဲတွေကို ဘယ်လိုကျော်ဖြတ်မယ် ဆိုတာတွေအတွက် လူငယ် စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေကို ဖိတ်ခေါ်ပြီး သူတို့ရဲ့ အောင်မြင်မှုဆီ လျှောက်တဲ့လမ်းနဲ့ အခက်အခဲတွေ ကျော်ဖြတ်ခဲ့မှုတွေကို ပြန်လည်မျှဝေပေးမယ့် Youth Inspire Talk အစီအစဉ်ကို လစဉ်ကျင်းပဖို့ စီစဉ်ခဲ့ပါတယ်။

ဒီအစီအစဉ်ရဲ့ ပထမဆုံးအပတ်မှာ Rangoon Tea House ထူထောင်သူ ကိုထက်မြတ်ဦးနဲ့ Oway ထူထောင်သူ ကိုနေအောင်တို့ကို ဖိတ်ခေါ်ခဲ့ပြီး The Daily Eleven သတင်းစာရဲ့ Senior Editor ဖြိုးဝေက တွေ့ဆုံ မေးမြန်းခဲ့တာကို ပြန်လည်ဖော်ပြ ပေးလိုက်ပါတယ်။

ဖြိုးဝေ (Senior Editor , The Daily Eleven) ။ ။ ကျွန်တော်တို့ လူငယ်တွေ လက်ရှိ ကြုံတွေ့နေတဲ့ ပြဿနာတွေနဲ့ ပတ်သက်ပြီး မေးခွန်းလေး တစ်ခုမေးချင်တယ်။ ပထမဆုံး မေးခွန်းကတော့ အစ်ကိုတို့ နှစ်ယောက်စလုံးကို မေးချင်တယ်။

ပထမဆုံးကတော့ လူငယ်တွေ လုပ်ငန်းတစ်ခု စတော့မယ်ဆိုရင် သူတို့စိတ်ထဲမှာ ဘယ်လိုစရမလဲ ဆိုတာ ကြောက်နေတာမျိုးတွေ ရှိတယ်။ လုပ်ငန်းတစ်ခု စလာတဲ့ အချိန်မှာလည်း လာဘ်ပေးလာဘ်ယူ လုပ်ရတယ်။ ပြီးလို့ရှိရင် ရုံးတွေမှာ သွားနေရတဲ့ အချိန်မှာလည်း အခက်အခဲမျိုးစုံ ကျော်ရတယ်။ နောက်ပြီးကျလို့ရှိရင် ငွေကြေးအခက်အခဲပေါ့နော်။ ဒီလိုမျိုး အခက်အခဲမျိုးစုံကို ကြုံလာတဲ့ အခြေအနေမျိုးတွေကို အစ်ကိုတို့ ဘယ်လိုရင်ဆိုင်ခဲ့လဲ၊ ဘယ်လို ကျော်ဖြတ်ခဲ့လဲဆိုတာကို ပထမဆုံး ပြောပြပေးပါ။ ကိုထက်မြတ်ဦး အရင်ဆုံး ပြောပြပေးပါ။

ကိုထက်မြတ်ဦး (Rangoon Tea House) ။ ။ ကျွန်တော် ထင်တာတော့ ဘယ်လုပ်ငန်းမဆို ကိုယ့်ဆီမှာ Risk ဆိုတာ ရှိရမယ်။ Risk ဆိုတာ ငွေရေးကြေးရေးနဲ့လည်း Risk ရှိတယ်၊ ပြီးတော့ ကိုယ့်ရဲ့ Opportunity Course ဆိုတာ ကိုယ် ဒီလုပ်ငန်းကို စတော့မယ်ဆိုချိန်မှာ ပေးရမယ့်အချိန်နဲ့ ကုန်သွားမယ့် ပိုက်ဆံက တခြားနေရာမှာ ဆိုလို့ရှိရင် ၀င်ငွေရနေမယ့်အချိန် ၊ ကျွန်တော့်အနေနဲ့ ဘယ်လိုမြင်ရလဲ ဆိုတော့ ဒီလုပ်ငန်းတစ်ခုခုကို စဖို့ဆိုတာ တစ်က သတ္တိရှိဖို့ လိုတယ်။ ဒါပေမဲ့ နှစ်က အဲဒီသတ္တိထက် ပိုအရေးကြီးတာ ဘာလဲဆိုတော့ ကိုယ်လုပ်မယ့် အလုပ်ပေါ်မှာ ယုံကြည်မှုရှိဖို့ဆိုတာ အရမ်းအရေးကြီးတယ်။ ငွေရေးကြေးရေးအကြောင်းလည်း ခေါင်းထဲမှာ မထည့်ထားနဲ့။ ကိုယ်ရှုံးမယ့် အခြေအနေအကြောင်းလည်း ခေါင်းထဲမှာ မထည့်ထားနဲ့။ အခက်အခဲတွေ အကြောင်းလည်း မထည့်ထားနဲ့။ ဒါပေမဲ့ ဒီလုပ်မယ့်အလုပ်ကို (၁) လုပ်ချင်လား။ တကယ်လုပ်ချင်လား။ နံပါတ်(၂)က ကိုယ့်ဆီမှာ တကယ်လုပ်နိုင်မယ် ဆိုတာ ယုံကြည်မှုရှိလား။

ကိုနေအောင် (Oway) ။ ကျွန်တော့် အမြင်ကတော့ ပထမဦးဆုံး အလုပ်လုပ်မယ် ဆိုလို့ရှိရင် ကိုယ်ပထမဦးဆုံး ဘာအလုပ်ကို လုပ်မယ်ဆိုတာ ပထမဦးဆုံး ကြည့်ကြည့်ရမယ်။ အလုပ် ဆိုတာထက်ကို ကျွန်တော်တို့အနေနဲ့ Specific Small Issue ကို ရှင်းမလား။ Industry မှာ ရှိတဲ့ဟာကို ရှင်းမလား။ အဲဒါကို စကြည့်သင့်ပါတယ်။ ကိုယ် အခက်အခဲတွေ တစ်ခုခုဖြစ်နေပြီဆိုရင် အဲဒီ အခက်အခဲတွေကို ကိုယ်က ဘယ်လို Solution တစ်ခုနဲ့ ရှင်းနိုင်လဲဆိုတာ ကျွန်တော်တို့ ပြန်ကြည့်ရပါလိမ့်မယ်။ အလုပ်တစ်ခု စမယ်ဆိုရင် Risk တွေ လိုတယ်။ Financing Risk ရှိမယ်။ ကိုယ့်ရဲ့ Opportunity Course Risk ရှိမယ်။ Team တွေကို Example လုပ်ရတာ ရှိမယ်။ နောက်ပိုင်းကျလို့ စမယ်ဆိုရင် Marketing Pan တွေ လိုလာတာရှိမယ်။ ဒါပေမဲ့ အဓိက အရေးကြီးတာကတော့ ကိုယ် ဘယ်လိုဥစ္စာကို Sort လုပ်မလဲ။ နောက်တစ်ခုက ဘာလဲဆိုတော့ Over Think မဖြစ်ဖို့ အရေးကြီးတယ်။ အလုပ်တစ်ခုကို လုပ်ပြီးတော့ စဉ်းစားနေမယ်ဆိုရင် အချိန်အရမ်းကြာသွားတာတွေ ရှိတယ်။ ပုံမှန်အား ဘယ်လိုရှိလဲ ဆိုတော့ အလုပ်တစ်ခုက စလိုက်တဲ့အခါ ကိုယ်က ဘာလုပ်မလဲဆိုတာ သိတယ်။ ကိုယ့် Strategy ဘယ်လိုလဲဆိုတော့ Long Term ကိုတော့ သိတယ်။ လုပ်နေတုန်းမှာမှ နောက် နှစ်လ၊ သုံးလ ခြောက်လကြာမှ ကိုယ့်ရဲ့အခက်အခဲတွေ ဘယ်လိုရှိလဲ ဆိုတော့ အဲဒီကျတော့ Sort လုပ်သွားတာတွေ ရှိတယ်။ အလုပ်စတဲ့ ဥစ္စာနဲ့ အလုပ်မှာ တစ်နှစ်ပြီးတဲ့အလုပ် နောက်နှစ်နှစ် သုံးနှစ် ကွာသွားတဲ့ Challanges တွေတော့ ရှိတယ်။ ကိုယ့်မှာ Passion တစ်ခု ရှိလာပြီဆိုရင် ကိုယ် ဘာကို လုပ်တော့မယ်။ ကိုယ်က ဒီမှာ အခက်အခဲ တစ်ခုကို ဖြေရှင်းတော့မယ် ဆိုတာကို ယုံကြည်ချက် ရှိလာပြီဆိုရင် ရဲရဲဝံ့ဝံ့နဲ့ လုပ်သင့်တယ်။ ဆုံးဖြတ်ပြီးရင်တော့ လုပ်သင့်ပါတယ်။

ကိုဖြိုးဝေ (Senior Editor , The Daily Eleven) ။ ။ ကိုထက်မြတ်ဦး ပေါ့နော်။ Rangoon Tea House ကနေပြီးတော့ Mr.Work တို့၊ ဘူးသီးတို့ ဆင့်ပွားပြီး လုပ်ခဲ့တယ်ပေါ့နော်။ အဲဒီလို ဆင့်ပွားပြီးတော့ လုပ်တဲ့အခါမှာ တစ်ခုချင်း အောင်မြင်မှုအတွက် ဘယ်လို အခက်အခဲတွေ ကျော်ဖြတ်ရလဲ။ နောက်ရင်းနှီးမြုပ်နှံမှု ငွေကြေး။ အစ်ကိုက မြန်မာအစားအစာနဲ့ အောင်မြင်တာ ဆိုတော့ နောက်အစားအစာတွေကို ဘယ်လိုများ ဆင့်ပွား စိတ်ကူးခဲ့လဲဆိုတော့ ပြောပြပေးပါ။

ကိုထက်မြတ်ဦး (Rangoon Tea House) ။ ။ ကျွန်တော် လွန်ခဲ့တဲ့ လေးနှစ်လောက်က Rangoon Tea House ကို ပထမဦးဆုံး ဖွင့်မယ့်အချိန်တုန်းက တကယ်တမ်း ပြန်စဉ်းစားလိုက်ရင် ငွေရေးကြေးရေး ပြဿနာကို ကျွန်တော် အများကြီးမကြုံရဘူး။ ကျွန်တော် ပထမဦးဆုံး ဖွင့်ခဲ့တဲ့ဆိုင် ပိုက်ဆံအများကြီးလည်း မရင်းလိုက်ရဘူး။ ဒါပေမဲ့ ဘာကိုရင်းလိုက်ရလဲ ဆိုတော့ အချိန်တွေကို အများကြီး ရင်းလိုက်ရတယ်။ အဲဒီတော့ ဆိုင်မဖွင့်ခင် ခြောက်လမှာ ကျွန်တော်တို့ တစ်ယောက်မှ စားသောက်ဆိုင်ကို မဖွင့်ဖူးတော့ ဘယ်လို Menu လုပ်ရမလဲ။ ဘယ်လို အစားအသောက် ရောင်းရမလဲ။ ၀န်ထမ်း ဘယ်နှယောက် လိုလဲ။ Kitchen က ဘယ်လောက်ကြီးဖို့ လိုလဲ။ ဧည့်သည် အိမ်သာနဲ့ ၀န်ထမ်းနေဖို့ နေရာတွေကို ဘယ်လိုမျိုးထားရင် ကောင်းမလဲ ဆိုတာကို တစ်ခေါက်မှ မစဉ်းစားဖူးတော့ ဒါတွေကို အများကြီး လေ့လာခဲ့ရတယ်။ ကျွန်တော် တကယ်ကို ပြန်စဉ်းစားလိုက်တဲ့ အချိန်မှာ ခုနက ကိုနေအောင် ပြောသလိုမျိုးပဲ။ အဓိက ကိုယ့် Passion ဘာဖြစ်လို့လဲ ဆိုတော့ ဘယ်လုပ်ငန်းမဆို အခက်အခဲဆိုတာ အများကြီး ကြုံရမှာပဲ။ ဒါပေမဲ့ ကျွန်တော်တို့ နှစ်ရက် သုံးရက်လောက် မအိပ်ခဲ့ရတဲ့ ရက်တွေမှာ ပြန်စဉ်းစားလိုက်မယ်ဆိုရင် တကယ် Passion ရှိလို့ပဲ။ ဒီအလုပ်ကို ငါဆက်လုပ်မယ်ကွာ၊ ပိုက်ဆံလည်း မကျန်တော့ဘူး။ အခြေအနေလည်း မကောင်းဘူး။ ဧည့်သည်တွေလည်း မလာဘူး။ ဒါပေမဲ့ တကယ် လုပ်ချင်တဲ့အတွက် လုပ်လိုက်တယ် ဆိုတော့ ကျွန်တော်အမြဲတမ်း ပျော်ပျော်ရွှင်ရွှင် ရှိတယ်။ အဲဒီတော့ ကျွန်တော်ထင်တာ Passion ဆိုတာ ဘာလုပ်ငန်းမဆို စမယ်ဆိုရင် အရေးကြီးဆုံး။ ပြီးတော့မှ နောက်နှစ်နှစ်လောက်မှ Rangoon Tea House တို့၊ Mr.Work တို့ အခြား Brand တွေ စလိုက်တော့ အဲဒီအချိန်မှာ ကိုယ်က ပိုသိသွားပြီပေါ့။ Brand တစ်ခုကို ဘယ်လိုစရင် ကောင်းမလဲ။ ဘယ်လို အစားအသောက်ရောင်းရင် ကောင်းမလဲ။ ဘယ်လို Customer တွေ ခေါ်ရင်ကောင်းမလဲ။ အဲဒီ ဒုတိယပိုင်းက ပထမပိုင်းမှာ ကျွန်တော် Passion သာ မရှိဘူးဆိုရင် ဘယ်လိုမှဖြစ်ခဲ့မှာ မဟုတ်ဘူး။

ကိုဖြိုးဝေ (Senior Editor , The Daily Eleven) ။ ။ ငွေကြေး ရင်းနှီးမြှုပ်နှံမှု မကုန်ခဲ့ဘူးဆိုတာ ဘာကိုပြောချင်တာလဲ။ ဥပမာ- နည်းနည်းလေးနဲ့ စခဲ့ရလား။ ဒေါ်လာ ၅၀,၀၀၀ လောက်လား။ ဒေါ်လာ ၁၀၀,၀၀၀ လောက်လား။ ဘယ်လောက်နဲ့ စခဲ့ရလဲ။

ကိုထက်မြတ်ဦး (Rangoon Tea House) ။ ။ ကျွန်တော်တို့ ဆိုလို့ရှိရင် ဒေါ်လာနဲ့ မပြောချင်ဘူး။ အဲဒီတုန်းက မြန်မာငွေနဲ့ဆိုရင် ဘယ်လောက်မှ မရှိဘူး။ သိန်း လေးငါးရာလောက်နဲ့ စခဲ့ရတယ်။ အဲဒီချိန်မှာ ဆိုလို့ရှိရင် သူငယ်ချင်းတွေ လေးငါးယောက် စုပြီးဖွင့်ခဲ့တယ် ဆိုတော့ ထင်သလောက်လည်း မကုန်ခဲ့ဘူး။ အခုဆိုလို့ရှိရင် စားသောက်ဆိုင်တွေ တော်တော်များများ သိန်းနှစ်ထောင်၊ သုံးထောင်၊ လေးထောင် အေးအေးဆေးဆေး ကုန်သွားတယ်။ အဲဒီတုန်းက ပန်းဆိုးတန်း ဆိုလို့ရှိရင် ဘယ်သူမှ သွားချင်တဲ့လမ်းလည်း မဟုတ်ဘူး။ ပြီးတော့ ကျွန်တော်တို့ အပေါ်ထပ်မှာ ဖွင့်ခဲ့တဲ့ပုံစံကလည်း စားပွဲတွေကအစ သုံးလေးလလောက်နေရင် လဲရတဲ့ စားပွဲတွေ။ မီးဖိုချောင် ပစ္စည်းတွေဆိုရင်လည်း အိမ်သုံးပစ္စည်းတွေ ပစ်ထည့်။ အဲဒီတော့ ကျွန်တော်တို့ကျတော့ ပစ္စည်းဆိုတာလည်း အချိန်ပြည့် လဲလို့ရတယ်။ ကိုယ့် Idea နဲ့ ကိုယ်တွေးခဲ့တဲ့ Menu တွေရောင်းမယ့် အစားအသောက်တွေအပေါ်မှာ အချိန်ပြည့် ရင်းခဲ့တော့ သုံးရတဲ့ပိုက်ဆံ နည်းသွားတယ်။

ကိုဖြိုးဝေ (Senior Editor , The Daily Eleven) ။ ။ ကိုနေအောင်ပေါ့နော်။ အစ်ကိုက ဦးသိန်းစိန် လက်ထက်မှာ ဘာမှန်းမသိရသေးဘူးပေါ့နော်။ အဲဒီလို အခြေအနေမျိုးမှာ ပြည်ပကနေ မြန်မာနိုင်ငံကို တွေးပြီးတော့ စဉ်းစားခဲ့တယ်။ အဲဒီလို စဉ်းစားခဲ့သမျှ မြန်မာနိုင်ငံထဲကို ၀င်လာတယ်။ လုပ်ငန်းတွေ စတင်ခဲ့တယ်။ ဦးသိန်းစိန် လက်ထက်ပြီးတော့ NLD အစိုးရ လက်ထက် အခုဒီအချိန်မှာပဲ တိုင်းပြည်ကတော့ ဒီမိုကရေစီ နောက်ကြောင်းပြန်ဖို့အတွက် အခုတလောဆိုရင် အသံကျယ်ကျယ် ကြားလာရတယ်။ ဦးသိန်းစိန်တုန်းက အစ်ကိုက Risk နဲ့ပဲ စဉ်းစားခဲ့တယ်။ အခုကျတော့လည်း တစ်ခါထပ်ပြီးတော့ ဖြစ်လာမယ်ဆိုရင် အစ်ကို အလုပ်ကို ဘယ်လိုမျိုး ဆက်လုပ်သွားဖို့ စဉ်းစားထားလဲ။

ကိုနေအောင် (Oway) ။ ကျွန်တော် Oway ကို စခဲ့တာ ငါးနှစ်ကျော်ပြီပေါ့။ ပထမဦးဆုံး ကျွန်တော် စစဉ်းစားတာကတော့ Travel နဲ့ စစဉ်းစားတယ်။ အဲဒီအခါမှာ ဘယ်လိုဖြစ်နေလဲ ဆိုတော့ ကျွန်တော်ပြန်လာတဲ့ အချိန်က ၂၀၁၂ အစောပိုင်းပေါ့ခင်ဗျ။ အဲဒီချိန်မှာ မြန်မာပြည်ရဲ့အခြေအနေက Clear မဖြစ်သေးဘူး။ ဘာကို ပြန်ကြည့်လဲ အခါကျတော့ မြန်မာနိုင်ငံ Open ဖြစ်လာတဲ့ အခါကျရင် Industry တွေ ဖွံ့ဖြိုးတိုးတက်လာတာပေါ့ခင်ဗျ။ အဲဒီ ဖွံ့ဖြိုးတိုးတက်တဲ့ အထဲမှာ Travel Industry က တစ်ခု အပါအ၀င် ဖြစ်ပါတယ်။ ကျွန်တော် ကမ္ဘာတစ်ခုလုံးကို ပြန်ကြည့်လိုက်တဲ့အချိန်မှာ On Average ပေါ့။ မြန်မာလို တိုင်းပြည်တစ်ခု ဖွံဖြိုးလာတယ် ဆိုလို့ရှိရင် တိုင်းပြည်ရဲ့ GDP ထက်ကို တိုင်းပြည်ရဲ့ Income ထက်ကို ဒီ Industry က သုံးဆကနေ ငါးဆ ပုံမှန်အားဖြင့် တက်ကြတယ်။ အဲဒီတော့ မြန်မာပြည်ရဲ့ GDP Income က အဲဒီတုန်းက ၆ ဒသမ ၅ Percent လောက် တက်နေတယ်ခင်ဗျ။ တကယ့်တကယ် Tourisim က ပထမဦးဆုံး သုံးနှစ်မှာ သူက တကယ့် တကယ်ဆိုရင် ၃၅ Percent လောက် တက်ရမယ်ခင်ဗျ။ Tourism က တက်သွားတာ ၉၀ Percent လောက် တက်သွားတယ်။ ဒုတိယ တစ်ခုက ကျွန်တော် ဘာကိုပြန်ကြည့်လဲ ဆိုတော့ မြန်မာပြည်ရဲ့ ခရီးသွားထက်ကို ပြည်ပက ၀င်လာတဲ့ ခရီးသွားတွေက တော်တော်များများ ရှိတယ်ခင်ဗျ။ ဆိုလိုတာက မြောက်ကိုရီးယား Open ဖြစ်သွားတယ် ဆိုပါစို့။ ကျူးဘား Open ဖြစ်သွားတယ် ဆိုပါစို့။ အဲဒီတော့ လူတွေ တော်တော်များများက ပထမဆုံး Frequent Travel တွေပေါ့။ တစ်ကမ္ဘာလုံးမှာ Frequent Travel တွေက ပထမဆုံး သွားကြတယ်။ သူတို့ရဲ့ ရည်မှန်းချက်က တစ်ကမ္ဘာလုံးမှာ ဘယ်နိုင်ငံဖြစ်ဖြစ် စပြီး သွားတာပေါ့။ အဲဒါတွေကို ဦးစားပေးပြီးတော့ Target လုပ်တာပေါ့။ အဲဒီမှာ ကျွန်တော်တို့ စပြီး တည်ထောင်တဲ့ အခါမှာကျတော့ ကျွန်တော် မြန်မာပြည်ကိုရောက်တဲ့ အခါမှာ အင်တာနက်ဆိုတာက အရမ်းစောနေတယ် ခင်ဗျ။ ရန်ကုန်တစ်မြို့လုံးမှာ အင်တာနက်ကောင်းတဲ့ ဆိုင်ဆိုလို့ သုံးနေရာပဲ ရှိတယ်။ အဲဒီတော့ Office တွေကို သွားငှားတာတောင်မှ Office က သူက Office ရတယ်။ မီးရတယ်။ Office Desk တွေ ရတယ်။ Facilities တွေ ရတယ်။ ဒါပေမဲ့ အင်တာနက် မရဘူး။ အဲတော့ ကျွန်တော် ဘယ်လိုပြန်ဖြစ်သွားလဲ ဆိုတော့ နောက်ဆုံး ပြန်ကြည့်တဲ့ အခါမှာ Coffee Shop ။ ရန်ကုန် တစ်ခုလုံးမှာ နှစ်ဆိုင်က အကောင်းဆုံး။ အဲဒီနေရာတွေကို မနက်ဆိုရင် ၈ နာရီကသွား၊ ညဆိုရင် ခုနစ်နာရီ ပြန်လာတယ်။ အင်ဂျင်နီယာတွေ ကျွန်တော် စငှားတော့ မြန်မာပြည်မှာ အင်ဂျင်နီယာတွေ မရှိဘူး။ ကျွန်တော်သိတာ ဘာလဲ ဆိုတော့ နိုင်ငံခြားကလာတဲ့ Inbound Tourism တွေက Ticket တွေ ၀ယ်ဖို့ရှိတယ်။ Hotel Booking တွေ လုပ်ဖို့ရှိတယ်။ ကားတွေငှားဖို့ ရှိတယ်။ အဲဒါမျိုးတွေက Need တစ်ခု ဖြစ်နေတယ်။ သူတို့တွေက အဲဒါတွေကို Credit ကတ်နဲ့ ပေးချင်တယ်။ ပိုက်ဆံတွေ အများကြီး သယ်လာလို့ မရဘူး။ အဲဒါလည်း အခက်အခဲ ရှိတယ်။ ကျွန်တော့်အနေနဲ့ Solution က အရမ်းခက်ခဲတဲ့ Solution တော့ မဟုတ်ဘူး။ ဒါပေမဲ့ အဲဒါတွေ အကုန်လုံးကို Put Together လုပ်ရတာပေါ့။ မြန်မာပြည် တစ်ခုလုံးမှာ အင်ဂျင်နီယာတွေ လိုက်ငှားတဲ့အခါမှာ အင်ဂျင်နီယာ ငှားဖို့အတွက်က တော်တဲ့သူတွေ ရှိတယ်။ ဒါပေမဲ့ အတွေ့အကြုံက အဲဒီလောက် မရှိဘူး။ ကျွန်တော့် အင်ဂျင်နီယာတွေ အားလုံးက အိန္ဒိယကနေ ငှားတယ်။ ကျွန်တော် ကော်ဖီဆိုင်မှာ ပထမဦးဆုံး နှစ်ပတ် သုံးပတ်လောက် မနက်ကတည်းကနေ သွားတဲ့ အခါမှာလည်း နောက်ပိုင်းကျတော့ Owner ကနေပြီးတော့ Reservation ထားပေး ထားတယ်။ အဲဒီနေရာက ကျွန်တော့် ရုံးပေါ့။ တခြားသူတွေ ထိုင်လို့ မရတော့ဘူးပေါ့။ အရမ်းဆူလာရင် ကျွန်တော့် အင်ဂျင်နီယာတွေနဲ့ စကားပြောဖို့ အပြင်ကို ထွက်သွားတယ်။ အဲဒီကနေ ကျွန်တော် ဖြစ်လာတာပေါ့။ ဘာကို ကျွန်တော် ပြောချင်လဲ ဆိုတာကတော့ အခက်အခဲ ဆိုတာ သူ့ဟာနဲ့သူ ရှိလာမယ်။ အဓိက ကိုယ်ကဘာကို Focus လုပ်မလဲပေါ့။ ပထမဦးဆုံး Segment ပေါ့။ Segment ကို ကိုယ်က Customer Segment ထားထားတယ်။ ဘာကို သုံးပြီးတော့ Reach Out လုပ်မလဲ။ သူတို့ အခက်အခဲက ဘာဖြစ်မလဲဆိုရင် ကျွန်တော်တို့ အခု Globalize ပေါ့။ အခုကျတော့ မြန်မာပြည်မှာ အင်ဂျင်နီယာတွေ ပိုများလာတယ်။ ဟိုဘက်ကို တဖြည်းဖြည်း လျှော့လာတယ်။ အဲဒီလို အခက်အခဲတွေ ရှိလာတာနဲ့ ဘယ်လို အခက်အခဲရှိရှိ Solution တစ်ခုက ဖြစ်လာနိုင်တယ်ဆိုတာ ကျွန်တော်ပြောချင်တယ်။

ကိုဖြိုးဝေ (Senior Editor , The Daily Eleven) ။      ။ ကိုထက်မြက်ဦး အနေနဲ့ပေါ့။ တချို့  နိုင်ငံတွေမှာဆိုရင် သူတို့အစားအစာတွေကို ကမ္ဘာက လက်ခံလာအောင် လုပ်ကြတယ်။ ဥပမာ မြန်မာလျှာနဲ့ ထိုင်းလျှာ မတူဘူးဆိုတာမျိုး။ ဒါပေမဲ့ ထိုင်းအစားအစာကို မြန်မာနိုင်ငံမှာ စားလာကြအောင် သူတို့လုပ်ကြတယ်။ တချို့နိုင်ငံတွေမှာဆိုရင် အစိုးရကိုယ်တိုင် ဦးဆောင်တာ တွေပါတယ်။ အစ်ကိုကလည်း မြန်မာအစားအစာကို ကမ္ဘာသိအောင် မိတ်ဆက်ခဲ့တာဆိုတော့ အစ်ကို့ လုပ်ငန်းကို ဘယ်လောက်အထိ မျှော်လင့်ထားလဲ။ ဥပမာ တခြားနိုင်ငံတွေမှာထပ်ပြီးတော့ Franchise ပေးတာမျိုး၊ ပုဂံတို့ မန္တလေးတို့ အင်းလေးတို့မှာ ထပ်ပြီးတိုးချဲ့ဖို့ ဆိုတာမျိုး စိတ်ကူးရှိလား။

 

ကိုထက်မြက်ဦး (Rangoon Tea House) ။   ။ ဟုတ်ကဲ့ ကျွန်တော်ဆိုရင် အများကြီး မျှော်လင့်ထားပါတယ်။ ကျွန်တော်ကိုယ်တိုင် လုပ်ငန်းတစ်ခုတည်းအတွက်ပဲ မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ Rangoon Tea House  ဖွင့်လိုက်တဲ့အတွက် အမေရိကားမှာနေတဲ့ တချို့ဗမာတွေ၊ အင်္ဂလန်မှာနေတဲ့ တချို့ဗမာတွေက Rangoon Tea House  က ရန်ကုန်မှာ မြန်မာပြည်နေရာမှာတောင် ဖွင့်လို့ရတယ်ဆိုတော့ ကျွန်တော်တို့တောင်  အားရှိသွားတယ်။ အားရှိသွားပြီးတော့ အမေရိကန် နယူးယောက်မှာလည်း ဖွင့်ချင်တယ်။ ပြီးလို့ရှိရင် လန်ဒန်၊ အင်္ဂလန်မှာလည်း ဖွင့်ချင်တယ်ဆိုတဲ့ စိတ်ဓာတ်တွေဖြစ်သွားဖို့ဆိုတာက ကျွန်တော့်ရဲ့ လုံးဝ မျှော်လင့်ချက်ပေါ့။ ဥပမာ ကျွန်တော် လန်ဒန်မှာ နေတုန်းကဆိုရင် အိန္ဒိယ ဆိုင်ဆိုလို့ရှိရင် ဆိုင် ၁၀၀၀၊ ၁၅၀၀ လောက်ပဲ ရှိတယ်။ ဒါပေမဲ့ အိန္ဒိယဆိုင်တွေ စဖွင့်တာ နှစ် ၆၀၊ ၇၀ လောက်ရှိပြီ။ အခုထက်ထိတောင် ဆိုင်အသစ်တွေ ဖွင့်နေသေးတယ်ဆိုတာ ဘာလဲဆိုတော့ ဒီ အိန္ဒိယအစားအသောက်ကို ကြိုက်တဲ့ပရိသက်က တစ်နှစ်ထက်တစ်နှစ်ကို ပိုပိုများလာလို့။ အဲဒီတော့ အမှန်တကယ်ကို ကျွန်တော်တို့ နောက်ထပ် နှစ် ၁၀၀ လောက်က ဒီအချိန်ကို ပြန်ကြည့်မယ်ဆိုရင် ကျွန်တော်ထင်တာကတော့ ဒါက မြန်မာအစားအသောက်အတွက်  Beginning  ပဲ။ အစပဲရှိ သေးတယ်။ အဲဒီတော့ အခုဆိုရင် ကျွန်တော်တို့ ခုနပဲပြောတယ်။ ဆန်ဖရန်စစ္စကိုမှာဆိုရင် လေးဆိုင်ဘဲရှိတယ်။ အဲဒါအပြင်  ဖီလာဒဲဖီးယားမှာ တစ်ဆိုင်။ အင်္ဂလန်မှာဆိုရင် အခုလေးငါးဆိုင်လောက် ရှိသွားပြီ။ ဒါပေမဲ့ ကျွန်တော့်မျှော်လင့်ချက်က Rangoon Tea House  တစ်ခုထဲအတွက် မဟုတ်ဘူး။ နောက်ထပ် နှစ်သုံးလေးဆယ်လောက်ဆိုရင် အမေရိကလိုနေရာမှာ ဗမာစားသောက်ဆိုင်တွေ ရာနဲ့ချီမယ်။ ထောင်နဲ့ချီမယ်ပေါ့။ ပြီးရင် ဗမာအစားအသောက်ဆိုတာ အများကြီးရှိတယ်။ ကျွန်တော်ရောင်းတယ်ဆိုတာက လက်ဖက်ရည်ဆိုင် အစားအသောက်ပေါ့။ ဒါပေမဲ့ အမှန်တကယ် မြန်မာ့ရိုးရာ အစားအစာလည်း ရှိမယ်။ တိုင်းရင်းသားရိုးရာ အစားအ စာလည်းရှိမယ်။ ပြီးရင် ဒီတိုင်းပြည်ရဲ့ အပြင်မှာတင် မဟုတ်ဘူး။ ဒီတိုင်းပြည်ထဲမှာလည်း ဒီအစားအသောက်ဆိုတာက ဘယ်လိုပြောမလဲ။ တစ်ယောက်နဲ့တစ်ယောက်ကို Connect  လုပ်တာပဲ။ Connect လုပ်တယ်ဆိုတာက အထူးသဖြင့် ဒီလိုနိုင်ငံရေးပြဿနာတွေ  တက်နေတဲ့အချိန်မှာ မြန်မာလူမျိုး တစ်ယောက်က ကချင်စာစားမယ်။ ကချင်လူမျိုး တစ်ယောက်က ရှမ်းစာစားမယ်။ ရှမ်းလူမျိုး တစ်ယောက်က ရခိုင်စာ စားတယ်ဆိုတာ။ ကျွန်တော် အဲဒီလိုမျိုး တွေးလိုက်တယ်ဆိုရင် အရမ်းစိတ်ချမ်းသာတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီအစားအသောက်တစ်ခုနဲ့တစ်ခုဆိုတာကလည်း သူ့ရဲ့ဒေသပေါ်မူတည်ပြီး ကွာသွားတာ။ ဒါပေမဲ့ လူတွေဆိုတာက အကုန်လုံး အတူတူဘဲ။ ဒီအစားအသောက်မှာလည်း ကျွန်တော်ထင်တာက မြန်မာ့အစားအသောက်အတွက်ကတော့ ဒါအစပဲ ရှိသေးတယ်။

ကိုဖြိုးဝေ (Senior Editor , The Daily Eleven) ။      ။ ကိုနေအောင် ခုနပြောသွားတဲ့ ခရီးသွား လုပ်ငန်းကျဆင်းလာရင် ဘယ်လိုပြင်ဆင်ထားမလဲဆိုတာကိုပေါ့နော်။ အခု လက်ရှိမှာဆိုလို့ရှိရင် NLD အစိုးရလက်ထက်မှာ ခရီးသွားလုပ်ငန်းဟာ သိသိသာသာ ကျဆင်းသွားတယ်။ ထက်ဝက်လောက်ကို ကျဆင်းသွားတယ်။ အဲဒီလိုမျိုး ထက်ဝက်လောက်ကျသွားချိန်မှာ ပြည်တွင်းမှာလည်း စီးပွားရေး ကျပ်တည်းကြတယ်။ ပြည်သူတွေက အပိုမသုံးနိုင်ကြဘူး။ အဲဒီလိုမျိုးတွေ ဖြစ်လာတယ်။ နောက်တစ်ခု ပြည်တွင်းမှာ သွားတဲ့ခရီးစဉ်တွေက စုတ်ပြတ်တယ်။ ညံ့ဖျင်းတယ်။ သန့်ရှင်းသပ်ရပ်မှု မရှိဘူးဆိုပြီးတော့ ပြောကြတာတွေရှိကြတယ်။ အဲဒါကြောင့် ပြည်ပကို သွားကြတာလည်း ရှိကြတယ်။

အဲဒီလိုအခြေအနေမျိုးမှာ အစ်ကို့လုပ်ငန်းကို ဘယ်လိုမျိုးပြင်ဆင်ထားလဲ။ နောက်တစ်ခုအရင် အစိုးရလက်ထက်မှာ အောင်မြင်ခဲ့တဲ့အခြေအနေနဲ့ လက်ရှိအခြအနေမှာ ရင်ဆိုင်နေရတဲ့ အခြေအနေကို ပြောပြပေးပါ။

ကိုနေအောင် (Oway)  ။    ။ကျွန်တော်တို့ Business မှာ အပိုင်းနှစ်ခုရှိတယ်။ တစ်ခုကတော့ကျတော့ ခရီးသွားလုပ်ငန်း နောက်တစ်ခုကကျတော့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းပေါ့။ ဒီနှစ်ခုကိုကျွန်တော်တို့က အဓိကထား လုပ်တယ်။ ခရီးသွားလုပ်ငန်းနဲ့ပတ်သက်ရင် နှစ်ပိုင်းရှိတယ်။ Inbound လို့ခေါ်တဲ့ ပြည်ပခရီးသွားတွေလာတာတွေ ရှိတယ်။ အဲဒါတွေကျတော့ ဘယ်နေရာမှာ နည်းသွားလဲဆိုတော့ အမေရိကန်နဲ့ ဥရောပကခရီးသွားတွေ နည်းသွားတယ်။ ဒါပေမဲ့ အာဆီယံနဲ့ တရုတ်၊ ဂျပန်၊ ကိုရီးယားကျတော့ ပြန်တက်လာတာရှိတယ်။ အဲဒီအခါကျတော့ ပြည်ပကလာတဲ့ ခရီးသည်တွေကျတော့ ကျွန်တော်တို့ Orient ပြန်လုပ်ရတာတွေရှိတယ်။ Reach Out လုပ်နေရင်းနဲ့ Orientation ပြန်ပြောင်းသွားရတာ ပေါ့ခင်ဗျ။ နောက်တစ်ခု ကျွန်တော်ပြန်တွေ့တာ ဘာလဲဆိုတော့ ပြည်တွင်းခရီးသည် တော်တော်များများက Growth ဖြစ်လာတာ ကို ဒီနှစ်ထဲပြန်တွေ့ရတယ်။ ဒီလို ပြည်တွင်းခရီးသွားတွေက ပြည်တွင်းထဲမှာ ခရီးသွားတာတွေ ကျွန်တော်တို့  မြန်မာပြည်သားတွေက ပြည်ပကို ခရီးသွားတာတွေ ပိုပြီးတွေ့လာရတာတွေ ရှိတယ်။ အဲဒီတော့ ကျွန်တော်တို့က တိုင်းပြည်ရဲ့အခြေအနေ တိုင်းပြည်ရဲ့  Political Climate အပေါ်မူတည်ပြီးတော့ ကျွန်တော်တို့ရဲ့ Targeting Stratedy ကို ပြောင်းလာတာတွေ ရှိပါတယ်။ ဒုတိယတစ်ခုအနေနဲ့ ကျွန်တော်တို့ ဘာကို ပြန်လုပ်ထားလဲဆိုရင် ကျွန်တော်တို့ရဲ့ Goal က ဒီသယ်ယူပို့ဆောင်ရေးနဲ့ ခရီးသွားလုပ်ငန်းနှစ်ကို ပိုပြီးတော့ ပူးပေါင်းနေပါတယ်ခင်ဗျ။ ဆိုလိုချက်က ဘာလဲဆိုတော့ တကယ့်တကယ် ပြန်စဉ်းစားမယ်ဆိုရင် လေယာဉ် Ticket တစ်ခု သွားတယ်ဆိုပါဆို့။ ကျွန်တော်တို့ ရန်ကုန်ကနေပြီးတော့ ထိုင်းနိုင်ငံ ဘန်ကောက်ကို သွားတယ်ဆိုလည်း ဒါ သယ်ယူပို့ဆောင်ရေးဘဲ။ ဒါက လေယာဉ်သယ်ယူပို့ဆောင်ရေးပေါ့ ခင်ဗျ။ အခု ရန်ကုန်ကနေပြီးတော့ ဒီစတူဒီယို အခန်းထဲကို လာတာဆိုရင် ကျွန်တော်တို့ ကားနဲ့လာတာ ဖြစ်မယ်။ ဘတ်စ်ကားနဲ့ဖြစ်ဖြစ်၊ ကိုယ်ပိုင်ကားနဲ့လာတာလည်းဖြစ်ဖြစ် ဒါလည်းသယ်ယူပို့ဆောင်ရေးပဲ။ ကျွန်တော်တို့ ဘာကို ပြန်ကြည့်လာလဲဆိုရင် ခရီးသွားလုပ်ငန်းလို့ ပြောတာထက် ကျွန်တော်တို့ သယ်ယူပို့ဆောင်ရေးဆိုတာကို စပြီးကြည့်ပါတယ်။ သယ်ယူပို့ဆောင်ရေးကို စကြည့်တဲ့ အခါမှာ မြန်မာနိုင်ငံမှာ သယ်ယူပို့ဆောင်ရေးနဲ့ ပတ်သက်တာ အင်မတန် အားနည်းနေတာကို တွေ့ရတယ်။ ရန်ကုန်မှာသယ်ယူပို့ဆောင်ရေးက တော်တော်များများ အဆင်ပြေတာတွေ ရှိပါတယ်။ ဥပမာ တက္ကစီဆိုလို့ရှိရင် အစီးရေ ၄၀၀၀၀ လောက်ရှိပါတယ်။ တချို့စာရင်းတွေအရ ၅၀၀၀၀၊ ၆၀၀၀၀ လောက် ရှိပါတယ်။ ဒါပေမဲ့ ရန်ကုန်ကနေပြီးတော့ အပြင်ကို ထွက်လိုက်တဲ့အခါမှာ ဒုတိယမြို့တော်ဖြစ်တဲ့ မန္တလေးမှာဖြစ်ဖြစ် ပဲခူးမှာဖြစ်ဖြစ် ဧရာဝတီတိုင်းမှာဖြစ်ဖြစ် ဒီသယ်ယူပို့ဆောင်ရေးဟာ တော်တော် အားနည်းနေတာကို ကျွန်တော်တို့ တွေ့ရပါတယ်။ သယ်ယူပို့ဆောင်ရေး အားနည်းနေတော့ ဘာတွေဖြစ်လာလဲဆိုရင် ကုန်ဈေးနှုန်းတွေများလာတယ်။ လိုချင်တဲ့ Communication တွေ ညံ့လာတယ်။ မြန်မာနိုင်ငံမှာ အဲဒီလိုမျိုးဥစ္စာတွေ တွေ့လာရတယ်။ ကျွန်တော်တို့ကုမ္ပဏီရဲ့ Goal က ဘာလဲဆိုတော့  ကျွန်တော်တို့ ပြည်သူပြည်သားတွေ မြန်မာနိုင်ငံမှာ ခရီးသွားနဲ့ သယ်ယူပို့ဆောင်ရေးကို လွယ်လွယ်ကူကူနဲ့ သက်သက်သာသာနဲ့  ကိုယ်လိုချင်တဲ့ နေရာကို သွားလို့ရရမယ်။

ဒါပေမဲ့ ကိုယ်လိုချင်တဲ့နေရာကို သွားတဲ့နေရာမှာ တစ်ချိန်တုန်းက ကျွန်တော်တို့  တစ်ရက်နှစ်ရက် ကြိုပြီး Booking လုပ်ရတာတွေ ရှိတယ်။ ဒါပေမဲ့ မသေချာဘူး ကျွန်တော်တို့ရဲ့ Goal က ဘာလဲဆိုတော့ ရေရှည်မှာ မြန်မာနိုင်ငံမှာ သယ်ယူပို့ဆောင်ရေးလုပ်ချင်တဲ့ လူတိုင်းကို ၁၅ မိနစ်အတွင်းမှာ Technology အရလုပ်နိုင်မလား။ ဥပမာ ဧရာဝတီတိုင်းသွားတယ်။ မြို့တစ်မြို့မှာရှိတဲ့ သူရဲ့ဦးလေးဆီ သွားချင်တယ်။ သူ့ရဲ့ Business Partner ဆီ သွားချင်တယ်။ ဒါပေမဲ့ သူ့မှာ ကားမရှိဘူး။ သူဘယ်လိုသွားမလဲ။ လိုင်းကားလည်း မရှိဘူး။ အဲဒီလိုအခြေအနေမျိုး ရောက်သွားတဲ့အထိ ကျွန်တော်တို့  ဘယ်လိုမျိုး Support လုပ်လို့ရမလဲ။ ဒါတွေက ကျွန်တော်တို့ မြန်မာနိုင်ငံမှာဖြစ်နေတဲ့ အခက်အခဲတွေ စိန်ခေါ်မှုတွေဆီဦးတည်နေတဲ့ အရာတွေပဲ။ ဒါတွေက ကျွန်တော်တို့သွားချင်နေတဲ့ Solution တွေကို ဘယ်လိုလုပ်လို့ရမလဲပေါ့။

ကိုဖြိုးဝေ (Senior Editor , The Daily Eleven ) ။      ။ ကျွန်တော်တို့ နောက်ဆုံးမေးခွန်းပါ။ အစ်ကိုတို့နှစ်ယောက်စလုံးကို မေးတာပါ။ အခုဆိုရင် လူငယ်တွေမှာ သိမ်ငယ်စိတ်လို့ ပြောမလား။ စွန့်ဦးတီထွင်တဲ့ လုပ်ငန်းဆိုရင် မိဘချမ်းသာမှ ဖြစ်တာပါ။ မိဘက ငွေရှိလို့ဖြစ်တာပါ မင်းတို့လိုငါလည်း ဖြစ်နိုင်ပါတယ်။ တော်တော်များများကလည်း မိဘပိုက်ဆံရှိမှ သားက လူငယ်စွန့်ဦးတီထွင်သူ ဖြစ်တယ်ဆိုတာမျိုး မြင်ကြတယ်။ အဲဒီလိုမျိုး ပိုက်ဆံမရှိတဲ့ လူငယ်တွေရဲ့ စိတ်ဓာတ်တွေ တက်ကြွအောင် ဘာများပြောချင်လဲ။

ကိုထက်မြက်ဦး (Rangoon Tea House) ။   ။ ကျွန်တော်ထင်တာကတော့ ကျွန်တော်ဆိုရင် ဗမာစကားတောင် သေချာမပြောတတ်ဘူး။ စာစောင်တွေဖတ်ဖို့ဆိုရင် တစ်မျက်နှာကို နေ့တစ်ဝက်လောက်ကြာတယ်။ မြန်မာပြည်မှာ Educated  ဖြစ်တယ် မြန်မာပြည်မှာကြီးတယ်။ မြန်မာပြည်ရဲ့ Market ကို နားလည်တယ်။ အဲဒါက မြန်မာပြည်မှာ ကြီးတဲ့လူတစ်ယောက်။ ကျွန်တော်ကျတော့ မြန်မာပြည်ကို ပြန်လာတယ်။ မြန်မာစကား တောင်သေချာ မပြောတက်ဘူး။ မြန်မာလို မဖတ်တတ်ဘူး။ ကျွန်တော့်ကိုပေးတဲ့ စာချုပ်တွေဆိုရင် ဘေးနားကလူကို အသေးစိတ် ဖတ်ခိုင်းရတယ်။ တကယ် အဲဒီလိုယှဉ်လိုက်ရင် ဘယ်သူ့အားသာလဲ။ ဘယ်သူ့ပိုပြီး အားငယ်လဲဆိုတော့ အမှန်တကယ် ကျွန်တော်မြင်တာက ပြောင်းပြန်ပဲ။ နံပတ်တစ်က မိမိကိုယ်ကိုယ် ယုံကြည်မှုရှိဖို့ပဲ။ ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံခြားမှာကြီးကြီး ဗမာပြည်မှာပဲကြီးကြီး အရေးမကြီးဘူး။ ဘာဖြစ်လို့လဲဆိုရင် ကိုယ့်ရဲ့ အင်္ဂလိပ်လိုပြောရင် Desire ပေါ့။ ကိုယ့်ရဲ့ Hunger ။ ဒီလုပ်ငန်းတစ်ခုကို စမယ်ဆိုရင် ကိုယ်ရဲ့ Target ကိုရဖို့ ဘယ်လောက်ထိကို လုပ်နိုင်မလဲ။ အမှန်တကယ်ပြောမယ်ဆိုရင် သူဌေးသားတစ်ယာက်နဲ့ ဆင်းရဲသားတစ်ယောက်ကို ယူကြည့်လိုက်။ ဒီနှစ်ယောက်စလုံးက လုပ်ငန်းတစ်ခုကို စလိုက်တယ်။ ရင်းနှီးမြှုပ်နှံမှုက သူဌေးသားက ပိုပြီးတော့ ရှိမှာပေါ့။ ဒါပေမဲ့ပြဿနာ ရေလည်တက်တယ်။ ဒီလုပ်ငန်းက ရှုံးတယ်ဆိုလို့ရှိရင် သူဌေးသားက ဆက်ပြီးရုန်းမှာမဟုတ်ဘူး။ ဒီလူ (ဆင်းရဲသူ) ကပဲ ရုန်းမှာ။ အင်္ဂလိပ်လိုဆိုရင် Right to Riches ဆိုတာ အမြဲတမ်းရှိတယ်။ ဆင်းရဲသားကနေ သူဌေးဖြစ်သွားတာ။ ဘာဖြစ်လို့လဲဆိုရင် အဓိက ကိုယ်ကအလုပ်တစ်ခု လုပ်မယ်ဆိုရင် ဘယ်လောက်ထိကို Risk ယူမလဲ။ ဘယ်လောက်ထိကို Hunger နဲ့ ကိုယ့် Passion နဲ့ လုပ်နိုင်မလဲဆိုတာ ပိုအရေးကြီးတယ်။ အဲဒါကြောင့် မြန်မာပြည်ကို ကျွန်တော် လူငယ်တွေကို ကြည့်တယ်ဆိုရင်လည်း  ဘာမှ အားငယ်စရာလည်း မရှိဘူး။ အထူးသဖြင့် နိုင်ငံခြားက ကုမ္ပဏီတွေ။ ကျွန်တော်ဆိုလို့ရှိရင် ဘာဖြစ်လို့ Rangon Tea House က လေးနှစ်နေတော့ အခုထက်ထိကို ရပ်တည်နိုင်သေးလဲဆိုတာ မြန်မာလူမျိုးတွေ စထားတဲ့အတွက်။ ဒီလေးနှစ်ငါးနှစ်အတွင်းမှာ နိုင်ငံခြားကလာပြီး ဖွင့်သွားတဲ့ဆိုင်တွေ ပိတ်သွားတာအများကြီးပဲ။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာ Customer ကို နားမလည်ဘူး။ မြန်မာ Supply Change ဈေးတွေကို ဘယ်က၀ယ်ရမလဲဆိုတာ နားမလည်ဘူး။ အဲဒီတော့ ဒီလို ကုမ္ပဏီတွေက ကျွန်တော်တို့ထက် ရင်းနှီးမြုပ်နှံမှုက ၁၀ ဆ အဆ၂၀ လောက်ရှိတဲ့ ကုမ္ပဏီတွေပဲ။ ဒါပေမဲ့သူတို့တောင် ပိတ်သွားလိုက်ရတယ်။ ဘာဖြစ်လို့လည်းဆိုရင် ပိုက်ဆံဆိုတာ ပညာနဲ့လဲလှယ်လို့ မရဘူး။ ပြီးလို့ရှိရင် နောက်တစ်ခု ပညာဆိုတာ ကျွန်တော်ဆိုလို့ရှိရင် စာမေးပွဲတွေမှာဆိုရင် အမြဲတမ်း စာမေးပွဲကျတယ်။ ကျောင်းလည်း ဘယ်တော့မှ မတက်ခဲ့ဘူး။ ဒါပေမဲ့ ဘာဖြစ်လို့ ကျွန်တော် ဒီအခြေအနေအထိ ရအောင်အနည်းဆုံး တော့လုပ်နိုင်ခဲ့လဲဆိုရင် Self Educated ပိုဖြစ်တယ်။ ဟုတ်ပြီ သင်္ချာအကြောင်း ဘာမှမသိချင်ဘူး။ အင်္ဂလိပ် ဆရာသင်တဲ့ စာတွေအကြောင်းလည်း ဘာမှမသိချင်ဘူး။ ဒါပေမဲ့ စားသောက်ဆိုင် ဖွင့်ချင်တယ်ဆိုရင် ကျွန်တော် နေ့နဲ့ည ခြောက်လ တစ်နှစ် နှစ်နှစ် ရုန်းပြီးတော့ စာဖတ်မယ်။ စာအုပ်တွေဖတ်မယ်။ ရှိသူမျှလူတွေကိုမေးမယ်။ အဲဒါပိုပြီး အရေးကြီးတယ်။ Self Educated ဖြစ်တယ်။ Passion ရှိတယ်။ တကယ်ကို ၀ီရိယရှိတယ်။ ဇွဲရှိတယ်ဆိုလို့ရှိရင် ကျွန်တော်ထင်တာကတော့ ဘယ်သူမဆိုလုပ်လို့ ရတယ်။

ကိုနေအောင် (Oway)။   ။  ကျွန်တော့်အနေနဲ့ခုနက ကိုထက်မြတ်ဦး ပြောသွားသလိုပဲ။ အဓိက အရေးကြီးတာ  Passion ပေါ့။ Passion ဆိုတာ ကိုယ်ရဲ့ Hunger ပေါ့။  အဲဒါက တော်တော်အရေးကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ဘယ် Business ကို လုပ်လုပ် သူရဲ့ Basic Cycle ဆိုတာ သူဘာသာရှိနေမှာပဲ။ အဲဒီတော့ အောင်မြင်တဲ့အချိန်ရှိသလို မအောင်မြင်တဲ့အချိန်လည်း ရှိပါလိမ့်မယ် ခင်ဗျ။ အဲဒီအချိန်မှာကျလို့ရှိရင် ကျွန်တော်အနေနဲ့ ကိုယ်က ဇွဲမရှိဘူး။ Passion မရှိတော့ ဘူးဆိုရင်။ Give Up လုပ်တာ စိတ်အားလျှောက်သွားတာ ပိုလွယ်သွားတာပေါ့။ အဲဒီတော့ အရေးကြီးဆုံးပေါ့။ Enterpreneurship ဘာကိုမြင်တာလဲဆိုတော့ တစ်ခါတစ်လေကျရင် ကိုယ်ရဲ့ Idea လည်း မဟုတ်ဘူး။ Idea က ပြန်ပြီးတော့ ကော်ပီလုပ်လို့ရတယ်။ ဘာဖြစ်လာလဲဆိုတော့ ရေရှည်မှာ ကိုယ်ဘယ်လောက်အလုပ်ကြိုးစားလည်းဆိုတာ မူတည်ပါတယ်။ အဲဒါက အရေးကြီးဆုံးအချက်ထဲမှာ ကျွန်တော်တို့ပါတာပေါ့။ ပထမဦးဆုံး နှစ်နှစ် သုံးနှစ်က ဒီဟာက  တော်တော်အရေးကြီးပါတယ်ခင်ဗျ။ ဒုတိယတစ်ခုအနေနဲ့ ကျွန်တော် ပြောပြချင်တာက ဘာလဲဆိုတော့ Curiously ပေါ့။ အခုအခြေအနေဆိုရင် ပိုပြီးသင်ယူ လို့ရတာလွယ်လာတယ်ခင်ဗျ။ အရင်တုန်း ကဆိုလို့ရှိရင် ကျွန်တော်ငယ်ငယ်တုန်းက တစ်ခုခု ဖတ်ချင်တယ်ဆိုရင် ကျွန်တော်တို့ စာကြည့်တိုက်ကို သွားရတယ်။ စာအုပ်တွေ ရှာရတယ်။ လိုက်မေးရတယ်။  အခုကျတော့ Information တွေက အကုန်လုံး တော်တော်များများရှိပြီးသား။ Youtube ပေါ်မှာ ကြည့်တာဖြစ်ဖြစ်။ Communication ကောင်းလာတဲ့အခါကျတော့ ပိုပြီးတော့  Information က Accessible ပိုဖြစ်လာတယ်။ ဒီ Education ကိုယ်ဟာကိုသင်ဖို့ ပိုလွယ်လာတယ်။ အဲဒီတော့ Curiousity ရှိတာ ဖြစ်တယ်။  ကိုယ်ဘာသာ Passion ဖြစ်တယ်ဆိုလို့ရှိရင် ဒီနှစ်ခုက Integradient နှစ်ခုက အရေးကြီးတဲ့အတွက်ကြောင့် ကျွန်တော်တို့အနေနဲ့ အလုပ်တစ်ခုကို စမယ်အောင်မြင်ဖို့ ဆိုရင်တော့ ဒီဟာကို အရေးကြီးတယ်လို့ ပြောချင်ပါတယ်။

ဆက်လက်ဖော်ပြပါမည်။

 

 

July 27, 2018














Copy Protected by Chetan's WP-Copyprotect.