ပညာဝတ်ရည်နှင့် သုံးပန်လှ

ပညာဝတ်ရည်နှင့် သုံးပန်လှ
Published 21 June 2018

(၁) စာသင်ကျောင်းများဖြန်ဖွင့်၍ ထုံးစံအတိုင်း သက်ဝင်လှုပ်ရှားကြသည်ကို တွေ့ရလျှင် မမေ့သေးသည့် ကျောင်းတုန်းက အပြုအမူကလေးများကို သတိရသည်။

ကျောင်းဖွင့်ခါနီးလျှင် ကျွန်တော်သည် သုံးပြီးသား ကော်ပီစာအုပ်များမှ စာရွက်အလွတ်များကို ဖြုတ်ယူပြီး စာအုပ်ချုပ်သည်။ စာအုပ်ဆိုင်တန်းများမှ “စာအုပ်ချုပ်သည်။ အဖုံးဖုံးသည်” ဆိုသလိုမျိုး ပွတ်စူးနှင့် ဖောက်၊ ဘန်ချည်ကြိုးနှင့် အပေါက်သုံးပေါက်တွင် ကြိုးလျှိုလိုက်၊ ဆွဲယူလိုက်ပြီးလျှင် တုပ်နှောင် အစသတ်သည့် ချုပ်ပုံမဟုတ်၊ ကျွန်တော်က ဘလိတ်ဓားဖြင့် လှီးယူသည့် စာရွက်များကို အနှောင့်ဘက်တွင် အပေါက်ဖောက်၊ အပ်ချည်ကြိုးသုံးလေးပင်လိမ်ကာ အပေါက်တွေထဲ ထည့်သွင်းချုပ်ယူခြင်း ဖြစ်ပါသည်။

စိတ်ထဲက လုပ်ချင်မိရာကို လုပ်ခြင်းသာ ဖြစ်သည်။ တစ်ခါတစ်ခါ ဘလိတ်ဓားရှသည်။ ဓားကျိုးပြီး လက်ကို စူးတတ်သည်။ စာအုပ်ဟောင်း စာရွက်လွတ်တွေ့လျှင် ကျွန်တော်ကတော့ ချုပ်သည်ပင်။ အတန်းသစ်မှာ တစ်ခုခု ရေးမှတ်၍ရအောင် ဖြစ်ပါသည်။ စာရွက်များကို လှီးဖြတ်၊ ပြီးလျှင် ညီအောင်တိရဖြန်တော့ စာအုပ်ဖြစ်တော့ ငယ်သွားပါသည်။ အဖုံးကလည်း အဟောင်းမှ လတ်နေသော အဖုံးကို ပြောင်းဖြန်လှန်ဖုံးပါသည်။

ကျွန်တော်တို့တန်းမြင့်ကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းညွန့်သည် အတန်းအသီးသီးမှ ကျောင်းသားကျောင်းသူအားလုံး၏ မှတ်စုစာအုပ်၊ လေ့ကျင့်ခန်း စာအုပ်များကို တောင်းယူကြည့်ရှု စစ်ဆေးသည့်စနစ်ကို လုပ်သည်။ နှစ်တိုင်းပင်ဖြစ်သည်။ ကြည့်ရှု စစ်ဆေးပြီးလျှင် တစ်နေရာတွင် လက်မှတ်ထိုးကာ ဖြန်ပေးသည်။ လိုအပ်သလို မှတ်ချက်ရေးလွှတ်သည်။ ထိုမှတ်ချက်တို့မှာ တပည့်ရော သင်ပြသည့် ဆရာ ဆရာမတို့နှင့်ပါဆိုင်သည့် မှတ်ချက်များလည်း ဖြစ်တတ်သည်။ ဆရာမကြီးထံသို့ ပေးပို့ရသော ကျွန်တော့် စာအုပ်များတွင် ကျွန်တော် ချုပ်ပြီးသုံးသည့် စာအုပ်များလည်း ပါသွားတတ်သည်။ သို့ရာတွင် ကျွန်တော့်စာအုပ်၌ ဆရာမကြီး၏ မှတ်ချက် မပါခဲ့ဖူးပါ။

နှစ်ဟောင်း သုံးပြီးသားထဲမှ စာရွက်လွတ်ကိုပင် နှမြောတတ်သော ကျွန်တော်သည် စက္ကူဖြူဖြူ အသားချောချောအရောင်နှင့် ရုပ်ပုံများနှင့် စာရွက်တို့ကို အလွန်နှစ်သက်သည်။ ထိုစာရွက်မျိုးရလျှင် စာအုပ်အဖုံးဖုံးလေ့ရှိသည်။ ပြဋ္ဌာန်းပုံနှိပ်စာအုပ်ရော ကော်ပီစာအုပ်ကိုပါ ဖုံးတတ်သည်။ အဖုံးရုပ်ပုံ စက္ကူနည်းနည်းဟောင်း ပွန်းပဲ့လျှင် ပြောင်းဖြန်လှန်ပြီး ဖုံးခဲ့သည်။

ကိုးတန်းဖြေဆိုကြမည့်နှစ်၊ တစ်ရက်တွင် သူငယ်ချင်း ဒဂုန်က သူဝယ်လာခဲ့သော ကတ်ထူဖုံးကော်ပီစာအုပ်များကို အတန်းထဲမှာ ကျွန်တော်တို့သူငယ်ချင်းများကို ထုတ်ပြပါသည်။ ကောင်းလိုက်သည့်စာအုပ်။ အဖုံးကတ်ထူကို အရောင်နှင့် အပွင့်ယဉ်ယဉ်ဒီဇိုင်း စက္ကူကို ထပ်ကပ်ထားသည်။ အတွင်းစက္ကူ သားများမှာ ယခု ဝုဖရီးလို ဖြူဖွေးချောမွတ်သည်။ မျဉ်းလိုင်းများကလည်း ထင်နေသည်။ ထိုစဉ် ကျွန်တော်တို့ အများသုံးနိုင်သည့် ကော်ပီစာအုပ်များမှ လိုင်းများထက် အနည်းငယ် ပိုကျဲသည်။ အဖုံးကတ်ထူအတွင်းကိုလည်း စက္ကူဖြူကပ်ထားပါသည်။ တက္ကသိုလ် သမဝါယမအသင်းက ထုတ်သည့်စာအုပ်များကို သူ ဝယ်လာခြင်းဖြစ်သည်။ ဈေးကြီးပါသည်။ စာမျက်နှာ ၁၆၀ ပါ စာအုပ်။

သူငယ်ချင်း ဒဂုန်ဆိုသည်မှာ အာတပ္ပနု ဗေဒင်ပညာရှိ ဦးရာမတ်မျိုးဆက် ဗေဒင်ဆရာကြီး ဒေါက်တာဒဂုန်၊ စာရေးဆရာ မောင်ဒဂုန် ဖြစ်ပါသည်။ သူသည် လူက ဝသော်လည်း ပေါ့ပါးသွက်လက်သည်။ စကားသွက်သွက်နှင့် ရွှင်ရွှင်ပျပျနေတတ်သည်။

သူ၏ ကော်ပီစာအုပ်များကို မြင်ရသည်မှာ စာရေးချင်စရာဖြစ်၍ တစ်ယောက်တစ်လှည့် ယူကြည့်နေကြသည်။ သူ့စာအုပ်များ ဖြန်စုအပေးတွင် ကျွန်တော်သည် စာအုပ်ကို ယူထားလိုက်ပါသည်။ သူက သူ့ခန္ဓာကိုယ်ကိုလှုပ်ကာ စကားဖောနေတော့ မသိလိုက်။

နောက်ထပ် သူ့အလစ်တွင် ထိုစာအုပ်ကို ကျွန်တော်က သူငယ်ချင်း ထိန်လင်းကို ပေးလိုက်ပါသည်။

“ဟေ့ ထိန်လင်း မင်း ဒီစာအုပ်ကို ယူထားလိုက်။ ပြီးရင် အဲဒီမှာ ပုံတွေ၊ ကာတွန်းတွေ၊ ဒီဇိုင်းတွေပေါ့ မင်းဆွဲချင်ရင် လျှောက်ဆွဲကွာ။ အဲဒီမှာ တို့တစ်တွေ စာတွေလျှောက် ရေးကြမယ်ကွာ”

ထိန်လင်း ချက်ချင်း သဘောပေါက်သွားသည်။ သူ့မျက်နှာ ခပ်ပြုံးပြုံး၊ စကားသံက ရှရှထစ်ထစ်ဖြင့် “အေး အေး” ဟု ဆိုပြီး စာအုပ်ကို ယူလိုက်သည်။

ထိန်လင်းဆိုသည်မှာ ဖန်းချီ၊ ကာတွန်းသမား။ နစ်ရှည်သော ပိုင်းလော့ပက်ကား ဖောင်တိန် မင်အနက်တို့ဖြင့် အမြဲလိုရေးတတ်သဖြင့် သူ့လက်ချောင်းတို့တွင် မင်အမည်း အမြဲပေနေတတ်သည်။

“ဟေ့ ထိန်လင်း ရှေ့ဆုံးက ပြောင်စာမျက်နှာမှာ ပေါချာချာစာစောင်လို့ စာလုံးရေးကွ”

“အေး အေး ကောင်းတယ်”

ဒဂုန်နှင့် ထိန်လင်းတို့သည် ကျောင်းသွားကျောင်းဖြန် အတူတွဲကြသူ။ ဤသို့ဖြင့် ဒဂုန်၏ စာမျက်နှာ ၁၆၀ ကတ်ထူဖုံးကော်ပီ စာအုပ်သည် ကျွန်တော်ကစ၍ ကဗျာတို၊ ကဗျာရှည် ရေးသူရေး၊ စာညွှန့်ရေးသူရေး၊ ရည်စားစာမက ဝတ္ထုမကျတကျ ရေးသူကရေး၊ ရေးချင်လွန်း၍ ကျောင်းစာအကြောင်းနှင့် ကိုယ့်ဆရာ ဆရာမတို့ကို စောင်းချိတ် သရုပ်ဖော်ရေးသူရေးဖြင့် ပေါချာချာစာစောင် ဖြစ်လာတော့သည်။ စာအုပ်ပိုင်ရှင်ကိုယ်တိုင်၏ မင်လုံးကြီးကြီး လက်ရေးပြားပြားဖြင့် ရေးသော ‘ပေါချာချာ ခုနစ်ရက်သားသမီးဗေဒင်’ အခန်းလည်း ပါခဲ့ပါသည်။ သူငယ်ချင်း ဒဂုန်သည် ထိုကာလမှာပင် လုံးချင်းဝတ္ထုရေးဖူးသူ။

“ဟဲ့... နင်တို့က ပေါချာချာစာစောင် လုပ်တယ်ဆို၊ ဘယ်မှာလဲ၊ တို့လည်း ပေးဖတ်စမ်း”

တစ်ဆင့်တစ်ဆင့်ကြားတော့ သူငယ်ချင်းမများ၊ ဆရာမတို့လည်း တောင်းဖတ်ခဲ့ကြပါသည်။ ပျော်ခဲ့ကြသည်။ သြော် ကျောင်းတုန်းကလေ။

(၂) ဆယ်တန်းအောင်အပြီးမှာပင် ကျွန်တော် အလုပ်ထဲ ရောက်ရတော့ ဌာနမှာ လုပ်ကိုင်ရသော စာတမ်းစာအုပ်ကိစ္စမှန်သမျှတွင် ကျွန်တော် လုပ်ကိုင်ပေးခဲ့ရသည်။

‘ပညာဝတ်ရည်’ ဆိုသည်မှာ ကျွန်တော် အငြိမ်းစားယူသည်အထိ အလုပ်လုပ်ခဲ့သော ဌာန၏ လေးနှစ်ပြည့် အထိမ်းအမှတ်ထုတ် မဂ္ဂဇင်း၏ နာမည်ဖြစ်ပါသည်။ ထိုအမည်ကို ကျွန်တော်ကပဲ မှည့်ခဲ့ပါသည်။ ကျွန်တော် အလုပ်ဝင်ရောက်ခဲ့သော ဌာနသည် လူငယ်ရေးရာဌာနခွဲ ဖြစ်သည်။ နောင်အခါ ပညာရေး လက်တွေ့ ဖွံ့ဖြိုးမှုနှင့် ကျောင်းသားရေးရာ။ ဆက်ပြီး ပင်စင်ယူသည်အထိ တာဝန်ထမ်းရတော့ ပညာရေးဌာနတွင် အခြေခံပညာဆိုင်ရာကို ဦးစီးဌာနလေးခု တိုးချဲ့ဖွဲ့စည်းရာ ပါဝင်ခဲ့သည့် ဦးစီးဌာနအမှတ် (၁) ဖြစ်ပါသည်။ အောက်မြန်မာပြည် ပြည်နယ်နှင့် တိုင်းဒေသတို့၏ ပညာရေးလုပ်ငန်းကို ဦးစီးဆောင်ရွက်ရသည်။

လိပ်ပြာ၊ ပိတုန်းနှင့် ပျားကောင်ကလေးတို့သည် ဖန်းပွင့်များဆီမှ ချိုမွှေးသော ဝတ်ရည်ဝတ်ရက်တို့ကို စုပ်ယူသောက်သုံးကြသည့်နှယ် ကျောင်းနေကာ စာသင်ကြသူတို့သည်လည်း ပညာဝတ်ရည်ကို သိမ်မွေ့ညင်သာစွာ ကြိုးစားရှာဖွေ စုပ်ယူသောက်ကာ ဘဝအတွက် သုံးကြဖို့အနက်အဓိပ္ပာယ်ဖြင့် ဌာနမဂ္ဂဇင်းအမည်ကို မှည့်ခဲ့ခြင်းဖြစ်သည်။

မဂ္ဂဇင်းသို့ ကွယ်လွန်သူဝန်ကြီးဟောင်း ဦးသန်းအောင်က ‘သဝဏ်လွှာ’ ပေးခဲ့သည်။

ညွှန်ကြားရေးမှူးချုပ် ဆရာကြီးသည် ၁၈၆၆ ခုနှစ်၌ မြန်မာပြည်၏ ပထမဆုံးပေါ်ပေါက်ခဲ့သော ပညာရေးဌာန၏ အမွေခံဌာနအဖြစ် ခံယူကာ လုပ်ငန်းများ စိတ်ရောကိုယ်ပါ ဆောင်ရွက်ခဲ့သူ။ အစည်းအဝေးခန်းတစ်ခန်းတွင် မြန်မာများထဲမှ ပထမဆုံး ပညာမင်းကြီးဖြစ်ခဲ့သူ ဦးချိုမှစ၍ ဦးကောင်း၊ ဦးဘဘွား၊ ဒေါက်တာဦးဘ၊ ဦးဘိုးသုန်၊ ဦးဘမြင့်၊ ဦးဘိုးထို အစရှိသည့် ဆရာကြီး ၁၄ ဦးတို့၏ ပုံတူဆီဆေး ဖန်းချီတို့ကို တလေးတစား ဂုဏ်ပြု ချိတ်ဆွဲထားသည်။ မဂ္ဂဇင်းတွင်လည်း ကျွန်တော်က ထည့်သွင်းဂုဏ်ပြုခဲ့ပါသည်။

ထုံးစံအတိုင်း မဂ္ဂဇင်းက ကဏ္ဍစုံ။ စာရေးဆရာ၊ ကဗျာဆရာများ၊ ပညာရှင်များ ပါဝင်ရေးသားခဲ့ကြသည်။ စာမျက်နှာ ၃၀၈ မျက်နှာ။ ပညာဝတ်ရည်အမည်နှင့် ညီခဲ့သည်ဟု မြင်ပါသည်။ ဌာနဆိုင်ရာတို့အကျင့်အတိုင်း အချိန်ကြာခဲ့ရပြီး ပင်ဖန်းလှပါသည်။

“ထန်းပင်တက်လက်မှတ်” က ရခဲ့တော့ နောက်မဂ္ဂဇင်းတစ်အုပ် လုပ်ပေးခဲ့ရသည်မှာ “သုံးဖန်လှ” ဖြစ်ပါသည်။

ရန်ကုန်ပညာရေးတက္ကသိုလ် ကျောင်းသားကျောင်းသူဟောင်းများက မြတ်ဆရာ ပူဇော်ပွဲကို သိုက်မြိုက်စွာ ကျင်းပလာနိုင်ခဲ့သည်မှာ နှစ်ထောင်းအားရစရာ ဖြစ်ခဲ့ကြရပြီး ၁၀ မြောက် အထိမ်းအမှတ်တွင် မဂ္ဂဇင်းတစ်အုပ်ဖြင့် မှတ်တမ်းတင်လိုကြသဖြင့် ကျွန်တော့်ကို အကူအညီ တောင်းလာခဲ့ကြသည်။ ပထမနှစ်ခေါက်လောက် အကူအညီ လာတောင်းသည်ကို ကျွန်တော် ငြင်းခဲ့ပါသည်။ နောက်အခေါက်များကျသောအခါ ရင်းနှီးခင်မင်စွာ အကူအညီတောင်းသူ ဆရာမကြီးကို ကျွန်တော်အလွန်အားနာသွားပါသည်။ သူကား ဗုဒ္ဓဘာသာပင်မဟုတ်။ သို့သော် သူက ဆရာကန်တော့ပွဲမှာ တက်ကြွစွာ အားတက်သရော ရှိလှသည်။ ဤသို့ဖြင့် ကျွန်တော် ကူညီဖြစ်ခဲ့သည်။

“သုံးဖန်လှ” အမည်ကို ကျွန်တော်ကပဲ နှစ်ခြိုက်စွာ ရွေးပေးမိသည်။ မြန်မာအဘိဓာန်တွင် ဖွင့်ပေးသည့်အနက်မှာ ပွင့်ချပ်ပေါင်းများစွာရှိသော အရောင်းသုံးမျိုးပြောင်းသော ဖန်းဟူ၍ဖြစ်သည်။

တပည့်တို့သည် ဆရာတို့ထံတွင် ကမ ချသင်ပုန်းကြီးမှစ၍ သင်ယူ၊ ဆရာတို့က သင်ပြခြင်းအလှတစ်ခု။

တပည့်တို့သည် ကိုယ်တိုင်ဆရာဖြစ် လာရသောအခါ ကိုယ့်တပည့်များကို တန သေချာအောင် သင်ပြလေ့ကျင့်ပေးခြင်းသည် အလှတစ်ခု။

ဆရာ့ကျေးဇူးတရားကို သိမှတ်၍ ဒါနမှုနှင့် ဂါရဝပြုပူဇော်ခြင်း၊ ပူဇော်မှုခံယူခြင်းသည်လည်း အလှတစ်ခု။ ထို့ကြောင့် အရောင်သုံးရောင်ဖြင့် အလှဖြာသောသုံးဖန်လှဖန်းကို နိမိတ်ပုံယူကာ မဂ္ဂဇင်းအမည်ပေးခဲ့ခြင်း ဖြစ်ပါသည်။

ကိုယ့်ငါးချဉ်ကိုယ်ချဉ် ထိုမဂ္ဂဇင်းသည်လည်း သုံးဖန်လှအမည်နှင့် ညီခဲ့ပါသည်။ မျက်နှာဖုံးဖန်းချီကို ထိုတက္ကသိုလ်ကျောင်းဆင်း ဖန်းချီဦးကျော်သောင်းက ဆွဲပေးခဲ့ပါသည်။ မဂ္ဂဇင်းနှစ်အုပ်စလုံး အတွင်းအပြင်အဆင်ကို ဒီဇိုင်းကိုဇော်ကြီးခေါ် ချစ်ကြည်က ထိုင်ပေးခဲ့ပါသည်။ နှစ်အုပ်စလုံးကို ရာပြည့်စာအုပ်တိုက် ဦးစိုးညွန့်က ပုံနှိပ်ပေးခဲ့ပါသည်။

“ပညာဝတ်ရည်” မှာ ၂၀၀၅ တွင် ထွက်နိုင်ခဲ့ပြီး (၄)နှစ်ပြည့် အထိမ်းအမှတ်မှာ (၆) နှစ်ဖြစ်ခဲ့သည်။ “သုံးဖန်လှ” ကမူ ပညာဝတ်ရည်နှင့် အမောပင်မပြေသေးချိန် ၂၀၀၆ တွင် ထွက်ခဲ့ပါသည်။ သုံးဖန်လှမဂ္ဂဇင်း ထုတ်လိုသူများက နှစ်စဉ်ဆရာကန်တော့ပွဲ ကျင်းပမြဲ ဇန်နဝါရီအမီဆိုကာ မဂ္ဂဇင်းလုပ်ရန် အချိန်ရတော့ နှစ်လသာရရှိခဲ့တော့ အလွန်ကြိုးစားခဲ့ရကာ အလွန်ပင်ဖန်းခဲ့ပါသည်။ ပင်ဖန်းခဲ့သော်လည်း မိမိကို တလေးတစား အကူအညီတောင်း၊ ကိုယ်ကလည်း ဝါသနာ စေတနာအရ အချိန်လုလုပ်ပေးခဲ့တာ ပြီးမြောက်ရတော့ ပီတိဖြင့် မှတ်တမ်းတင်ရသည်သာ။

(၃) အခုနှယ် ကျောင်းတွေပြန်ဖွင့်၍ သက်ဝင်လှုပ်ရှား သင်ကြားသင်ယူမှုတွေဖြင့် စည်ကားခဲ့ပြန်ပြီဆိုတော့ တပည့်အပေါင်းတို့သည် ပညာဝတ်ရည်ကို စုပ်ယူသိုမှီးကြလော့။ ဆရာအပေါင်းတို့သည်လည်း “သုံးဖန်အလှ” ကို ဆင်မြန်းကြပါလော့ဟု ရည်ညွှန်းပါသည်။

Most Read

Most Recent