တရားမျှတလွတ်လပ်ခြင်းနဲ့မသွေ (၂)

တရားမျှတလွတ်လပ်ခြင်းနဲ့မသွေ (၂)
Published 12 April 2018

ဘားကောင်စီ ...ဘာလဲ ဘယ်လဲ

၁၉၈၈ ခုနှစ်တွင် ဒီမိုကရေစီအရေးတော်ပုံကြီးကို သွေးချောင်းစီးနှိမ်နင်းသတ်ဖြတ် တက်ရောက်လာသည့် စစ်အစိုးရက နဝတဟု အမည်တပ်၏။ ပြည်သူကို ငြိမ်ဝပ်ပိပြား သွားအောင်လုပ်မည်ဟု ကြွေးကြော်သံနှင့် တက်လာသဖြင့် လူထုက 'ငြိမ်ပိ' အစိုးရဟု အမည်တွင်စေသည်။

အဆိုပါ ၁၉၈၈-၁၉၈၉ ကာလတွင် ဆိုရိုးတစ်ခု ပေါ်ပေါက်လာသည်။ ငြိမ်ပိအစိုးရက လမ်းတွေပြင်၊ တံတားတွေဆောက် မည်းမည်းမြင်ရာ ထုံးသုတ်သည်။ လူထုက 'ကလိမ်စေ့ငြမ်းဆင်ပြီး ငြိမ်ပိနန်းတင်တော့ အချိန်မရှိ လမ်းပြင်တော့တာပေါ့' ဟူ သတတ်။

ထိုသို့ တစ်ဖက်က နိုင်ငံတော်ကြီး တည်ဆောက်နေပါသည်ဆိုသည့်အချိန်တွင် ဘားကောင်စီက သူ့အလုပ်သူလုပ်သည်။ ရှေ့နေများကို ဖြုတ်၊ ထုတ်၊ သတ်လုပ်သည်။ ရှစ်လေးလုံး အရေးတော်ပုံကြီးတွင် တက်ကြွစွာ ပါဝင်ခဲ့သည့် ရှေ့နေများထောင်ချ လိုင်စင် သိမ်းခံရသည်။

ငြိမ်ဝပ်ပိပြားရေးဟူသည့်ခေါင်းစဉ်အောက်တွင် 'ဥပဒေမှာ အေပဒုသာ' ဖြစ်ရ ချေတော့သည်။ ထို့ပြင် ဘားကောင်စီသည် ဗြောင်ကျကျပင် ဥပဒေချိုးဖောက်တော့သည်။

 

ဘားကောင်စီဥပဒေပုဒ်မ (၁၀)

THE BAR COUNCILAC(Misconduct) SECTION(10)

(1) The High Court may, in the manner hereinafter provided,reprimand , suspend or remove from practice any advocate of the High Court whom it finds guilty of professional or other misconduct

ယင်းဥပဒေအရ တရားလွှတ်တော်ရှေ့နေတစ်ဦးကို အသက်မွေးဝမ်းကျောင်းဆိုင်ရာ မတော်မလျော်ပြုမှု Professional Misconduct ဖြင့်ဖြစ်စေ အခြားအကျင့်သိက္ခာ ဖောက်ပြားမှုအတွက်ဖြစ်စေ လိုင်စင်ထာဝစဉ် ရုပ်သိမ်းနိုင်သည်။ ဆိုင်းငံ့နိုင်သည်။

(2) Upon receipt of a complaint made to it by any Court or by the Bar Council or by any other person that any such advocate has been guilty of misconduct, the High Court Shall , if it does not summarily reject the complaint , refer the case for inquiry either to the Bar Council or, after consulattion with the Bar Council, to the Court of a District Judge(hereinafter referred to as a District Court), and may of its own motion fo refer any case in which it has otherwise reason to believe that any such advocate has been so guilty.

တရားရုံး တစ်စုံတစ်ရာကဖြစ်စေ၊ ဘားကောင်စီကဖြစ်စေ၊ တစ်ဦးတစ်ယောက်က ဖြစ်စေ တိုင်ကြားသည့် တိုင်စာရရှိသည့်အခါ တိုင်စာကို အကျဉ်းနည်းပလပ်ခြင်းမပြုပါက စုံစမ်းစစ်ဆေးရန် ဘားကောင်စီသို့ ဟိုက်ကုတ်က လွှဲအပ်နိုင်သည်။ သို့မဟုတ် ဘား ကောင်စီနှင့် တိုင်ပင်၍ ခရိုင်တရားသူကြီးတစ်ဦးထံ လွှဲအပ်နိုင်သည်။

(သို့ရာတွင် ထိုသို့အရေးယူနိုင်ရန်အတွက် ၁၉၂၉ ဘားကောင်စီဥပဒေတွင် အခိုင်အမာနည်းလမ်းပြဋ္ဌာန်းထားသည်။ Amending the Bar Council Act 1989  တွင်လည်း ထိုပုဒ်မများကို ဖြုတ်မပစ်သဖြင့် အတည်ဖြစ် နေသည်။ ယနေ့တိုင် အတည်ဖြစ်နေသည်။)

 

ဘားကောင်စီဥပဒေပုဒ်မ (၁၂)

12(1) (The High court shall make rules to prescribe to prescribe the produre to be followed by tribunals and by district Counts, respectively, in the conduct of inquiries referred under section 10)

ဟိုက်ကုတ်သည် စုံစမ်းစစ်ဆေးမည့်အဖွဲ့လိုက်နာရန် စည်းကမ်းနည်းလမ်းများ ချမှတ်ပေးရမည်။ ခရိုင်တရားရုံးကလည်း လိုက်နာရမည်။ ယင်းစည်းကမ်းနည်းလမ်းများကို ဤဥပဒေပုဒ်မ (၁၀) အရ စုံစမ်းစစ်ဆေးမှုတွင် အသုံးပြုရမည်။ (ပုဒ်မ -၁၁ အရ တရားရုံးချုပ်က ဘားကောင်စီသို့ တိုင်ကြားမှုကို စုံစမ်းရန်လွှဲအပ်နိုင်သည်။ စုံစမ်းရေးအဖွဲ့ကို အနည်းဆုံး သုံးဦး အများဆုံး ငါးဦးပါဝင်ပြီး တရားသူကြီးချုပ် ခန့်အပ်မှုအရ ဖွဲ့စည်းရမည့်အပြင် တစ်ဦးကို သဘာပတိအဖြစ် ခန့် အပ်ရမည်။)

 

12(2) (The finding of a Tribunal on and inquiry referred to the Bar Council under section 10 shall be forwarded to the High Court through the Bar Council and the finding of a District Court on such an inquiry shall Be forwarded direct and the finding of ad District Court on such an inquiry shall be forwarded direct to the High Court which shall cause a copy there of the Bar Council.)

ပုဒ်မ (၁၀) အရ စုံစမ်းစစ်ဆေးမှုကို ဘားကောင်စီက ပြုလုပ်ပါက စုံစမ်းစစ်ဆေး တွေ့ရှိချက်များကို ဘားကောင်စီမှတစ်ဆင့် တရားလွှတ်တော်ချုပ်သို့ တိုက်ရိုက်တင်သွင်း ရပါမည်။ ခရိုင်တရားရုံးက စုံစမ်းစစ်ဆေးပါ က တွေ့ရှိချက်ကို တရားလွှတ်တော်ချုပ်သို့ တိုက်ရိုက်တင်သွင်းပြီး မိတ္တူကို ဘားကောင် စီသို့ ပေးရမည်။

 

12(3) (on receipt of the finding, the High Court shall fix a date for the hearing of the case and shall cause notice of the day so fixed to be given to the advocate concerned and to the Bar Council an to the (Attomey General), an opportiunity of being heard before orders are passed in the case.)

တွေ့ရှိချက်အစီရင်ခံစာ ရရှိသည့်အခါ ဟိုက်ကုတ်သည် ကြားနာရန်ရက်သတ်မှတ်ရမည်။ ထိုကြားနာမည့်ရက်ကို စွပ်စွဲခံရသူ တရားလွှတ်တော်ရှေ့နေ၊ ဘားကောင်စီနှင့် ရှေ့နေချုပ်ရုံးသို့ အကြောင်းကြားစာပေးပို့ ရမည်။ အမိန့်မချမှတ်မီ စွပ်စွဲခံရသူ တရား လွှတ်တော်ရှေ့နေ၊ ဘားကောင်စီနှင့် ရှေ့နေ ချုပ်ရုံးတို့ မလွဲမသွေကြားနာရမည်။ (ခုခံချေပခွင့်ပေးခြင်းဖြစ်သည်။)

 

ကောင်းမြတ်သည့်အစဉ်အလာ

၁၉၈၅ ခုနှစ် မြန်မာနိုင်ငံတော်တရားစီရင်ထုံး စာမျက်နှာ ၈၁ တရားလွှတ်တော် ရှေ့နေတစ်ဦးကိစ္စတွင် အဆိုပါလုပ်ထုံးနည်း လမ်းအတိုင်း ထုံးဖွဲ့ဆောင်ရွက်ထားသည်။

ထိုစဉ်က ဗဟိုတရားရုံးရှေ့နေ ဦးတင်ရီကို ဘားကောင်စီအက်ဥပဒေပုဒ်မ (၁၀) အရ အရေးယူပေးပါရန် ဘားကောင်စီ (ဗဟိုတ ရားရုံးရှေ့နေများကောင်စီ) က ဗဟိုတရားရုံးသို့ တရားမ အထွေထွေလျှောက်ထားမှုဖွင့် လှစ်သည်။

အဆိုပါလျှောက်လွှာကို ဗဟိုတရားရုံး က ဦးသန့်စင် (ဥက္ကဋ္ဌ)၊ ဦးတင်အောင်နှင့် ဦး ထွန်းရှိန်တို့အဖွဲ့ဝင်များအဖြစ် ပါဝင်သော တရားစီရင်ရေးအဖွဲ့ဖြင့် ၁၉၈၅ ခုနှစ် တရားမထွေထွေလျှောက်လွှာအမှတ် (၂၉) အဖြစ် ကြားနာသည်။

ကြားနာသည်ဆိုရာ၌ တိုင်လျှောက်သူဘားကောင်စီ၊ ရှေ့နေချုပ်ရုံး (ရုံးသဟာယ) နှင့် စွပ်စွဲခံရသူ ဗဟိုတရားရုံးရှေ့နေတို့ကို ကျယ်ကျယ်ပြန့်ပြန့်ကြားနာခြင်းဖြစ်သည်။ စွပ်စွဲခံရသူရှေ့နေကို ခုခံချေပခွင့် (Right to Defend) အပြည့်အဝပေးသည်။ ပြီးမှ ပြည့် ပြည့်စုံစုံသုံးသပ် အမိန့်ချမှတ်ခြင်းဖြစ်သည်။

အဆိုပါအမှုတွင် တိုင်ကြားချက်နှင့် ပတ်သက်၍ ပြည်သူ့တရားသူကြီးအဖွဲ့က ဗဟိုတရားရုံးရှေ့နေများကောင်စီ ဥပဒေပုဒ်မ -၁၁ (၂) အရ ဗဟိုတရားရုံးရှေ့နေများ ကောင်စီအဖွဲ့ဝင် သုံးဦးပါဝင်သော ခုံအဖွဲ့ကို ဖွဲ့စည်းလျက် နည်းလမ်းတကျစုံစမ်းစစ် ဆေး အစီရင်ခံစေခဲ့သည်။ ဗဟိုတရားရုံးရှေ့နေများကောင်စီ ခုံရုံး၏အစီရင်ခံစာနှင့်ပတ်သက်၍ ဗဟိုတရားစီရင်ရေးအဖွဲ့သို့ တင်ပြ ဆောင်ရွက်ရန် ပြည်သူ့တရားသူကြီးအဖွဲ့၏ (၃/၉၄) အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့သဖြင့် ဤအမှုကို ဖွင့်လှစ်အရေးယူခဲ့ခြင်းဖြစ်သည်။

ဤပုဒ်မ (၁၁) (၁၂) ပါ ပြဋ္ဌာန်းချက်များသည် အင်္ဂလိပ်ဘာသာတွင် (Shall)ဟု ပြ ဋ္ဌာန်းထားသည့်အတွက် မလွဲမသွေလိုက်နာရမည့် ပြဋ္ဌာန်းချက်များဖြစ်သည်။

သို့ရာတွင် ဤပြဋ္ဌာန်းချက်များကို အာဏာရှင်တို့၏ လက်ပါးစေတို့က မလိုက်နာပါ။

 

နိုင်ငံရေးသိပ္ပံဗေဒ၊ ဥပဒေ၏ တရားကိုယ်သဘော

နိုင်ငံရေးသိပ္ပံအရ ဥပဒေဟူသည် အာဏာရလူတန်းစားက သူ့အကျိုးစီးပွားကာ ကွယ်ရန်ပြဋ္ဌာန်းခြင်းဖြစ်ပြီး သူ့အကျိုးစီးပွား ဆန့်ကျင်သူများကို ဖိနှိပ်ရန်ဖြစ်သည်။ ထို့ ကြောင့် ဒုတိယစစ်အာဏာရှင်ခေတ်တွင် ဖွဲ့ စည်းတည်ထောင်ခဲ့သည့် တရားရေးအဆောက်အအုံ (Judicial Institution) များ သည်လည်း စစ်အာဏာရှင်များကို ကာကွယ်ကာ ရန်တကာကို ရှင်းလင်းရမည်သာဖြစ် သည်။

သို့ဖြင့် ဘားကောင်စီနှင့် တရားရုံး ချုပ်တို့က ဒီမိုကရေစီလိုလားသူရှေ့နေများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်ရှေ့နေ များ၊ လွှတ်တော်ကိုယ်စားလှယ်ရှေ့နေများ ကို ၎င်းင်းတို့ပြင်ဆင်ခဲ့သည့် ဘားကောင်စီ ဥပဒေပါ ပြဋ္ဌာန်းချက်များကိုဘေးချိတ်၍ ဗြောင် ကျကျ ဖိနှိပ်၊ ခုခံချေပခွင့်မပေးဘဲ ရာနှင့်ချီ လိုင်စင်ရုတ်သိမ်းခဲ့သည်။

 

ဥပဒေရေတိမ်နစ်သောနေ့များ

ကျွန်တော့်ကို မန္တလေးတိုင်း စစ်ခုံရုံးအ မှတ် (၄) က (၅-၂-၁၉၉၀) တွင် ၁၉၅၀ ပြည့်နှစ်အရေးပေါ်စီမံမှု အက်ဥပဒေပုဒ်မ ၅ (ည) အရ အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁၄ နှစ်ချသည်။ အကျဉ်းနည်းဖြင့် စစ်ဆေးပြီး ခုခံချေပခွင့်မရှိ။ ကျွန်တော့်အပေါ် စွပ်စွဲချက်မှာ တပ်မတော်ပြိုကွဲရန် ကြံစည်မှုဖြစ်သည်။ ၅ (ည) မှာ အမြင့်ဆုံးထောင် ခုနစ်နှစ်သာ သတ်မှတ်ထားရာ ပြစ်ဒဏ်နှစ်ဆ မတရားချမှတ်ခြင်း ဖြစ်သည်။ ချုပ်ရက် နှစ်လကို ခွင့်မပြု။

ထောင်ရောက်သောနေ့မှ ပြန်လွတ် မြောက်သည့်နေ့အထိ တိုက်ပိတ်ထားသည်။ (၂-၂-၂၀၁၁) တွင် မန္တလေးအိုးဘိုထောင်က ပြန်လွတ်။ ၃-၂-၂၀၀၁ နေ့ ရှေ့နေဆိုင်းဘုတ်အဟောင်းလေး ပြန်ချိတ်သည်။ စစ် ထောက်လှမ်းရေးရောက်လာပြီး နိုင်ငံရေး မလုပ်တော့ပါကြောင်း အသနားခံစာ တင်ရမည်ဟု ဆိုသည်။ ကျွန်တော်တို့ရှေ့နေအားလုံးလောက်နီးနီး ငြင်းလိုက်ကြသည်။

ကျွန်တော့်ကို (၂၆-၉-၂၀၀၁) ရက်စွဲပါ တရားရုံးချုပ်၏အမိန့် (၉၁/၂၀၀၁) ဖြင့် ဘားကောင်စီ အက်ဥပဒေ ပုဒ်မ-၁၂ ပါ ခုခံ ချေပခွင့်လုံးဝမပေး။ အသက်မွေးမှုဆိုင်ရာ မတော်မလျော် ပြုမူမှုမရှိဘဲ စာတစ်ရွက်ဖြင့် ဥပဒေမဲ့ လိုင်စင် ရုပ်သိမ်းခဲ့ကြပါတော့သည်။

Most Read

Most Recent